OPPO က Dimensity 9300 ပါတဲ့ Find X7 ကို ကြေညာလိုက်ပြီး 6.82” LTPO OLED FHD+ မျက်နှာပြင် တပ်ဆင်ထားကာ 4,500 Nits Brightness အထိ ထောက်ပံ့ထားပါတယ်။

Oppo Find X7 comes with Dimensity 9300, only one telephoto camera

Dimensity 9300 မှာ Cortex-X4 Core ၄ လုံးနဲ့ Cortex-A720 Core ၄ လုံး တပ်ဆင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။

Oppo Find X7 comes with Dimensity 9300, only one telephoto camera

Find X7 ရဲ့ ပင်မ ကင်မရာက 50MP Sony LYT-808 Sensor ဖြစ်ပြီး OnePlus 12 နဲ့ realme GT5 Pro တို့မှာလည်း သုံးထားပါတယ်။ Find X7 ရဲ့ နောက် ကင်မရာ ၂ လုံးက 50MP Ultrawide နဲ့ 64MP Telephoto တို့ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး OPPO ဟာ Find X3 Series ကတည်းက စွမ်းရည်မြင့် ဖုန်း အားလုံးမှာ အဲဒီကင်မရာကို သုံးထားပါတယ်။

Oppo Find X7 comes with Dimensity 9300, only one telephoto camera

Find X7 မှာ 100W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 14 အခြေပြု ColorOS မောင်းနှင်ထားပါတယ်။ Ocean Blue, Purple , Sepia Brown နဲ့ Tailored Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

OPPO Find X7 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၂ ရက်နေ့ ရောင်းမှာပါ။ 12/256GB ကို ၅၆၀ ဒေါ်လာ၊ 16/256GB ကို ၆၀၀ ဒေါ်လာ၊ 16/512GB ကို ၆၄၀ ဒေါ်လာနဲ့ 16GB/1TB Version ကို ၇၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref: gsmarena