[Zawgyi]

ဖုန္းေတြရဲ႕ Battery ကို အားအျမန္သြင္းေပးႏုိင္တဲ့ Super VOOC အားသြင္းစနစ္ျပီးေတာ့ ေနာက္ထပ္ နည္းပညာတစ္ခုကို OPPO ကေန ထပ္မိတ္ဆက္လိုက္ျပန္ပါျပီ။ သူကိုေတာ့ “Hyper Boost” လို႔ OPPO က နာမည္ေပးထားပါတယ္။

Hyper Boost ဘယ္လို အလုပ္လုပ္မလဲဆိုရင္ေတာ့ User ေတြသံုးေနတဲ့ Application Software ေတြနဲ႔ သူတို႔ကို Run ေနရတဲ့ Hardware ေတြေပၚမွာ 50-50 စီ ပိုျမန္ေအာင္ ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ ဒါဆုိရင္ေတာ့ User ေတြ သံုးခ်င္လို႔ ဖြင့္လိုက္တဲ့ App တစ္ခုခုကို အလြယ္တကူ အျမန္ဖြင့္လို႔ရႏုိင္ေအာင္ ေထာက္ပံ့ေပးမယ့္ စနစ္လို႔ပဲ အတိုခ်ဳပ္ရမွာပါ။

ဒီနည္းပညာကိုေတာ့ Platform အဆင့္ App ေတြမွာဆိုရင္ WeChat, Taobao ေတြ ၊ ဂိမ္းပိုင္းမွာဆုိရင္ေတာ့ “Honor of Games” ေတြ “PUBG Mobile” ေတြနဲ႔ ေနာက္ထပ္ ထိပ္တန္းဂိမ္း ၉ခုအတြက္ အဓိက ရည္ရြယ္ထားတာျဖစ္ျပီး ထိပ္တန္းမိုဘုိင္းလ္ဂိမ္း ၁၀၀ အတြက္လည္း ေကာင္းေကာင္းေဆာ့ႏုိင္ေအာင္ ရည္ရြယ္ထားပါတယ္။ Hyper Boost ကို တစ္ခါတည္းယွဥ္တြဲသံုးႏုိင္ဖို႔ Tencent တို႔ Neteast တို႔နဲ႔လည္း OPPO က လက္တြဲထားပါေသးတယ္။

OPPO အေနနဲ႔ ဒီနည္းပညာကို Qualcomm နဲ႔ MediaTek Chips ေတြေပၚမွာ ၃ႏွစ္ေလာက္ စမ္းသပ္ေနခဲ့တာျဖစ္ျပီး ဒီ “Hyper Boost” ကို သံုးလိုက္ရင္ App Loading အခ်ိန္ကို ၃၂%ေလာက္ေတာင္ ေလွ်ာ့ခ်ႏုိင္မယ္လို႔ေတာ့ ဆိုထားပါတယ္။

တကယ္လည္း Effective ျဖစ္ရဲ႕လားဆိုတာကေတာ့ Hardware အသစ္ေတြ Software ေတြမွာ သံုးျပီး Public ခ်ျပလာတဲ့အခ်ိန္က်မွပဲ ေသခ်ာေစာင့္ၾကည့္လိုက္ရေအာင္…

Ref: PocketNow

[Unicode]

ဖုန်းတွေရဲ့ Battery ကို အားအမြန်သွင်းပေးနိုင်တဲ့ Super VOOC အားသွင်းစနစ်ပြီးတော့ နောက်ထပ် နည်းပညာတစ်ခုကို OPPO ကနေ ထပ်မိတ်ဆက်လိုက်ပြန်ပါပြီ။ သူကိုတော့ “Hyper Boost” လို့ OPPO က နာမည်ပေးထားပါတယ်။

Hyper Boost ဘယ်လိုအလုပ်လုပ်မလဲဆိုရင်တော့ User တွေသုံးနေတဲ့ Application Software တွေနဲ့ သူတို့ကို Run နေရတဲ့ Hardware တွေပေါ်မှာ 50-50 စီ ပိုမြန်အောင် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ User တွေ သုံးချင်လို့ ဖွင့်လိုက်တဲ့ App တစ်ခုခုကို အလွယ်တကူ အမြန်ဖွင့်လို့ရနိုင်အောင် ထောက်ပံ့ပေးမယ့်စနစ်လို့ပဲ အတိုချုပ်ရမှာပါ။

ဒီနည်းပညာကိုတော့ Platform အဆင့် App တွေမှာဆိုရင် WeChat, Taobao တွေ ၊ ဂိမ်းပိုင်းမှာဆိုရင်တော့ “Honor of Games” တွေ “PUBG Mobile” တွေနဲ့ နောက်ထပ် ထိပ်တန်းဂိမ်း ၉ခုအတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပြီး ထိပ်တန်းမိုဘိုင်းလ်ဂိမ်း ၁၀၀ အတွက်လည်း ကောင်းကောင်းဆော့နိုင်အောင် ရည်ရွယ်ထားပါတယ်။ Hyper Boost ကို တစ်ခါတည်းယှဉ်တွဲသုံးနိုင်ဖို့ Tencent တို့ Neteast တို့နဲ့လည်း OPPO က လက်တွဲထားပါသေးတယ်။

OPPO အနေနဲ့ ဒီနည်းပညာကို Qualcomm နဲ့ MediaTek Chips တွေပေါ်မှာ ၃နှစ်လောက် စမ်းသပ်နေခဲ့တာဖြစ်ပြီး ဒီ “Hyper Boost” ကို သုံးလိုက်ရင် App Loading အချိန်ကို ၃၂%လောက်တောင် လျှော့ချနိုင်မယ်လို့တော့ ဆိုထားပါတယ်။

တကယ်လည်း Effective ဖြစ်ရဲ့လားဆိုတာကတော့ Hardware အသစ်တွေ Software တွေမှာ သုံးပြီး Public ချပြလာတဲ့အချိန်ကျမှပဲ သေချာစောင့်ကြည့်လိုက်ရအောင်…

Ref: PocketNow