OPPO ရဲ့ INNO Day 2020 အတွက်ပြင်ဆင်မှုတွေအကြောင်းဖော်ပြတဲ့သတင်းတစ်ပုဒ်မှာ သူတို့ရဲ့ စမတ်ဖုန်းဒီဇိုင်း မူပိုင်ခွင့်တစ်ခုလည်း ပါဝင်လာခဲ့ပါတယ်။ ဒီ ဒီဇိုင်းအရ ဟန်းဆက်ဟာ Circular pop-up selfie camera module နဲ့ 15x hybrid zoom camera module တို့ ပါဝင်တာကို တွေ့ရပါတယ်။

LetsGoDigital က OPPO ရဲ့ ဒီဇိုင်းမူပိုင်ခွင့်ပုံတွေကို ရှာဖွေဖော်ထုတ်ခဲ့တာဖြစ်တဲ့အတွက် သတင်းရင်းမြစ်ကတော့ ခိုင်လုံနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း LetsGoDigital ဟာ OPPO ရဲ့ Extendable display နဲ့ဟန်းဆက်ရဲ့ မူပိုင်ခွင့်အကြောင်းကို ထုတ်ဖော်ခဲ့ပါသေးတယ်။ INNO Day 2020 မှာတော့ ဒါတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အရှေ့ဘက်အတွက် Circular pop-up selfie camera module ဆိုပေမယ့် ကျောဘက်မှာတော့ 15x hybrid zoom စွမ်းဆောင်ရည်အပါအဝင် ကင်မရာသုံးလုံးတပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ ကင်မရာဖွဲ့စည်းပုံကတော့ အလျားတိုက် တန်းစီထားတဲ့ ပုံစံပါ။ ဒါ့အပြင် အခုနောက်ပိုင်း ပရီမီယံ စမတ်ဖုန်းအတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်တဲ့ 3.5mm headphone jack ကိုလည်းတွေ့မြင်နေရတုန်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဇိုင်းမူပိုင်ခွင့်အဆင့်မှာပဲရှိသေးတာကြောင့် စီးပွားဖြစ်ထုတ်လုပ်မှုအနေနဲ့ မြင်တွေ့လာရမလားဆိုတာကို သေချာမပြောနိုင်သေးပါဘူး။ နောက်တစ်ချက်က ဒီဇိုင်းပုံကြမ်းအရ Periscope camera ဖြစ်နိုင်တယ်လို့လည်း သံသယဝင်စရာရှိခဲ့ကြပြီး၊ အခုနောက်ဆုံးသတင်းအရ ညာဘက်က တတိယကင်မရာဟာ Periscope lens ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

Ref: Gizmochina