[Zawgyi]

ဂိမ္းကစားရာမွာ ပိုမိုေကာင္းမြန္တဲ့ အေတြ႕အႀကဳံကို ရရွိေစမယ့္ “Game Color Plus” နဲ႔ “Dual Wi-Fi” ကို ရွန္ဟိုင္းမွာက်င္းပတဲ့ Chinajoy gaming expo မွာ OPPO က မိတ္ဆက္ေပးခဲ့ပါတယ္။

OPPO ဟာ လက္ေတြ႕ဆန္တဲ့ ပုံရိပ္ေတြကို ေပးစြမ္းမယ့္ Game Color Plus နဲ႔ အင္တာနက္အသုံးျပဳရာမွာ ပိုမိုျမန္ဆန္ေစမယ့္ Dual Wi-Fi Technology ကို ၾသဂုတ္လ (၂)ရက္ေန႔က ရွန္ဟိုင္းမွာ က်င္းပခဲ့တဲ့ Chinajoy expo မွာ မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီနည္းပညာႏွစ္ခုဟာ ဂိမ္းကစားသူေတြရဲ႕ ဂိမ္းကစားမႈအေတြ႕အႀကဳံမ်ားကို ေကာင္းမြန္ေအာင္ျပဳလုပ္ေပးၿပီး ဂိမ္းပုံရိပ္အရည္အေသြး၊ အျမန္ႏႈန္းေတြလည္းပိုမိုေကာင္းမြန္လာေအာင္ စြမ္းေဆာင္ေပးမွာ ျဖစ္ပါတယ္။

Game Color Plus ဟာ OPPO နဲ႔ Qualcomm တို႔ပူးေပါင္းျခင္းရဲ႕ ရလဒ္တစ္ခုျဖစ္ၿပီး မိုဘိုင္းဂိမ္းကစားရာမွာ အရင္ကထက္ ပုံရိပ္အရည္အေသြးပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ Qualcomm ကထုတ္လုပ္ထားတဲ့ Snapdragon Elite Gaming နဲ႔ ကိုယ္ပိုင္နည္းပညာေတြ ပံ့ပိုးေပးထားတာေၾကာင့္ Game Color Plus က ဂိမ္းအသြင္အျပင္အရည္အေသြးမ်ားကို အေသးစိတ္ေကာင္းမြန္လာမယ့္အျပင္ ဂိမ္းထဲမွာရွိတဲ့ အေရာင္အေသြးမ်ားနဲ႔ စိုေတာက္ေနတဲ့ ဂိမ္းျမင္ကြင္းေတြကို ခံစားရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Game Color Plus ဟာ ပါဝါစားသက္သာေစ႐ုံသာမက ပိုေကာင္းေသာ ျမင္ကြင္းအရည္အေသြးမ်ားနဲ႔အတူ ဘက္ထရီသက္တမ္းကိုလည္း ၾကာရွည္ခံေစတဲ့အတြက္ေၾကာင့္ ဂိမ္းကစားသူမ်ားက အရည္အေသြးျမင့္မားတဲ့ ဂိမ္းမ်ားကို ကစားရာမွာ ဂိမ္းကစားမႈ အေတြ႕အႀကဳံသစ္ကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ထပ္မိတ္ဆက္ေပးခဲ့တဲ့ Dual Wi-Fi Technology ကေတာ့ Wi-Fi ကြန္ရက္ႏွစ္ခုကို တစ္ၿပိဳင္တည္း ခ်ိတ္ဆက္ေပးျခင္းျဖင့္ ဂိမ္းေဆာ့ရာမွာ လိုင္းအတက္အက်ပိုၿငိမ္မယ့္အျပင္ ကြန္ရက္ႏွစ္ခု ခ်ိတ္ဆက္ထားတဲ့အတြက္ေၾကာင့္ Download speed လည္း ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။ ဒီလိုနည္းပညာအသစ္ အဆန္းေတြကို မိတ္ဆက္ေပးခဲ့တဲ့ အတြက္ေၾကာင့္ ေနာင္ထြက္လာမယ့္ OPPO စမတ္ဖုန္းမ်ားတြင္ စိတ္လႈပ္ရွားဖြယ္ရာ စမတ္ဖုန္းမ်ားကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

[Unicode]

နည်းပညာအသစ်နှစ်ခုဖြစ်တဲ့ Game Color Plus နဲ့ Dual Wi-Fi တို့ကို မိတ်ဆက်ပေးခဲ့တဲ့ OPPO

ဂိမ်းကစားရာမှာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိစေမယ့် “Game Color Plus” နဲ့ “Dual Wi-Fi” ကို ရှန်ဟိုင်းမှာကျင်းပတဲ့ Chinajoy gaming expo မှာ OPPO က မိတ်ဆက်ပေးခဲ့ပါတယ်။

OPPO ဟာ လက်တွေ့ဆန်တဲ့ ပုံရိပ်တွေကို ပေးစွမ်းမယ့် Game Color Plus နဲ့ အင်တာနက်အသုံးပြုရာမှာ ပိုမိုမြန်ဆန်စေမယ့် Dual Wi-Fi Technology ကို သြဂုတ်လ (၂)ရက်နေ့က ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ Chinajoy expo မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနည်းပညာနှစ်ခုဟာ ဂိမ်းကစားသူတွေရဲ့ ဂိမ်းကစားမှုအတွေ့အကြုံများကို ကောင်းမွန်အောင်ပြုလုပ်ပေးပြီး ဂိမ်းပုံရိပ်အရည်အသွေး၊ အမြန်နှုန်းတွေလည်းပိုမိုကောင်းမွန်လာအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။

Game Color Plus ဟာ OPPO နဲ့ Qualcomm တို့ပူးပေါင်းခြင်းရဲ့ ရလဒ်တစ်ခုဖြစ်ပြီး မိုဘိုင်းဂိမ်းကစားရာမှာ အရင်ကထက် ပုံရိပ်အရည်အသွေးပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Qualcomm ကထုတ်လုပ်ထားတဲ့ Snapdragon Elite Gaming နဲ့ ကိုယ်ပိုင်နည်းပညာတွေ ပံ့ပိုးပေးထားတာကြောင့် Game Color Plus က ဂိမ်းအသွင်အပြင်အရည်အသွေးများကို အသေးစိတ်ကောင်းမွန်လာမယ့်အပြင် ဂိမ်းထဲမှာရှိတဲ့ အရောင်အသွေးများနဲ့ စိုတောက်နေတဲ့ ဂိမ်းမြင်ကွင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Game Color Plus ဟာ ပါဝါစားသက်သာစေရုံသာမက ပိုကောင်းသော မြင်ကွင်းအရည်အသွေးများနဲ့အတူ ဘက်ထရီသက်တမ်းကိုလည်း ကြာရှည်ခံစေတဲ့အတွက်ကြောင့် ဂိမ်းကစားသူများက အရည်အသွေးမြင့်မားတဲ့ ဂိမ်းများကို ကစားရာမှာ ဂိမ်းကစားမှု အတွေ့အကြုံသစ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်မိတ်ဆက်ပေးခဲ့တဲ့ Dual Wi-Fi Technology ကတော့ Wi-Fi ကွန်ရက်နှစ်ခုကို တစ်ပြိုင်တည်း ချိတ်ဆက်ပေးခြင်းဖြင့် ဂိမ်းဆော့ရာမှာ လိုင်းအတက်အကျပိုငြိမ်မယ့်အပြင် ကွန်ရက်နှစ်ခု ချိတ်ဆက်ထားတဲ့အတွက်ကြောင့် Download speed လည်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒီလိုနည်းပညာအသစ် အဆန်းတွေကို မိတ်ဆက်ပေးခဲ့တဲ့ အတွက်ကြောင့် နောင်ထွက်လာမယ့် OPPO စမတ်ဖုန်းများတွင် စိတ်လှုပ်ရှားဖွယ်ရာ စမတ်ဖုန်းများကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။