Oppo ကနေ သူရဲ့ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Oppo R15 နဲ့ R15 Plus ဖုန်းတွေကို မကြာခင်ထုတ်ပြတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာ တရုတ်နိုင်ငံက Social Media တစ်ခုဖြစ်တဲ့ Weibo Website မှာ Oppo R15 အတွက် အချက်အလက်တွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

Oppo ကနေ R15 နဲ့ R15 Plus စမတ်ဖုန်းတွေဟာ 6.28″ အရွယ်အစားရှိတဲ့ 1080×2280 Resolution AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ဒီဇိုင်းအရ တူညီမှာဖြစ်ပါတယ်။

Specifications တွေအရတော့ Oppo R15 စမတ်ဖုန်းဟာ MediaTek Helio P60 CPU ကိုအသုံးပြုထားမှာဖြစ်ပြီးတော့ R15 Plus စမတ်ဖုန်းမှာတော့ Snapdragon 660 CPU ကို အသုံးပြုထားမှာပါ။ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပြီး Storage ကတော့ 128GB ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာအနေနဲ့ 20MP Selfie Camera ကင်မရာပါဝင်မှာဖြစ်ပြီးတော့ Back Camera ကတော့ Dual 16MP + 20MP Camera တွေတပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ 3400mAh ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။