OPPO က တရုတ်မှာ စွမ်းရည်မြင့် Find X8 နဲ့ Find X8 Pro ကို ကြေညာလိုက်ပါတယ်။ Find X8 မှာ 6.59” 1.5K 2760x1256p 1Hz-120Hz LTPO OLED Flat Display တပ်ဆင်ထားပါတယ်။ Find X8 Pro မှာ ပိုကြီးတဲ့ 6.78” 2780x1264p 1.5K LTPO OLED Curved Display တပ်ဆင်ထားပြီး 1Hz-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Oppo Find X8 Series

အဲဒီဖုန်း ၂ လုံးမှာ MediaTek Dimensity 9400 SoC မောင်းနှင်ထားပြီး 16GB LPDDR5X RAM နဲ့ UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ Android 15 အခြေပြု ColorOS 15 မောင်းနှင်ထားပြီး AI Feature များစွာ ထည့်သွင်းထားပါတယ်။

Oppo Find X8

Find X8 မှာ 50MP , 50MP Ultrawide , 50MP 3x Periscope Telephoto ကင်မရာ ၃ လုံးတပ်ဆင်ထားပါတယ်။ Find X8 Pro မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး  50MP 6x Periscope အပို ၁ လုံး ပါပါတယ်။

Find X8 မှာ 5,630mAh Battery နဲ့ Find X8 Pro မှာ 5,910mAh Battery တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 80W SuperVOOC Fast Charging, 50W Wireless Charging , 10W Reverse Wireless Charging ထောက်ပံ့ထားပါတယ်။

Find X8 အတွက် Starfield Black, Floating Light White, Chasing Wind Blue နဲ့ Bubble Pink အရောင်ထုတ်လုပ်ထားပြီး 12/256GB ကို ၅၈၉ ဒေါ်လာနဲ့ 16/512GB ကို ၇၀၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Find X8 Pro အတွက် Hoshino Black, Cloud White နဲ့ Sky Blue အရောင် ထုတ်လုပ်ထားပြီး 12/256GB ကို ၇၄၄ ဒေါ်လာနဲ့ 16GB/1TB Satellite Edition ကို ၉၈၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina