Unicode

OPPO က အခု ၂၀၁၉ ခုနှစ်မှာ ယခင်တုန်းက Mid Range ဖုန်းတွေထဲမှာ နာမည်ကြီးခဲ့တဲ့ OPPO F Series ဖုန်းတွေအစား A Series ဖုန်းတွေနဲ့ Reno Series ဖုန်းတွေကိုပဲ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် OPPO F Series ဖုန်းတွေက ထပ်ပြီးမထွက်လာတော့ဘူးလားဆိုပြီး ထင်နိုင်စရာရှိပေမယ့် အခုအချိန်မှာတော့ အဆိုပါယူဆချက်က မှားယွင်းတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် OPPO ကနေ လာမယ့် ဇန်နဝါရီလအတွင်းမှာ OPPO F15 စမတ်ဖုန်းအသစ်ကို မိတ်ဆက်မယ်ဆိုပြီး တရားဝင်ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ OPPO F15 ဖုန်းဟာ နောက်ဆုံးမိတ်ဆက်ခဲ့တဲ့ OPPO F Series ဖုန်းတစ်ခုဖြစ်တဲ့ OPPO F11 နေရာကို ဝင်ရောက်လာမှာပါ။

OPPO ကတော့ “#FlaunItYourWay” ဆိုတဲ့ ခေါင်းစဥ်နဲ့ Teaser Video ကိုပါ ထုတ်ပြခဲ့ပေမယ့် အဆိုပါ F15 ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ အခုလောလောဆယ် သိထားရသလောက်ဆိုရင် Waterdrop-notch Display နဲ့ Quad Camera Setup ကို အသုံးပြုလာမှာကတော့ သေချာနေပါတယ်။

နောက်ထပ်သတင်းတစ်ခုအရ အဆိုပါ OPPO F15 စမတ်ဖုန်းဟာ မကြာသေးခင်တုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ထားခဲ့တဲ့ OPPO A91 စမတ်ဖုန်းကိုပဲ နာမည်ပြောင်းလဲထားတာလည်းဖြစ်နိုင်ပါတယ်။

အဆိုပါ OPPO A91 စမတ်ဖုန်းဟာ 6.4″ Full HD+ AMOLED Display ၊ Under-Display Fingerprint Sensor တွေအပြင် MediaTek Helio P70 Processor ၊ RAM 8GB ၊ 128GB Storage တွေပါဝင်တာဖြစ်ပါတယ်။ Camera ပိုင်းမှာလည်း 48MP Primary Sensor အပြင် 8MP 119-degree Ultrawide Sensor ၊ 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ထည့်သွင်းပါသေးတယ်။ Selfie Camera အနေနဲ့ 16MP ပါဝင်ပြီးတော့ VOOC 4.0 Fast Charging Support လုပ်တဲ့ 4025mAh Battery လည်းပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၂၀ မှာတော့ OPPO F Series ဖုန်းတွေက ပြန်ပြီး စျေးကွက်ထဲဝင်ရောက်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China

Zawgyi

OPPO က အခု ၂၀၁၉ ခုႏွစ္မွာ ယခင္တုန္းက Mid Range ဖုန္းေတြထဲမွာ နာမည္ႀကီးခဲ့တဲ့ OPPO F Series ဖုန္းေတြအစား A Series ဖုန္းေတြနဲ႔ Reno Series ဖုန္းေတြကိုပဲ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ OPPO F Series ဖုန္းေတြက ထပ္ၿပီးမထြက္လာေတာ့ဘူးလားဆိုၿပီး ထင္ႏိုင္စရာရွိေပမယ့္ အခုအခ်ိန္မွာေတာ့ အဆိုပါယူဆခ်က္က မွားယြင္းတဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ OPPO ကေန လာမယ့္ ဇန္နဝါရီလအတြင္းမွာ OPPO F15 စမတ္ဖုန္းအသစ္ကို မိတ္ဆက္မယ္ဆိုၿပီး တရားဝင္ေၾကညာလိုက္တာေၾကာင့္ျဖစ္ပါတယ္။ အဆိုပါ OPPO F15 ဖုန္းဟာ ေနာက္ဆုံးမိတ္ဆက္ခဲ့တဲ့ OPPO F Series ဖုန္းတစ္ခုျဖစ္တဲ့ OPPO F11 ေနရာကို ဝင္ေရာက္လာမွာပါ။

OPPO ကေတာ့ “#FlaunItYourWay” ဆိုတဲ့ ေခါင္းစဥ္နဲ႔ Teaser Video ကိုပါ ထုတ္ျပခဲ့ေပမယ့္ အဆိုပါ F15 ဖုန္းနဲ႔ ပတ္သတ္တဲ့သတင္းအခ်က္အလက္ေတြကိုေတာ့ သိရွိရျခင္းမရွိေသးပါဘူး။ အခုေလာေလာဆယ္ သိထားရသေလာက္ဆိုရင္ Waterdrop-notch Display နဲ႔ Quad Camera Setup ကို အသုံးျပဳလာမွာကေတာ့ ေသခ်ာေနပါတယ္။

ေနာက္ထပ္သတင္းတစ္ခုအရ အဆိုပါ OPPO F15 စမတ္ဖုန္းဟာ မၾကာေသးခင္တုန္းက တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ထားခဲ့တဲ့ OPPO A91 စမတ္ဖုန္းကိုပဲ နာမည္ေျပာင္းလဲထားတာလည္းျဖစ္ႏိုင္ပါတယ္။

အဆိုပါ OPPO A91 စမတ္ဖုန္းဟာ 6.4″ Full HD+ AMOLED Display ၊ Under-Display Fingerprint Sensor ေတြအျပင္ MediaTek Helio P70 Processor ၊ RAM 8GB ၊ 128GB Storage ေတြပါဝင္တာျဖစ္ပါတယ္။ Camera ပိုင္းမွာလည္း 48MP Primary Sensor အျပင္ 8MP 119-degree Ultrawide Sensor ၊ 2MP Macro နဲ႔ 2MP Depth Sensor ေတြပါဝင္တဲ့ Quad Camera Setup ထည့္သြင္းပါေသးတယ္။ Selfie Camera အေနနဲ႔ 16MP ပါဝင္ၿပီးေတာ့ VOOC 4.0 Fast Charging Support လုပ္တဲ့ 4025mAh Battery လည္းပါဝင္ဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ လာမယ့္ ၂၀၂၀ မွာေတာ့ OPPO F Series ဖုန္းေတြက ျပန္ၿပီး ေစ်းကြက္ထဲဝင္ေရာက္လာမလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Gizmo China