[Zawgyi]

Oppo အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္တဲ့ Oppo K1 ကို အိႏၵိယႏိုင္ငံမွာ မေန႔တုန္းက မိတ္ဆက္သြားတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလကတည္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Oppo K1 ဟာ In-display Fingerprint Sensor နဲ႔အတူ Gaming Experience ကို ျမႇင့္တင္ေပးမယ့္ Hyper Boost နည္းပညာပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ပြဲထြက္ခဲ့တာ ျဖစ္ၿပီး အၾကမ္းခံမႈအတြက္ Corning Gorilla Glass 5 ကို ဖုံးအုပ္ေပးထားတာ ျဖစ္ပါတယ္။

Oppo K1 Specifications
Operating System အပိုင္းအတြက္ Android 8.1 Oreo ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး ColorOS 5.2 နဲ႔ ျပန္လည္ဆန္းသစ္ထားပါတယ္။ Display အပိုင္းအတြက္ ၆.၄လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Full-HD+ AMOLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ Oppo K1 ဟာ Waterdrop Notch Display ကို အသုံးျပဳထားတာေၾကာင့္ Screen-to-body ratio ကလည္း 91% အထိ ရွိလာတယ္လို႔ သိရပါတယ္။

Processor အပိုင္းအတြက္ Snapdragon 660 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားၿပီး MicroSD 256GB အထိ ထပ္စိုက္ႏိုင္မယ္လို႔ သိရပါတယ္။ ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 16MP (f/1.7) + 2MP (f/2.4) Sensor ေတြကို အလ်ားလိုက္ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 25MP (f/2.0) Sensor ကို Waterdrop Notch ထဲမွာ ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3600mAh ပါဝင္မွာျဖစ္ၿပီး microUSB ကေနတစ္ဆင့္ 2A/5V 10W အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Oppo K1 ကို အေရာင္ေတြအေနနဲ႔ Astral Blue နဲ႔ Piano Black ဆိုၿပီး အေရာင္ ၂မ်ိဴးေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ Oppo K1 ကို အိႏၵိယႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၁၆,၉၉၀ ႐ူပီး (ျမန္မာေငြ ၃၆၀,၀၀၀ ဝန္းက်င္) ျဖစ္ပါတယ္။

Ref : Gadgets.ndtv

[Unicode]

In-display Fingerprint Sensor ပါတဲ့ Oppo K1 ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပြီ

Oppo အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Oppo K1 ကို အိန္ဒိယနိုင်ငံမှာ မနေ့တုန်းက မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Oppo K1 ဟာ In-display Fingerprint Sensor နဲ့အတူ Gaming Experience ကို မြှင့်တင်ပေးမယ့် Hyper Boost နည်းပညာပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပွဲထွက်ခဲ့တာ ဖြစ်ပြီး အကြမ်းခံမှုအတွက် Corning Gorilla Glass 5 ကို ဖုံးအုပ်ပေးထားတာ ဖြစ်ပါတယ်။

Oppo K1 Specifications
Operating System အပိုင်းအတွက် Android 8.1 Oreo ကို ထည့်သွင်းမောင်းနှင်ထားပြီး ColorOS 5.2 နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။ Display အပိုင်းအတွက် ၆.၄လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ Oppo K1 ဟာ Waterdrop Notch Display ကို အသုံးပြုထားတာကြောင့် Screen-to-body ratio ကလည်း 91% အထိ ရှိလာတယ်လို့ သိရပါတယ်။

Processor အပိုင်းအတွက် Snapdragon 660 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပြီး MicroSD 256GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။ ကျောဘက် ကင်မရာ အပိုင်းအတွက် 16MP (f/1.7) + 2MP (f/2.4) Sensor တွေကို အလျားလိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP (f/2.0) Sensor ကို Waterdrop Notch ထဲမှာ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3600mAh ပါဝင်မှာဖြစ်ပြီး microUSB ကနေတစ်ဆင့် 2A/5V 10W အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Oppo K1 ကို အရောင်တွေအနေနဲ့ Astral Blue နဲ့ Piano Black ဆိုပြီး အရောင် ၂မျိူးရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Oppo K1 ကို အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၆,၉၉၀ ရူပီး (မြန်မာငွေ ၃၆၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Ref : Gadgets.ndtv