OnePlus Nord CE4 ကို ဒီလ အစောပိုင်းမှာ အိန္ဒိယမှာ ကြေညာခဲ့ပြီး အခုတော့ အဲဒီဖုန်းကို တရုတ်မှာ OPPO K12 အနေနဲ့ မိတ်ဆက်လိုက်ပါတယ်။ အဓိက ပြောင်းလဲမှုက မတူညီတဲ့ Memory Configuration ဖြစ်ပြီး K12 မှာ NFC အပို ထည့်သွင်းထားပါတယ်။

Oppo K12 unveiled: a OnePlus Nord CE4 for China - GSMArena.com news

OPPO K12 ကို OPPO အွန်လိုင်းစတိုးမှာ ကြိုတင် မှာယူနိုင်ပြီ ဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့မှာ စတင် ရောင်းချခဲ့တာပါ။ 8/256GB ကို ၁,၉၀၀ ယွမ်၊ 12/256GB ကို ၂,၁၀၀ ယွမ်နဲ့ 12/512GB ကို ၂,၅၀၀ ယွမ် သတ်မှတ်ထားပါတယ်။

Oppo K12 launched with Snapdragon 7 Gen 3, 5,500mAh battery, 100W SuperVOOC  charging - Gizmochina

OPPO K12 မှာ Snapdragon 7 Gen 3 မောင်းနှင်ထားပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါပါတယ်။ ၂၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 6.7” 120Hz OLED 1080p+ Display တပ်ဆင်ထားပြီး 1,100 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

16MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ 4K 30fps နဲ့ 1080p 60fps Video တွေ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာက 1080p 30fps Video ပဲ ရိုက်ကူးနိုင်ပါတယ်။

Ref : gsmarena