မကြာခင်က OPPO Find X7 Pro ရဲ့ ဓါတ်ပုံ ပေါက်ကြားလာခဲ့ပြီး Periscope Telephoto ကင်မရာ ၂ လုံး ပါလာပါတယ်။ အခုတော့ Find X7 ရဲ့ ဓါတ်ပုံ ၁ ပုံ X (Twitter) မှာ ထွက်ပေါ်လာပါတယ်။

ဓါတ်ပုံမှာ Find X7 ရဲ့ အစိမ်းရောင်ကို မြင်ရပြီး ကြီးမားတဲ့ စက်ဝိုင်းပုံ  ကင်မရာ Island ပါလာပါတယ်။ ကင်မရာတွေကို T ပုံသဏ္ဍာန် နေရာချထားပြီး Hasselblad Logo ပါပါတယ်။

အရင်သတင်းတွေအရ 50MP Sony LYT-808 Main , 50MP Ulrawide နဲ့ 64MP OmniVision OV64B Periscope Telephoto ကင်မရာတွေ တပ်ဆင်ထားမှာပါ။

OPPO Find X7 with Dimensity 9300 blasts past Snapdragon 8 Gen 3 on AnTuTu - NotebookCheck.net News

ကင်မရာ Module ရဲ့ ဘယ်ဘက်အထက်မှာ LED Light ၁ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ မျက်နှာပြင်ကွေး ပါလာပြီး အလယ်မှာ Punch Hole Cutout တပ်ဆင်ထားပါတယ်။

ပေါက်ကြားသတင်းတွေအရ Find X7 မှာ MediaTek Dimensity 9300 Processor မောင်းနှင်ထားမှာပါ။ TSMC ရဲ့ 4nm Process နဲ့ တည်ဆောက်ထားပြီး 3.25Hz Cortex-X4 Core ၁ လုံး၊ 2.85GHz Cortex-X4 Core ၃ လုံးနဲ့ 2.0GHz Cortex-A720 Core ၄ လုံး ပါပါတယ်။

120Hz Refresh Rate ၊ 16GB LPDDR5x RAM နဲ့ 1TB UFS 4.0 Storage အထိ ပါလာမှာပါ။ အားသွင်းနှုန်းက 100W ဖြစ်ပြီး 5,000mAh Battery ထည့်သွင်းထားမှာပါ။

OPPO က Find X7 Series အကြောင်း ဘာမှ မပြောသေးပေမယ့် Find X7, X7 Pro နဲ့ X7 Ultra မော်ဒယ် ၃ မျိုး ပါလာနိုင်ပါတယ်။ OPPO က ကြေညာမယ့်နေ့ကို မပြောသေးပေမယ့် သတင်းတွေ မကြာခဏထွက်နေတဲ့အတွက် ကြေညာဖို့ နီးနေပါပြီ။

Ref : gizmochina