[Zawgyi]








[Unicode]

Counterpoint Research Report ထုတ်ပြန်ချက်အရ အာရှတိုက်မှာ အကောင်းဆုံး နံပါတ် ၁ စမတ်ဖုန်းနေရာကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ OPPO

၂၀၁၉ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်လိုက်တဲ့ Quarter 1 Counterpoint Research Report ကြေငြာချက်အရ ထူးခြားဆန်းသစ်တဲ့ နည်းပညာ၊ ခေတ်ရှေ့ပြေးဒီဇိုင်းတွေနဲ့ စမတ်ဖုန်းတွေကို ဖန်တီးထုတ်လုပ်လျက်ရှိတဲ့ OPPO သည် Xiaomi နဲ့အတူ ကမ္ဘာ့စမတ်ဖုန်း Brand နံပါတ် ၄နေရာတွင် ပူးတွဲရပ်တည်နိုင်ခဲ့သလို အာရှမှာလည်း Xiaomi၊ Vivo တို့နဲ့အတူ နံပါတ် ၁ နေရာတွင် ပူးတွဲရပ်တည်နေပါတယ်။

OPPO သည် mid-range စမတ်ဖုန်းလောကကို ဦးဆောင်ရုံသာမက OPPO Find X နဲ့ အသစ်ထွက်ရှိထားတဲ့ OPPO Reno 10x Zoom တို့ဖြင့်လည်း Premium စမတ်ဖုန်းလောကထဲကို ချင်းနင်းဝင်ရောက်လာပါတယ်။ ၁၀ဆထိချဲ့နိုင်တဲ့ 10x Hybrid Zoom၊ အဆ၆၀ထိချဲ့နိုင်တဲ့ 60x Digital Zoom နဲ့အတူ ကမ္ဘာ့ပထမဆုံး Pivot Rising Camera ထည့်သွင်းထားတဲ့ OPPO Reno 10x Zoom စမတ်ဖုန်းဟာဆိုရင် OPPO မှ ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးOPPO ဖုန်းတစ်လုံးအဖြစ် နာမည်ကြီး review website တစ်ခုဖြစ်တဲ့ The Verge ရဲ့ ထောက်ခံမှုကို တစ်ခဲနက် ရယူနိုင်ခဲ့သလို ပြည်တွင်းဈေးကွက်မှာလည်း ၂ ပတ်အတွင်း ရောင်းကုန်သွားခဲ့ပါတယ်။

OPPO သည် ယခုလိုအောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ကြောင့် ကမ္ဘာ့ဖုန်းလောကရဲ့ နေရာတစ်ခုမှာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီး Premium စမတ်ဖုန်း brand တစ်ခု အဖြစ်သို့လည်း ပြောင်းလဲဦးတည် လာနေပြီဖြစ်တယ်။

Reno 5G ကို ဥရောပမှာ ပထမဆုံးမိတ်ဆက်ပေးခဲ့သလို ဥရောပရှိ ကမ္ဘာကျော်ပြိုင်ပွဲများနဲ့လည်း Premium Partner အဖြစ်လက်တွဲခဲ့

ဧပြီလ (၂၄) ရက်တွင် OPPO Reno 5G ကို ဆွစ်ဇာလန်နှင့် အင်္ဂလန်နိုင်ငံတို့တွင် မိတ်ဆက်ပေးခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းလောကတွင် 5G စမတ်ဖုန်းကို ပထမဆုံးရောင်းချပေးနိုင်ခဲ့တဲ့ စမတ်ဖုန်း Brand တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆက်လက်၍ ဇူလိုင်လကုန်တွင် OPPO Reno 5G ကို TIM (Telecom Italia Mobile) နှင့် ပူးပေါင်းပြီး အီတလီနိုင်ငံမှ စမတ်ဖုန်းသုံးစွဲသူများအတွက် ထပ်မံမိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO သည် Emirates, Lacoste, Peugeot နှင့် Rolex အစရှိတဲ့ ဥရောပနာမည်ကြီး ကမ္ဘာကျော် အမှတ်တံဆိပ်တွေနှင့် လက်တွဲခဲ့ရုံသာမက အားကစားလောကတွင် နာမည်ကျော်ပြိုင်ပွဲတွေဖြစ်တဲ့ The Championships၊ Wimbledon နှင့် Roland-Garros ပြိုင်ပွဲတွေနှင့်လည်း တရားဝင် Premium Partner အဖြစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။

ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက်တွင် ထည့်သွင်းထားတဲ့ Under-Screen Camera (USC) ကိုလည်း မိတ်ဆက်ပေးခဲ့

နောက်ပြီး OPPO မှ ခေတ်ရှေ့ပြေးနည်းပညာသစ်တစ်ခုဖြစ်တဲ့ Under-Screen Camera (USC) ကိုလည်း ရှန်ဟိုင်းတွင် ကျင်းပခဲ့သည့် MWC 2019 ပွဲတွင် စတင်ပွဲထုတ်ခဲ့ပြီး နိုင်ငံတကာသတင်းမီဒီယာများနှင့် စမတ်ဖုန်းချစ်သူများ၏ စိတ်ဝင်စားမှုကို သိသိသာသာ ဖမ်းစားခဲ့ပါတယ်။ USC နည်းပညာသစ်တွင် အရှေ့ဘက် ကင်မရာကို screen အတွင်း ထည့်သွင်းပေါင်းစပ်လိုက်ခြင်းဖြင့် ဖုန်းအသုံးပြုသူတွေသည် မျက်နှာပြင်ပြည့် screen ပေါ်တွင် ဓာတ်ပုံရိုက်ခြင်း၊ face unlock နှင့် video call ခေါ်ဆိုခြင်းများကို လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ OPPO သည် water drop notch မှ စတင်ကာ pivot တည်ဆောက်ပုံသို့ ပြောင်းလဲပြီး ထပ်မံ၍ ပိုမိုကောင်းမွန်တဲ့ Under Screen Camera (USC) နည်းပညာသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ခြင်းကြောင့် အနာဂတ်မှာ နည်းပညာ အသစ်အဆန်းတွေ၊ တီထွင်ဆန်းသစ်မှုတွေ ပေါင်းစပ်ဖန်တီးထားတဲ့ OPPO စမတ်ဖုန်းများကို ဖုန်းအသုံးပြုသူတွေ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့အသုံးပြုနိုင်တော့မှာ အမှန်ပါပဲ။