OPPO က မကြာခင်ကပဲ ဒီဇိုင်း ဆန်းသစ်တဲ့ OPPO X 2021 အမည်ရ Rollable Concept ဖုန်း ၁ လုံးကို ချပြလိုက်ပါတယ်။ မော်တာနဲ့ Rollable မျက်နှာပြင် နည်းပညာကို သုံးကာ ၆.၇ လက်မ ကနေ ၇.၄ လက်မ မျက်နှာပြင်အထိ ဆန့်ထုတ်နိုင်ပါတယ်။ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအသစ် ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက OPPO ဟာ အဲဒီဖုန်းကို မကြာခင် ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိသေးတာပါ။

“ မကြာခင် ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိသေးပေမယ့် အဲဒီ ဒီဇိုင်းကို အသုံးပြုကာ အနာဂတ် ထုတ်ကုန်တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချဖို့အတွက် ဈေးကွက် သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ “ လို့ OPPO က Android Authority ကို ပြောပါတယ်။

Oppo showcases Oppo X 2021 rollable concept phone that expands in your hand: All you need to know | Zee Business

OPPO ဟာ မာကျောပြီး Flexible ဖြစ်တဲ့ မျက်နှာပြင် နည်းပညာ အသစ်တွေကို ဆက်လက်ဖန်တီးမှာ ဖြစ်ပါတယ်။ OPPO X 2021 မှာ လက်ရှိ ရောင်းထားတဲ့ Foldable ဖုန်းတွေမှာလို ပလတ်စတစ် မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

OPPO X 2021 ရဲ့ မျက်နှာပြင်ကို တရုတ် အခြေစိုက် BOE က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Rollable မျက်နှာပြင်တွေ ဖန်တီးနေတာ BOE ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ LG ကလည်း မတ်လမှာ Rollable ဖုန်း ၁ လုံးကို ချပြဖို့ ရှိနေပါတယ်။

Ref : gsmarena