Oppo ကနေ ယခုလကုန်ပိုင်းလောက်မှာ R15 စမတ်ဖုန်းကို ထုတ်လုပ်လာမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Oppo ကနေ R15 ဖုန်းကို တရားဝင်ထုတ်ပြန်ကြေငြာမယ့် အချိန်ကို တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် R15 စမတ်ဖုန်းရဲ့ ကြော်ငြာထွက်ပေါ်လာပြီပြီဖြစ်ပါတယ်။

အခု Oppo R15 စမတ်ဖုန်းဟာ 6.28″ 2280×1080 Display ပါဝင်လာမှာဖြစ်ပြီးတော့ Apple iPhone X စမတ်ဖုန်းလိုမျိုး Notch Bar ပါဝင်လာမယ်လို့ သိရပါတယ်။

Oppo R15 စမတ်ဖုန်းဟာ Android Version 8.1 Oreo နဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ Mediatek Helio P70 Processor ၊ RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာပဲဖြစ်ပါတယ်။ ကင်မရာအနေနဲ့ကတော့ 20MP Selfie Camera နဲ့အတူ 16+5MP Dual Back Camera ပါဝင်မယ်လို့ သိရပါတယ်။

အခုကြော်ငြာအရတော့ Oppo R15 စမတ်ဖုန်းတွေဟာ ရေစိုဒါဏ်ကိုပါ ခံနိုင်ဦးမယ့်ပုံပါပဲ။