[Unicode]

OPPO က Reno3 Series တွေကို လာမယ့် ၂၆ ရက်နေ့မှာ ချပြတော့မှာပါ။ Reno3 မှာ Mediatek ရဲ့ ပထမဆုံး 5G SoC နဲ့ Reno3 Pro မှာ X52 5G Modem ပါတဲ့ Snapdragon 765G Chipset တွေထည့်ထားမယ်လို့ ထင်ပါတယ်။ အခုတော့ ကုမ္ပဏီက Reno3 Pro ကို ဝက်ဘ်ဆိုက်မှာ စာရင်းတင်လိုက်ပြီး Memory Options နဲ့ အရောင်တွေကို သိရပါပြီ။

အဲဒီ ဖုန်းမှာ 8/128GB နဲ့ 12/256GB Memory Option ၂ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ JD.com မှာတော့ 12/128GB မော်ဒယ်ကို စာရင်းတင်ထားပါတယ်။ အရောင် ၄ မျိုးထုတ်လုပ်ထားပြီး Moonlight Black, Misty White, Night Sky Blue နဲ့ Sunrise တွေ ဖြစ်ပါတယ်။ ကိုယ်ထည်က အရမ်းပါးလွှာတဲ့အတွက် ဒီဇိုင်းက မိုက်ပါတယ်။ ညာဘက်မှာ ပါဝါနဲ့ ဘယ်ဘက်မှာ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေက အတော်ငေါထွက်နေပြီး အနောက်ဘက်ကို ခြစ်ရာခံနိုင်တဲ့ Sapphire Glass လို အရာနဲ့ ကာကွယ်ထားနိုင်ပါတယ်။

ဓါတ်ပုံတွေအရ OPPO Reno3 Pro မှာ ဆဲလ်ဖီးကင်မရာကို ဘယ်ဘက်ထိပ်မှာ တပ်ဆင်ထားပြီး မျက်နှာပြင်က AMOLED ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ ColorOS 7 ပါမယ်ဆိုတာ သိထားပြီးပါပြီ။

အနောက်ဘက်မှာ Dual-LED Flash တပ်ဆင်ထားပြီး အနောက်ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ OPPO က Ultra Steady လို့ပဲရေးထားပါတယ်။ ကုမ္ပဏီက နောက်မျိုးဆက် Stabilization ကို ဦးစားပေးဖန်တီးထားမယ်လို့ ပြောထားပါတယ်။ Reno3 Series တွေကို တရားဝင် မြင်ရဖို့ ရက်နည်းနည်းပဲ လိုပါတော့တယ်။

Ref : gsmarena

[Zawgyi]

OPPO Reno3 Pro ရဲ႕ Memory Options နဲ႔ အေရာင္ေတြကို သိရၿပီ

OPPO က Reno3 Series ေတြကို လာမယ့္ ၂၆ ရက္ေန႔မွာ ခ်ျပေတာ့မွာပါ။ Reno3 မွာ Mediatek ရဲ႕ ပထမဆံုး 5G SoC နဲ႔ Reno3 Pro မွာ X52 5G Modem ပါတဲ့ Snapdragon 765G Chipset ေတြထည့္ထားမယ္လို႔ ထင္ပါတယ္။ အခုေတာ့ ကုမၸဏီက Reno3 Pro ကို ၀က္ဘ္ဆိုက္မွာ စာရင္းတင္လိုက္ၿပီး Memory Options နဲ႔ အေရာင္ေတြကို သိရပါၿပီ။

အဲဒီ ဖုန္းမွာ 8/128GB နဲ႔ 12/256GB Memory Option ၂ ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ JD.com မွာေတာ့ 12/128GB ေမာ္ဒယ္ကို စာရင္းတင္ထားပါတယ္။ အေရာင္ ၄ မ်ိဳးထုတ္လုပ္ထားၿပီး Moonlight Black, Misty White, Night Sky Blue နဲ႔ Sunrise ေတြ ျဖစ္ပါတယ္။ ကိုယ္ထည္က အရမ္းပါးလႊာတဲ့အတြက္ ဒီဇိုင္းက မိုက္ပါတယ္။ ညာဘက္မွာ ပါ၀ါနဲ႔ ဘယ္ဘက္မွာ အသံခလုတ္ေတြ တပ္ဆင္ထားပါတယ္။ အေနာက္ကင္မရာေတြက အေတာ္ေငါထြက္ေနၿပီး အေနာက္ဘက္ကို ျခစ္ရာခံႏိုင္တဲ့ Sapphire Glass လို အရာနဲ႔ ကာကြယ္ထားႏုိင္ပါတယ္။

ဓါတ္ပံုေတြအရ OPPO Reno3 Pro မွာ ဆဲလ္ဖီးကင္မရာကို ဘယ္ဘက္ထိပ္မွာ တပ္ဆင္ထားၿပီး မ်က္ႏွာျပင္က AMOLED ျဖစ္ႏုိင္ပါတယ္။ အဲဒီအတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားႏုိင္ပါတယ္။ ColorOS 7 ပါမယ္ဆိုတာ သိထားၿပီးပါၿပီ။

အေနာက္ဘက္မွာ Dual-LED Flash တပ္ဆင္ထားၿပီး အေနာက္ကင္မရာေတြရဲ႕ သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ OPPO က Ultra Steady လို႔ပဲေရးထားပါတယ္။ ကုမၸဏီက ေနာက္မ်ိဳးဆက္ Stabilization ကို ဦးစားေပးဖန္တီးထားမယ္လို႔ ေျပာထားပါတယ္။ Reno3 Series ေတြကို တရား၀င္ ျမင္ရဖို႔ ရက္နည္းနည္းပဲ လိုပါေတာ့တယ္။

Ref : gsmarena