[Zawgyi]

Oppo ဟာ 10x အထိ Zoom ဆြဲႏိုင္မယ့္ Hybrid Optical Zoom နည္းပညာတစ္ခုကို တီထြင္ေနတယ္လို႔ သိရပါတယ္။ ကုမၸဏီရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြ ျဖစ္လာမယ့္ Oppo F19 နဲ႔ F19 Pro တို႔မွာ အဆိုပါ နည္းပညာကို ထည့္သြင္းအသုံးျပဳလာႏိုင္ပါတယ္။

ဒီေန႔ အင္တာနက္ေပၚမွာ ေပါက္ၾကားေနတဲ့ ေကာလဟလ သတင္းအရဆိုရင္ Huawei ကလည္း 10x Hybrid Optical Zoom နည္းပညာတစ္ခုကို Huawei P30 စီးရီးမွာ စတင္အသုံးျပဳႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ တကယ္ေတာ့ 10x Optical Zoom ဆိုတာ စမတ္ဖုန္းေတြအတြက္ အခုမွ စတင္အသုံးျပဳမယ့္ နည္းပညာ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၂၀၁၄ခုႏွစ္တုန္းကလည္း Samsung က 10x အထိ Zoom ဆြဲႏိုင္မယ့္ Galaxy K Zoom ဆိုတဲ့ စမတ္ဖုန္းကို ထုတ္လုပ္ခဲ့ပါေသးတယ္။ ဒါ့ေပမယ့္ Oppo နဲ႔ Huawei တို႔ရဲ႕ 10x Hybrid Optical Zoom က နည္းပညာေတြ ပိုမိုျမင့္မားလာမယ့္အျပင္ အ႐ြယ္အစား သိသိသာသာေသးငယ္သြားမွာျဖစ္ၿပီး အရည္အေသြးအားျဖင့္လည္း ပိုမိုေကာင္းမြန္လာႏိုင္ပါတယ္။

Huawei အေနနဲ႔ 5x Optical Zoom နည္းပညာကို Mate 20 Pro ေတြနဲ႔အတူ သက္ေသထူၿပီး ျဖစ္ပါတယ္။ Oppo ကေတာ့ သူတို႔ရဲ႕ 10x Hybrid Optical Zoom နည္းပညာကို CES 2019 ဒါမွမဟုတ္ MWC 2019 မွာ ထုတ္ျပလာႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ေဖေဖာ္လတုန္းက က်င္းပခဲ့တဲ့ MWC မွာလည္း 5X Dual Camera Zoom နည္းပညာကို Oppo က ထုတ္ျပခဲ့ဖူးပါတယ္။ CES 2019 က ဇန္နဝါရီလထဲမွာ စတင္က်င္းပမွာ ျဖစ္ၿပီး MWC 2019 က ေဖေဖာ္ဝါရီလကုန္ခါနီးမွာ က်င္းပသြားမွာ ျဖစ္တဲ့အတြက္ 10x Hybrid Optical Zoom နည္းပညာႀကီးကို ျမင္ေတြ႕ရဖို႔ အၾကာႀကီးေစာင့္စရာ လိုအပ္မွာ မဟုတ္ပါဘူး။

Ref :gadgets.ndtv

[Unicode]

Oppo F19 စီးရီးမှာ 10x Hybrid Optical Zoom ပါဝင်လာနိုင်

Oppo ဟာ 10x အထိ Zoom ဆွဲနိုင်မယ့် Hybrid Optical Zoom နည်းပညာတစ်ခုကို တီထွင်နေတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေ ဖြစ်လာမယ့် Oppo F19 နဲ့ F19 Pro တို့မှာ အဆိုပါ နည်းပညာကို ထည့်သွင်းအသုံးပြုလာနိုင်ပါတယ်။

ဒီနေ့ အင်တာနက်ပေါ်မှာ ပေါက်ကြားနေတဲ့ ကောလဟလ သတင်းအရဆိုရင် Huawei ကလည်း 10x Hybrid Optical Zoom နည်းပညာတစ်ခုကို Huawei P30 စီးရီးမှာ စတင်အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တကယ်တော့ 10x Optical Zoom ဆိုတာ စမတ်ဖုန်းတွေအတွက် အခုမှ စတင်အသုံးပြုမယ့် နည်းပညာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကလည်း Samsung က 10x အထိ Zoom ဆွဲနိုင်မယ့် Galaxy K Zoom ဆိုတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါ့ပေမယ့် Oppo နဲ့ Huawei တို့ရဲ့ 10x Hybrid Optical Zoom က နည်းပညာတွေ ပိုမိုမြင့်မားလာမယ့်အပြင် အရွယ်အစား သိသိသာသာသေးငယ်သွားမှာဖြစ်ပြီး အရည်အသွေးအားဖြင့်လည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။

 

Huawei အနေနဲ့ 5x Optical Zoom နည်းပညာကို Mate 20 Pro တွေနဲ့အတူ သက်သေထူပြီး ဖြစ်ပါတယ်။ Oppo ကတော့ သူတို့ရဲ့ 10x Hybrid Optical Zoom နည်းပညာကို CES 2019 ဒါမှမဟုတ် MWC 2019 မှာ ထုတ်ပြလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဖေဖော်လတုန်းက ကျင်းပခဲ့တဲ့ MWC မှာလည်း 5X Dual Camera Zoom နည်းပညာကို Oppo က ထုတ်ပြခဲ့ဖူးပါတယ်။ CES 2019 က ဇန်နဝါရီလထဲမှာ စတင်ကျင်းပမှာ ဖြစ်ပြီး MWC 2019 က ဖေဖော်ဝါရီလကုန်ခါနီးမှာ ကျင်းပသွားမှာ ဖြစ်တဲ့အတွက် 10x Hybrid Optical Zoom နည်းပညာကြီးကို မြင်တွေ့ရဖို့ အကြာကြီးစောင့်စရာ လိုအပ်မှာ မဟုတ်ပါဘူး။

Ref :gadgets.ndtv