ကောင်းတဲ့အချက်

Oppo R11 မှာ အနောက်ကင်မရာက ကောင်းပြီး ဘက်ထရီလည်း ကြာရှည်ခံကာ ဈေးနှုန်းလည်း တခြား iPhone 7 တို့ Samsung Galaxy S8 တို့နဲ့ ယှဉ်ရင် ဈေးနှုန်းသင့်တင့်ပါတယ်။

မကောင်းတဲ့အချက်

OnePlus 5 စမတ်ဖုန်းနဲ့ စွမ်းဆောင်နိုင်စွမ်းတွေ တူညီပေမယ့် သူ့ Hardware နဲ့ Software ပုံစံတွေက Apple ဖုန်းပုံစံနဲ့ ဆင်တင်တင်ဖြစ်နေပါတယ်။

စွမ်းဆောင်ရည်မြင့်ဖုန်းကို လည်း ကိုင်ချင်ပြီး iPhone 7 တို့ Galaxy S8 တို့လောက် ပိုက်ဆံအများကြီး မသုံးချင်တဲ့အခါမှာ ပြန်စဉ်းစားသင့်တာကတော့ Oppo R 11 စမတ်ဖုန်းဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် ၅.၅ လက်မရှိပြီး ကင်မရာကောင်းကောင်းနဲ့ ဘက်ထရီလည်း ကြာရှည်ခံပါတယ်။ ဈေးနှုန်းကဆိုရင် Apple တို့ Samsung စမတ်ဖုန်းတွေ ထက်နည်းပြီး အမေရိကန်ဒေါ်လာ ၄၀၀ ၀န်းကျင်လောက်ဘဲ ရှိပါတယ်။

Oppo ဖုန်းကုမ္ပဏီက ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အကြီးဆုံး ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ နာမည်ကြီး ကျော်ကြားပါတယ်။

အရင်ကတော့ ဈေးနှုန်းသင့်တင့်တဲ့ Android ဖုန်းတွေ သာ ထုတ်တာများပါတယ်။

ကင်မရာ

Oppo R 11 ကို Selfie ကောင်းကောင်းရိုက်လို့ရအောင် အရှေ့ကင်မရာကို 20 Megapixel နဲ့ ထုတ်လုပ်ထားပါတယ်။

Galaxy S8 ဆိုရင် 8 MP၊ iPhone 7 Plus ဆို 7 MP နဲ့ One Plus 5 ဆိုရင် 16 MP တို့သာ သုံးထားတာပါ။

အနောက်ကင်မရာမှာတော့ Dual ကင်မရာဖြစ်တဲ့ 20 နဲ့ 16 Megapixel ကင်မရာတွေ သုံးထားပါတယ်။

Dual-Lens ကင်မရာကို Huawei P10 မှာ စသုံးခဲ့ပြီးနောက် iPhone 7 Plusတို့ OnePlus 5 တို့လည်း နောက်ပိုင်းသုံးလာပါတယ်။

အများအားဖြင့် Dual Lens ကင်မရာတွေကို Portrait ရိုက်တဲ့နေရာမှာသုံးလေ့ရှိပြီး DSLR ကင်မရာလို အနောက် Background ၀ါးပြီး အရှေ့ Subject ကို Focus ဖြတ်ပြီး ရိုက်ကြတာပါ။

တချို့ စမတ်ဖုန်းကင်မရာတွေက ၀ါးတဲ့နေရာမှာ နေရာမှားပြီး ၀ါးနေသလိုမျိုး ပြဿနာတွေရှိပေမယ့် Oppo R11 မှာ ဒီပြဿနာမရှိပါဘူး။

အဲဒီအပြင် Full HD စခရင်ရှိပြီး ကင်မရာက Low-Light မှာလည်း ရိုက်လို့ရပါတယ်။

ဗီဒီယိုရိုက်ရင်လည်း HD မဟုတ်တော့ဘဲ 4 K အရည်အသွေး ရနေပါပြီ။

ဘက်ထရီ

ဘက်ထရီအားခံနိုင်ရည်များတာကို ကြိုက်တဲ့သူတွေအတွက်ကတော့ R11 စမတ်ဖုန်းက သင့်တော်ပါတယ်။ ဘက်ထရီအားက ၁၄ နာရီနဲ့ ၄၅ မိနစ် ခံပါတယ်။ One Plus 5 ဆိုရင်တော့ ၁၇ နာရီ၊ Galaxy S8 ဆိုရင် ၁၆ နာရီ၊ iPhone 7 Plus ဆိုရင် ၁၂ နာရီခံပေမယ့် သူ့ဈေးနှုန်းနဲ့သူဆိုရင်တော့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

Processor

Processor အနေနဲ့ Qualcomm Snapdragon 660 Processor ကို အသုံးပြုထားပြီး RAM 4 GB သုံးထားတာကြောင့် ဂိမ်းကြီးကြီးမားမားတွေ ဆော့နိုင်ပါတယ်။ Storage ကတော့ 64 GB ရှိပြီး ဘက်ထရီက 3000 mAh ကို အသုံးပြုထားပါတယ်။