OPPO K11 ကို TENAA မှာ မှတ်ပုံတင်ထားပြီး အဓိက Specs တချို့ကို သိလာရပါပြီ။ အခုတော့ အဲဒီဖုန်းရဲ့ အဓိက လုပ်ဆောင်ချက် ၁ ခုကို သိလာရပြီ ဖြစ်ပြီး စွမ်းရည်သင့် စမတ်ဖုန်း Series ထဲမှာ ပထမဆုံး ဖြစ်လာနိုင်ပါတယ်။ OPPO K11 ကို 3C မှာ မှတ်ပုံတင်ထားပြီး 100W Fast Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်က ထွက်ထားတဲ့ OPPO K11x နဲ့ K10x တို့ရဲ့ 67W Charging ထက် ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။

Oppo K11 to launch with 100W fast charging, listing reveals - GSMArena.com news

100W Fast Charging ပါတဲ့ OPPO ဖုန်း ၃ လုံးပဲ ရှိသေးပြီး အဲဒါတွေက OPPO Find X6 Pro , Reno10 Pro နဲ့ Reno10Pro+ တို့ ဖြစ်ကြပါတယ်။ အဲဒီ စမတ်ဖုန်း ၃ လုံးစလုံးကို တရုတ် နိုင်ငံပြင်ပမှာ မရောင်းချထားပါဘူး။ SuperVOOC စံနှုန်းမှာ 11V/9.1A Output နဲ့ VCBAHBCH Adapter ထောက်ပံ့ထားပြီး OPPO K11 ဘူးထဲမှာ အဲဒီ Charger ပါလာနိုင်ပါတယ်။

OPPO K11 With Up to 100W Fast Charging Clear 3C Certification, Spotted on TENAA Revealing Key Specifications and Design - MySmartPrice

OPPO ရဲ့ 100W Fast Charging ဟာ 5,000mAh Battery ကို မိနစ် ၃၀ အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ OPPO K11 မှာ 6.7” OLED မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Snapdragon 782G Chipset မောင်းနှင်ထားပြီး 50MP Main ကင်မရာ ပါလာနိုင်ပါတယ်။

OPPO K Series တွေကို တရုတ် မှာပဲ ရောင်းချပေးလေ့ရှိပေမယ့် OPPO K11 ကို နိုင်ငံတကာမှာ တခြား အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena