OPPO က တန်ဖိုးနည်း K12x ကို ကြေညာလိုက်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နောက်တစ်ပတ်မှာ ၁၈၀ ဒေါ်လာနဲ့ ရောင်းချမှာပါ။

Oppo K12x arrives with 50 MP camera and 80W fast charging - GSMArena.com  news

OPPO K12x မှာ Snapdragon 695 Chipset မောင်းနှင်ထားပြီး 8GB /12GB RAM ပါပါတယ်။ 6.67” OLED Full HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 256GB/512GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Oppo K12x silently arrives with 50 MP camera and 80W fast charging

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Portrait ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ 1080p 30fps Video ရိုက်ကူးနိုင်ပါတယ်။

80W SuperVOOC Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပြီး OPPO က မိနစ် ၅၀ အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပြီး Glow Green နဲ့ Titanium Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8/256GB ကို ၁၈၀ ဒေါ်လာ၊ 12/256GB ကို ၂၁၀ ဒေါ်လာနဲ့ 12/512GB ကို ၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ စတင် ရောင်းချမှာပါ။

Ref : gsmarena