[Zawgyi]

OPPO က နည္းပညာ အသစ္ပါလာမယ့္ စမတ္ဖုန္း အသစ္ ၁ လံုးကို လာမယ့္လမွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ OPPO K5 ျဖစ္ၿပီး  VOOC 4.0 Rapid Charging နည္းပညာ ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္လာေတာ့မွာပါ။ ဒီသတင္းကို OPPO က ၀ီဘိုမွာ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္  ဂိမ္း အသားေပး Snapdragon 730G Chipset ထည့္သြင္းထားမယ္လို႔ ကုမၸဏီက ေၾကညာလိုက္ၿပီး Gamer ေတြ အႀကိဳက္ေတြ႕ေစမွာပါ။ အဲဒီ Chipset က ဂိမ္း ကစားတဲ့ အခါမွာ Graphic စြမ္းရည္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း OPPO က K5 အတြက္ Cyber Metal (blue), Forest Fantasy (green) နဲ႔ Polar sunshine (white) အေရာင္ ၃ မ်ိဳးထုတ္လုပ္ထားမယ္လို႔  အတည္ျပဳခဲ့ပါတယ္။ အဲဒီ ဖုန္းမွာ ေနာက္ဆံုးေပၚ Trend ျဖစ္ေနတဲ့ 64MP Quad Camreas ပါလာမွာျဖစ္ၿပီး 8MP Ultrawide Lens ထည့္ထားမွာပါ။ ဒါ့အျပင္ 2MP Camera ၂ လံုးနဲ႔ အားျဖည့္ထားမွာပါ။ Black And White, Retro နဲ႔ Portrait လို ဓါတ္ပံု လုပ္ေဆာင္ခ်က္ေတြပါမယ္လို႔ ပိုစတာမွာ ေဖာ္ျပထားတဲ့ အတြက္ ဓါတ္ဖမ္းခ်င္သူေတြ သေဘာေခြ႕ေစမွာပါ။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ OPPO K5 မွာ ၆.၄ လက္မ Full HD+ AMOLED Display ပါလာမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားမွာပါ။ Android 9 Pie , 4,000mAh Battery , 8GB RAM နဲ႔ 128GB Storage ေတြ ပါလာႏုိင္ပါတယ္။ အေရွ႕ ကင္မရာကလည္း 32MP ဆိုေတာ့ အလန္းစား ဆဲလ္ဖီးေတြ ဆြဲႏုိင္မွာပါ။

OPPO က ေနာက္လ ၁၀ ရက္ေန႔မွာ Reno Ace ကို ေၾကညာမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက အတည္ျပဳခဲ့ပါတယ္။ အဲဒီေန႔မွာ Reno Ace တင္မကဘဲ OPPO K5 ကိုပါမိတ္ဆက္မယ္လို႔ ကုမၸဏီက မၾကာခင္က ေၾကညာလိုက္ပါတယ္။

Ref : gizmochina

[Unicode]

Snapdragon 730G နဲ့ VOOC 4.0 ပါလာမှာ သေချာသွားတဲ့ OPPO K5

OPPO က နည်းပညာ အသစ်ပါလာမယ့် စမတ်ဖုန်း အသစ် ၁ လုံးကို လာမယ့်လမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ OPPO K5 ဖြစ်ပြီး VOOC 4.0 Rapid Charging နည်းပညာ ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာတော့မှာပါ။ ဒီသတင်းကို OPPO က ဝီဘိုမှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်း အသားပေး Snapdragon 730G Chipset ထည့်သွင်းထားမယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပြီး Gamer တွေ အကြိုက်တွေ့စေမှာပါ။ အဲဒီ Chipset က ဂိမ်း ကစားတဲ့ အခါမှာ Graphic စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း OPPO က K5 အတွက် Cyber Metal (blue), Forest Fantasy (green) နဲ့ Polar sunshine (white) အရောင် ၃ မျိုးထုတ်လုပ်ထားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီ ဖုန်းမှာ နောက်ဆုံးပေါ် Trend ဖြစ်နေတဲ့ 64MP Quad Camreas ပါလာမှာဖြစ်ပြီး 8MP Ultrawide Lens ထည့်ထားမှာပါ။ ဒါ့အပြင် 2MP Camera ၂ လုံးနဲ့ အားဖြည့်ထားမှာပါ။ Black And White, Retro နဲ့ Portrait လို ဓါတ်ပုံ လုပ်ဆောင်ချက်တွေပါမယ်လို့ ပိုစတာမှာ ဖော်ပြထားတဲ့ အတွက် ဓါတ်ဖမ်းချင်သူတွေ သဘောခွေ့စေမှာပါ။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ OPPO K5 မှာ ၆.၄ လက်မ Full HD+ AMOLED Display ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ Android 9 Pie , 4,000mAh Battery , 8GB RAM နဲ့ 128GB Storage တွေ ပါလာနိုင်ပါတယ်။ အရှေ့ ကင်မရာကလည်း 32MP ဆိုတော့ အလန်းစား ဆဲလ်ဖီးတွေ ဆွဲနိုင်မှာပါ။

OPPO က နောက်လ ၁၀ ရက်နေ့မှာ Reno Ace ကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မှာ Reno Ace တင်မကဘဲ OPPO K5 ကိုပါမိတ်ဆက်မယ်လို့ ကုမ္ပဏီက မကြာခင်က ကြေညာလိုက်ပါတယ်။

Ref : gizmochina