Zawgyi

တ႐ုတ္ စမတ္ဖုန္း ကုမၸဏီႀကီးေတြထဲက တစ္ခုျဖစ္တဲ့ OPPO ဟာ အိႏၵိယရဲ႕ စမတ္ဖုန္းေစ်းကြက္မွာ အေတာ္ေလး အေျခအေနေကာင္းေနပါတယ္။ မၾကာခင္မွာပဲ Mid-range ဖုန္းအသစ္ တစ္လုံးကို မိတ္ဆက္မွာပါ။ အဆိုပါ ဖုန္းအသစ္ကို အိႏၵိယရဲ႕ နာမည္ႀကီး အြန္လိုင္းစတိုးျဖစ္တဲ့ Flipkart ကေန ဦးဦးဖ်ားဖ်ားေရာင္းခ်မွာပါ။

OPPO ဟာ Flipkart ေပၚမွာ သူ႕ရဲ႕ ဖုန္းအသစ္အတြ​က္ Page အသစ္တစ္ခုျပဳလုပ္ၿပီးပါၿပီ။ ဒါေပမယ့္လည္း အဆိုပါ ဖုန္းအသစ္ရဲ႕ နာမည္ကိုေတာ့ တရားဝင္ေျပာၾကားျခင္းမရွိေသးပါဘူး။ Teaser ေတြအရ သိရတဲ့ အခ်က္ကေတာ့ အဆိုပါ ဖုန္းအသစ္မွာ In-Display Fingerprint Scanner ပါဝင္လာမယ္ဆိုတာပါပဲ။ OPPO ကေန ဖုန္းအသစ္ရဲ႕ နာမည္ကို မေျပာေသးေပမယ့္ ပိုစတာေတြထဲမွာ ျပထားတဲ့ ဖုန္းရဲ႕ ေအာက္ေျခဒီဇိုင္းေတြအရ OPPO K1 ျဖစ္နိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ OPPO K1 ကို အရင္ႏွစ္ ေအာက္တိုဘာလ က တ႐ုတ္ျပည္တြင္းမွာ မိတ္ဆက္သြားတာပါ။

OPPO K1 မွာ 6.4-inch ရွိတဲ့ Super AMOLED မ်က္ႏွာျပင္ပါဝင္ၿပီး Full HD+ Resolution ပါဝင္ပါတယ္။ WaterDrop Notch ပါဝင္ၿပီး Screen-to-Body Ratio ကေတာ့ 91% ေတာင္ရွိပါတယ္။ ဖုန္းမ်က္ႏွာျပင္ကို Gorilla Glass နဲ႕ ကာကြယ္ေပးထားပါေသးတယ္။ Snapdragon 660 ပရိုဆက္ဆာကို တပ္ဆင္ေပးထားၿပီး RAM4GB/6GB ႏွစ္မ်ိဳးထုတ္ထားပါတယ္။ ေမာ္ဒယ္ ႏွစ္မ်ိဳးစလုံးမွာ Internal Storage 64GB ထည့္သြင္းေပးထားၿပီး SD Card ကေန တစ္ဆင့္ Storage တိုးခ်ဲ့နိုင္မွာပါ။

ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးတြဲ စနစ္ကို အလ်ားလိုက္ တပ္ဆင္ေပးထားၿပီး ကင္မရာေတြေဘးမွာေတာ့ LED Flashlight ေလးကို တပ္ဆင္ထားပါတယ္။ ကင္မရာႏွစ္လုံးတြဲ စနစ္ရဲ႕ အဓိက ကင္မရာကေတာ့ 16MP ရွိၿပီး ဒုတိယ ကင္မရာကေတာ့ 2MP ရွိပါတယ္။ ကင္မရာ႐ုပ္ထြက္ ပိုလွေစဖို႔ AI လုပ္ေဆာင္ခ်က္ေတြနဲ႕ အားျဖည့္ထားပါေသးတယ္။ Selfie ပုံေတြနဲ႕ Video Call ေတြေခၚဆိုဖို႔အတြက္ေတာ့ 25MP ရွိတဲ့ Selfie ကင္မရာ ထည့္သြင္းေပးထားပါတယ္။

လုံၿခဳံေရးပိုင္းအတြက္ေတာ့ Face Unlock စနစ္အျပင္ In-Display Fingerprint Scanner ကို ထည့္သြင္းေပးထားပါတယ္။ Operating System အေနနဲ႕ကေတာ့ Android 8.1 ကို ျပဳျပင္ခ်ယ္သထားတဲ့ ColorOS 5.2 နဲ႕ေမာင္းႏွင္ေပးထားပါတယ္။ 4G VoLTE အေထာက္အပံ့လည္းပါဝင္ကာ Bluetooth 5.0 ကိုလည္း ထည့္သြင္းေပးထားပါတယ္။ ဘက္ထရီပမာဏ ကေတာ့ 3,500mAh ျဖစ္ၿပီး OPPO ရဲ႕ ေနာက္ဆုံးေပၚ အားအျမန္သြင္းစနစ္ျဖစ္တဲ့ Super VOOC Fast Charging နဲ႕ အျမန္အားသြင္းနိုင္မွာပါ။ ေစ်းႏႈန္းအေနနဲ႕ကေတာ့ ျမန္မာေငြ ေလးသိန္းဝန္းက်င္ရွိနိုင္ပါတယ္။

Ref: Gizmo China

Unicode

In-Display Fingerprint Scanner ပါဝင်တဲ့ OPPO K1 ကို အိန္ဒိယမှာ စတင်မိတ်ဆက်နိုင်

တရုတ် စမတ်ဖုန်း ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ OPPO ဟာ အိန္ဒိယရဲ့ စမတ်ဖုန်းစျေးကွက်မှာ အတော်လေး အခြေအနေကောင်းနေပါတယ်။ မကြာခင်မှာပဲ Mid-range ဖုန်းအသစ် တစ်လုံးကို မိတ်ဆက်မှာပါ။ အဆိုပါ ဖုန်းအသစ်ကို အိန္ဒိယရဲ့ နာမည်ကြီး အွန်လိုင်းစတိုးဖြစ်တဲ့ Flipkart ကနေ ဦးဦးဖျားဖျားရောင်းချမှာပါ။

OPPO ဟာ Flipkart ပေါ်မှာ သူ့ရဲ့ ဖုန်းအသစ်အတွ​က် Page အသစ်တစ်ခုပြုလုပ်ပြီးပါပြီ။ ဒါပေမယ့်လည်း အဆိုပါ ဖုန်းအသစ်ရဲ့ နာမည်ကိုတော့ တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။ Teaser တွေအရ သိရတဲ့ အချက်ကတော့ အဆိုပါ ဖုန်းအသစ်မှာ In-Display Fingerprint Scanner ပါဝင်လာမယ်ဆိုတာပါပဲ။ OPPO ကနေ ဖုန်းအသစ်ရဲ့ နာမည်ကို မပြောသေးပေမယ့် ပိုစတာတွေထဲမှာ ပြထားတဲ့ ဖုန်းရဲ့ အောက်ခြေဒီဇိုင်းတွေအရ OPPO K1 ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ OPPO K1 ကို အရင်နှစ် အောက်တိုဘာလ က တရုတ်ပြည်တွင်းမှာ မိတ်ဆက်သွားတာပါ။

OPPO K1 မှာ 6.4-inch ရှိတဲ့ Super AMOLED မျက်နှာပြင်ပါဝင်ပြီး Full HD+ Resolution ပါဝင်ပါတယ်။ WaterDrop Notch ပါဝင်ပြီး Screen-to-Body Ratio ကတော့ 91% တောင်ရှိပါတယ်။ ဖုန်းမျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ပေးထားပါသေးတယ်။ Snapdragon 660 ပရိုဆက်ဆာကို တပ်ဆင်ပေးထားပြီး RAM4GB/6GB နှစ်မျိုးထုတ်ထားပါတယ်။ မော်ဒယ် နှစ်မျိုးစလုံးမှာ Internal Storage 64GB ထည့်သွင်းပေးထားပြီး SD Card ကနေ တစ်ဆင့် Storage တိုးချဲ့နိုင်မှာပါ။

နောက်ကျောဘက်မှာတော့ ကင်မရာနှစ်လုံးတွဲ စနစ်ကို အလျားလိုက် တပ်ဆင်ပေးထားပြီး ကင်မရာတွေဘေးမှာတော့ LED Flashlight လေးကို တပ်ဆင်ထားပါတယ်။ ကင်မရာနှစ်လုံးတွဲ စနစ်ရဲ့ အဓိက ကင်မရာကတော့ 16MP ရှိပြီး ဒုတိယ ကင်မရာကတော့ 2MP ရှိပါတယ်။ ကင်မရာရုပ်ထွက် ပိုလှစေဖို့ AI လုပ်ဆောင်ချက်တွေနဲ့ အားဖြည့်ထားပါသေးတယ်။ Selfie ပုံတွေနဲ့ Video Call တွေခေါ်ဆိုဖို့အတွက်တော့ 25MP ရှိတဲ့ Selfie ကင်မရာ ထည့်သွင်းပေးထားပါတယ်။

လုံခြုံရေးပိုင်းအတွက်တော့ Face Unlock စနစ်အပြင် In-Display Fingerprint Scanner ကို ထည့်သွင်းပေးထားပါတယ်။ Operating System အနေနဲ့ကတော့ Android 8.1 ကို ပြုပြင်ချယ်သထားတဲ့ ColorOS 5.2 နဲ့မောင်းနှင်ပေးထားပါတယ်။ 4G VoLTE အထောက်အပံ့လည်းပါဝင်ကာ Bluetooth 5.0 ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီပမာဏ ကတော့ 3,500mAh ဖြစ်ပြီး OPPO ရဲ့ နောက်ဆုံးပေါ် အားအမြန်သွင်းစနစ်ဖြစ်တဲ့ Super VOOC Fast Charging နဲ့ အမြန်အားသွင်းနိုင်မှာပါ။ စျေးနှုန်းအနေနဲ့ကတော့ မြန်မာငွေ လေးသိန်းဝန်းကျင်ရှိနိုင်ပါတယ်။

Ref: Gizmo China