[Zawgyi]

OPPO က ေနာက္လ ၁၀ ရက္ေန႔မွာ Reno Ace ကို ေၾကညာမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက အတည္ျပဳခဲ့ပါတယ္။ အဲဒီေန႔မွာ Reno Ace တင္မကဘဲ တျခား စမတ္ဖုန္းေတြကိုပါ ေၾကညာမယ္လို႔ မၾကာခင္က သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ OPPO K5 ကို အဲဒီေန႔မွာ မိတ္ဆက္မယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။

ကုမၸဏီက မွ်ေ၀လိုက္တဲ့ ပိုစတာမွာ OPPO K5 အတြက္ Cyber Metal (blue), Forest Fantasy (green) နဲ႔ Polar sunshine (white) အေရာင္ ၃ မ်ိဳးထုတ္လုပ္ထားမယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီ ဖုန္းမွာ ေနာက္ဆံုးေပၚ Trend ျဖစ္ေနတဲ့ 64MP Quad Camreas ပါလာမွာျဖစ္ၿပီး 8MP Ultrawide Lens ထည့္ထားမွာပါ။ ဒါ့အျပင္ 2MP Camera ၂ လံုးနဲ႔ အားျဖည့္ထားမွာပါ။ Black And White, Retro နဲ႔ Portrait လို ဓါတ္ပံု လုပ္ေဆာင္ခ်က္ေတြပါမယ္လို႔ ပိုစတာမွာ ေဖာ္ျပထားတဲ့ အတြက္ ဓါတ္ဖမ္းခ်င္သူေတြ သေဘာေခြ႕ေစမွာပါ။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ OPPO K5 မွာ ၆.၄ လက္မ Full HD+ AMOLED Display ပါလာမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားမွာပါ။ Android 9 Pie , Snapdragon 730G Soc, 8GB RAM နဲ႔ 128GB Storage ေတြ ပါလာႏုိင္ပါတယ္။ အေရွ႕ ကင္မရာကလည္း 32MP ဆိုေတာ့ အလန္းစား ဆဲလ္ဖီးေတြ ဆြဲႏုိင္မွာပါ။

ဘက္ထရီက 4,000mAh ျဖစ္ၿပီး 30W VOOC 3.0 Fast Charging နည္းပညာပါတဲ့ OPPO ရဲ႕ ပထမဆံုး ဖုန္း ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ေစ်းႏႈန္းနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတာ့ ထြက္ေပၚလာျခင္း မရွိေသးပါဘူး။

Ref : gizmochina

[Unicode]

64MP Quad Cameras ပါမယ့် OPPO K5 ကို နောက်လ ၁၀ ရက်နေ့မှာ ကြေညာမည်

OPPO က နောက်လ ၁၀ ရက်နေ့မှာ Reno Ace ကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မှာ Reno Ace တင်မကဘဲ တခြား စမတ်ဖုန်းတွေကိုပါ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ OPPO K5 ကို အဲဒီနေ့မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

ကုမ္ပဏီက မျှဝေလိုက်တဲ့ ပိုစတာမှာ OPPO K5 အတွက် Cyber Metal (blue), Forest Fantasy (green) နဲ့ Polar sunshine (white) အရောင် ၃ မျိုးထုတ်လုပ်ထားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ဖုန်းမှာ နောက်ဆုံးပေါ် Trend ဖြစ်နေတဲ့ 64MP Quad Camreas ပါလာမှာဖြစ်ပြီး 8MP Ultrawide Lens ထည့်ထားမှာပါ။ ဒါ့အပြင် 2MP Camera ၂ လုံးနဲ့ အားဖြည့်ထားမှာပါ။ Black And White, Retro နဲ့ Portrait လို ဓါတ်ပုံ လုပ်ဆောင်ချက်တွေပါမယ်လို့ ပိုစတာမှာ ဖော်ပြထားတဲ့ အတွက် ဓါတ်ဖမ်းချင်သူတွေ သဘောခွေ့စေမှာပါ။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ OPPO K5 မှာ ၆.၄ လက်မ Full HD+ AMOLED Display ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ Android 9 Pie , Snapdragon 730G Soc, 8GB RAM နဲ့ 128GB Storage တွေ ပါလာနိုင်ပါတယ်။ အရှေ့ ကင်မရာကလည်း 32MP ဆိုတော့ အလန်းစား ဆဲလ်ဖီးတွေ ဆွဲနိုင်မှာပါ။

ဘက်ထရီက 4,000mAh ဖြစ်ပြီး 30W VOOC 3.0 Fast Charging နည်းပညာပါတဲ့ OPPO ရဲ့ ပထမဆုံး ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ဈေးနှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

Ref : gizmochina