[Zawgyi]

လြန္ခဲ့တဲ့ ဆယ္နွစ္ေက်ာ္ခန္႔္အခ်ိန္တုန္းက ျမန္မာနိုင္ငံမွာ Keypad ဖုုန္းေတြပဲ ေပါေပါမ်ားမ်ား ကိုင္ႏိုင္ခဲ့ၾကပါတယ္။ ဆယ္ႏွစ္တာဆိုတဲ့ အခ်ိန္ကာလအတြင္းမွာ ႏွစ္လက္မ၊ သံုးလက္မ ခန္႔ အရြယ္ဝန္းက်င္ မ်က္နွာျပင္သာ ပါဝင္တဲ့ ဖုန္းေတြကေန ေျခာက္လက္မေက်ာ္ထိ ရွိတဲ့ မ်က္ႏွာျပင္ေတြ ပါဝင္တဲ့ ဖုန္းေတြ ထြက္ရွိလာတဲ့အထိ တိုးတက္လာခဲ့ပါတယ္။

၂၀၀၀ ဝန္းက်င္ ႏွစ္ပိုင္းေတြမွာေတာ့ keypad ဖုန္းေတြကို လူအမ်ား အသံုးျပဳခဲ့ၾကၿပီး ၂၀၀၇ ခုႏွစ္ေက်ာ္၂၀၀၈ ေလာက္ကစၿပီး touch screen ပါတဲ့ စမတ္ဖုန္းေတြကို စတင္ အသံုးျပဳခဲ့ၾကတာပဲ ျဖစ္ပါတယ္။၂၀၁၀ ခုႏွစ္ ေနာက္ပိုင္းမွာေတာ့ စမတ္ဖုန္း ကုမၸဏီ ေတာ္ေတာ္မ်ားမ်ားဟာ touch screen ပါတဲ့ စမတ္ဖုန္း ေတြကို သူ႔ထက္ငါ အၿပိဳင္အဆိုင္ ထုတ္လုပ္လာ ၾကပါတယ္။ အဲ့လိုကေနၿပီး စမတ္ဖုန္းေတြဟာလဲ ၂၁ ရာစုမွာ လူေတြရဲ႕ မရွိမျဖစ္ အသံုးအေဆာင္ ပစၥည္းတစ္ခု အေနနဲ႔ ျဖစ္လာပါေတာ့တယ္။ သံုးစြဲတဲ့လူေတြ ပိုမ်ားလာတဲ့အခါ စမတ္ဖုန္း ထုတ္လုပ္သူ ကုမၸဏီေတြက သံုးစြဲသူေတြ အတြက္ ေကာင္းမြန္တဲ့ သံုးစြဲမႈ အေတြ႕အၾကံဳေတြ ရေအာင္ ဖန္တီး တီထြင္ၾကပါတယ္။

အဲ့လို တီထြင္ၾကတဲ့အခါမွာ ဖုန္းမ်က္ႏွာျပင္ကို ေဘးေဘာင္ေတြနဲ႔ ထားတာကေနၿပီး ဖုန္းတစ္လံုးလံုးရဲ႕ မ်က္ႏွာျပင္အျပည့္ ရရွိေအာင္ အေရွ႕ကင္မရာပဲခ်န္ၿပီး မ်က္ႏွာျပင္အျပည့္ ထားရွိတဲ့ Notch ဒီဇိုင္းေတြ ဖန္တီးလာၾကပါတယ္။ Notch ကို ေလးေထာင့္ဆန္ဆန္က်တဲ့ Notch, waterdrop screen ကေနစၿပီး ကင္မရာအေပါက္ပဲ ပါတဲ့ punch hole ထိ အရြယ္အစား မ်ိဳးစံု design မ်ိဳးစံုနဲ႔ ထြက္ရွိလာပါတယ္။

OPPO ကျမန္မာႏိုင္ငံမွာ F series ကိုစတင္မိတ္ဆက္ခဲ့ခ်ိန္ F1 series မွာေတာ့ ေဘးေဘာင္ပါဝင္တဲ့ ပံုမွန္ 16:9 aspect ratio မ်က္ႏွာျပင္ အရြယ္အစားပဲ ပါဝင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ အကုန္ပိုင္း ဖုန္းမ်က္ႏွာျပင္ ဒီဇိုင္းအခ်ဳိးအစားကို မ်က္ႏွာျပင္အျပည့္ ပံုစံအျဖစ္ စတင္ ဖန္တီးထုတ္လုပ္ခဲ့ရာမွာ OPPO F5 series ေတြက အဓိက ပါဝင္ခဲ့ၿပီး သံုးစြဲသူေတြ ပိုမိုအႀကိဳက္ေတြ႕တဲ့ bezel less ေဘးေဘာင္က်ဥ္း ဒီဇိုင္းမ်ဳိးေတြကို ပိုမို အသက္သြင္း ထုတ္လုပ္ေပးႏုိင္ ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၈ ႏွစ္လယ္ေလာက္မွာ စတင္ မိတ္ဆက္ေပးခဲ့တဲ့ OPPO F7 series ထုတ္ကုန္ေတြမွာေတာ့ မ်က္ႏွာျပင္အခ်ဳိးအစား ကို တိုးျမႇင့္ဖန္တီးေပးႏိုင္လာခဲ့သလို စမတ္ဖုုန္းေလာကမွာ ေခတ္စားေနတဲ့ Notch Screen အျဖစ္ပါ ပထမဆံုး ထုတ္လုပ္လာႏိုင္ခဲ့ပါတယ္။ မႏွစ္က OPPO က ထြက္ရွိခဲ့တဲ့ F9 မွာေတာ့ ပံုုမွန္ Notch screen ေရစီးေၾကာင္းကေန ကြဲထြက္ေနတဲ့ waterdrop screen လို႔ေခၚတဲ့ ေရစက္ပံုစံ မ်က္ႏွာျပင္ ပါဝင္ခဲ့ပါတယ္။ အခု ၂၀၁၉ မွာေတာ့ OPPO ကေနျပီး ဘာ notch၊ ဘာေဘးေဘာင္မွ မပါတဲ့ တကယ့္ကို ဖုန္းတစ္လံုးရဲ႕ မ်က္ႏွာျပင္အျပည့္ကို အျပည့္အဝ ခံစားရမယ့္ F series ရဲ႕ မ်ိဳးဆက္သစ္ F11 Pro ထြက္ရွိလာတာပဲ ျဖစ္ပါတယ္။

ေရွ႕လကမွ ျမန္မာျပည္မွာ စတင္ မိတ္ဆက္ခဲ့တဲ့ OPPO F11 Pro ဟာဆိုရင္ေတာ့ အလယ္ကေန ထြက္ရွိလာတဲ့ pop-up selfie camera နဲ႔ ေဘးေဘာင္ေတြ notch ေတြမပါဘဲ တကယ့္ မ်က္ႏွာျပင္အျပည့္ ခံစားမႈကို ရရွိေစမွာပါ။ ၉၀.၉% screen to body ratio နဲ႔ crescent curve ဒီဇိုင္းေတြက ဖုန္းသံုးၿပီး တီဗီၾကည့္တဲ့အခါမ်ိဳးေတြ၊ ဂိမ္းေဆာ့တဲ့ အခါမ်ိဳးေတြမွာ ေကာင္းမြန္တဲ့ ခံစားမႈမ်ိဳး ေပးစြမ္းႏိုင္မွာပဲ ျဖစ္ပါတယ္။ ၆.၅ လက္မ အရြယ္ရွိတဲ့ မ်က္ႏွာျပင္အရြယ္အစား ပါဝင္တဲ့ F11 Pro ကိုေတာ့ ျမန္မာႏိုင္ငံမွာ ေရာင္းခ်လ်က္ရွိၿပီး ၄၉၉၉၀၀ က်ပ္နဲ႔ ႏိုင္ငံအႏွံ႔ ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

[Unicode]

စမတ်ဖုန်း မျက်နှာပြင် အရွယ်အစား ဘယ်လို အဆင့်ဆင့်ပြောင်းလဲလာတာလဲ?

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်အချိန်တုန်းက မြန်မာနိုင်ငံမှာ Keypad ဖုန်းတွေပဲ ပေါပေါများများ ကိုင်နိုင်ခဲ့ကြပါတယ်။ ဆယ်နှစ်တာဆိုတဲ့ အချိန်ကာလအတွင်းမှာ နှစ်လက်မ၊ သုံးလက်မ ခန့် အရွယ်ဝန်းကျင် မျက်နှာပြင်သာ ပါဝင်တဲ့ ဖုန်းတွေကနေ ခြောက်လက်မကျော်ထိ ရှိတဲ့ မျက်နှာပြင်တွေ ပါဝင်တဲ့ ဖုန်းတွေ ထွက်ရှိလာတဲ့အထိ တိုးတက်လာခဲ့ပါတယ်။

၂၀၀၀ ဝန်းကျင် နှစ်ပိုင်းတွေမှာတော့ keypad ဖုန်းတွေကို လူအများ အသုံးပြုခဲ့ကြပြီး ၂၀၀၇ ခုနှစ်ကျော်၂၀၀၈ လောက်ကစပြီး touch screen ပါတဲ့ စမတ်ဖုန်းတွေကို စတင် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့ စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများဟာ touch screen ပါတဲ့ စမတ်ဖုန်း တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်လာ ကြပါတယ်။ အဲ့လိုကနေပြီး စမတ်ဖုန်းတွေဟာလဲ ၂၁ ရာစုမှာ လူတွေရဲ့ မရှိမဖြစ် အသုံးအဆောင် ပစ္စည်းတစ်ခု အနေနဲ့ ဖြစ်လာပါတော့တယ်။ သုံးစွဲတဲ့လူတွေ ပိုများလာတဲ့အခါ စမတ်ဖုန်း ထုတ်လုပ်သူ ကုမ္ပဏီတွေက သုံးစွဲသူတွေ အတွက် ကောင်းမွန်တဲ့ သုံးစွဲမှု အတွေ့အကြုံတွေ ရအောင် ဖန်တီး တီထွင်ကြပါတယ်။

အဲ့လို တီထွင်ကြတဲ့အခါမှာ ဖုန်းမျက်နှာပြင်ကို ဘေးဘောင်တွေနဲ့ ထားတာကနေပြီး ဖုန်းတစ်လုံးလုံးရဲ့ မျက်နှာပြင်အပြည့် ရရှိအောင် အရှေ့ကင်မရာပဲချန်ပြီး မျက်နှာပြင်အပြည့် ထားရှိတဲ့ Notch ဒီဇိုင်းတွေ ဖန်တီးလာကြပါတယ်။ Notch ကို လေးထောင့်ဆန်ဆန်ကျတဲ့ Notch, waterdrop screen ကနေစပြီး ကင်မရာအပေါက်ပဲ ပါတဲ့ punch hole ထိ အရွယ်အစား မျိုးစုံ design မျိုးစုံနဲ့ ထွက်ရှိလာပါတယ်။

OPPO ကမြန်မာနိုင်ငံမှာ F series ကိုစတင်မိတ်ဆက်ခဲ့ချိန် F1 series မှာတော့ ဘေးဘောင်ပါဝင်တဲ့ ပုံမှန် 16:9 aspect ratio မျက်နှာပြင် အရွယ်အစားပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ အကုန်ပိုင်း ဖုန်းမျက်နှာပြင် ဒီဇိုင်းအချိုးအစားကို မျက်နှာပြင်အပြည့် ပုံစံအဖြစ် စတင် ဖန်တီးထုတ်လုပ်ခဲ့ရာမှာ OPPO F5 series တွေက အဓိက ပါဝင်ခဲ့ပြီး သုံးစွဲသူတွေ ပိုမိုအကြိုက်တွေ့တဲ့ bezel less ဘေးဘောင်ကျဉ်း ဒီဇိုင်းမျိုးတွေကို ပိုမို အသက်သွင်း ထုတ်လုပ်ပေးနိုင် ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ နှစ်လယ်လောက်မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ OPPO F7 series ထုတ်ကုန်တွေမှာတော့ မျက်နှာပြင်အချိုးအစား ကို တိုးမြှင့်ဖန်တီးပေးနိုင်လာခဲ့သလို စမတ်ဖုန်းလောကမှာ ခေတ်စားနေတဲ့ Notch Screen အဖြစ်ပါ ပထမဆုံး ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ မနှစ်က OPPO က ထွက်ရှိခဲ့တဲ့ F9 မှာတော့ ပုံမှန် Notch screen ရေစီးကြောင်းကနေ ကွဲထွက်နေတဲ့ waterdrop screen လို့ခေါ်တဲ့ ရေစက်ပုံစံ မျက်နှာပြင် ပါဝင်ခဲ့ပါတယ်။ အခု ၂၀၁၉ မှာတော့ OPPO ကနေပြီး ဘာ notch၊ ဘာဘေးဘောင်မှ မပါတဲ့ တကယ့်ကို ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်အပြည့်ကို အပြည့်အဝ ခံစားရမယ့် F series ရဲ့ မျိုးဆက်သစ် F11 Pro ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

ရှေ့လကမှ မြန်မာပြည်မှာ စတင် မိတ်ဆက်ခဲ့တဲ့ OPPO F11 Pro ဟာဆိုရင်တော့ အလယ်ကနေ ထွက်ရှိလာတဲ့ pop-up selfie camera နဲ့ ဘေးဘောင်တွေ notch တွေမပါဘဲ တကယ့် မျက်နှာပြင်အပြည့် ခံစားမှုကို ရရှိစေမှာပါ။ ၉၀.၉% screen to body ratio နဲ့ crescent curve ဒီဇိုင်းတွေက ဖုန်းသုံးပြီး တီဗီကြည့်တဲ့အခါမျိုးတွေ၊ ဂိမ်းဆော့တဲ့ အခါမျိုးတွေမှာ ကောင်းမွန်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ၆.၅ လက်မ အရွယ်ရှိတဲ့ မျက်နှာပြင်အရွယ်အစား ပါဝင်တဲ့ F11 Pro ကိုတော့ မြန်မာနိုင်ငံမှာ ရောင်းချလျက်ရှိပြီး ၄၉၉၉၀၀ ကျပ်နဲ့ နိုင်ငံအနှံ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။