[Zawgyi]

ဂ်ပန္ႏိုင္ငံဟာ နည္းပညာအလန္းစားေတြကို အၿမဲတမ္းဦးေဆာင္ရရွိေနတတ္တဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ ေနာက္မွာက်န္ခဲ့ပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ In-display fingerprint ပါဝင္တဲ့ Smartphone ကို ဦးဆုံး အသုံးျပဳရတဲ့ႏိုင္ငံမဟုတ္ခဲ့လို႔ပါပဲ။ ဘာပဲျဖစ္ျဖစ္ တ႐ုတ္စမတ္ဖုန္းကုမၸဏီကေတာ့ သူတို႔ရဲ႕ R17 Neo ကို ဂ်ပန္ႏိုင္ငံမွာ ျဖန႔္ခ်ိေနပါၿပီ။

စိတ္ဝင္စားစရာ R17 Neo ဟာ Oppo K1, R15X တို႔လိုပဲ Oppo R17 ေပၚ အေျခခံထားတာပါ။ ဒါေၾကာင့္ 6.4-inches AMOLED display ေပၚမွာ Teardrop notch ရွိေနမယ္၊ 1080p+ resolution ရွိေနပါမယ္။ သူ႔ရဲ႕ Fingerprint reader တည္ေဆာက္ထားပုံကေတာ့ အနည္းငယ္ စိတ္ဝင္စားစရာေကာင္းပါတယ္။ ေက်ာဘက္ကိုလည္း သစ္လြင္တဲ့ ေရာင္ေျပးႏွစ္မ်ိဳးနဲ႔ ျပဳလုပ္ထားပါတယ္။

အတြင္းပိုင္း စြမ္းေဆာင္ရည္အတြက္ ေျပာင္းလဲမႈ ျပဳလုပ္ထားပုံကေတာ့ အသင့္အတင့္ပဲ ေကာင္းမြန္တယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ Oppo R17 Neo ကို Snapdragon 660 chipset(S670 ကေန က်သြားတာပါ) , 4GB of RAM(6-8GB တို႔အစား ေလွ်ာ့လိုက္တာပါ) တို႔နဲ႔ တည္ေဆာက္ေပးထားလို႔ပါပဲ။ သိုေလွာင္မႈ ပမာဏကေတာ့ 128GB ျဖစ္ပါတယ္။ လိုအပ္ရင္ MicroSD လည္း စိုက္လို႔ရပါေသးတယ္။

ကင္မရာပိုင္းမွာလည္း အေျပာင္းအလဲေတြ ျပဳလုပ္ထားပါေသးတယ္။ အေနာက္ကင္မရာႏွစ္လုံးထဲက အဓိက ကင္မရာမွာေတာ့ 16MP Sensor က်န္ရွိေနပါေသးတယ္။ ဒါေပမယ့္ Depth Sensor ကေတာ့ (5MP အစား) 2MP ျဖစ္သြားပါတယ္။ ႀကီးႀကီးမားမားႀကီး ေျပာင္းလဲသြားတာမဟုတ္ဘူးလို႔ ဆိုႏိုင္ေပမယ့္ ဒီဇိုင္းပိုင္းကေတာ့ ေျပာင္းလဲသြားတာကို ေတြ႕ရပါတယ္။ Selfie Camera ကေတာ့ 25MP အျဖစ္ မေျပာင္းမလဲ ရွိေနပါေသးတယ္။

Oppo အေနနဲ႔ ဘာေၾကာင့္ ဒီလိုမ်ိဳးအေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ရသလဲဆိုတာကို ေမးခြန္းထုတ္စရာပါပဲ။ ဒါေပမယ့္ Neo အေနနဲ႔ကေတာ့ အေလးခ်ိန္ ေလ်ာ့သြားပါတယ္။ Vanilla R17 က 182g ရွိေပမယ့္ Neo ကေတာ့ 156g ျဖစ္သြားပါတယ္။ ဒါေပမယ့္ ဘက္ထရီပိုင္းမွာေတာ့ ပိုတိုးလာပါတယ္။ 3,600mAh ျဖစ္သြားတာကိုလည္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ ေျပာင္းလဲသြားတဲ့ အခ်က္အလက္ေတြက အမွန္ေတြလားလို႔ေတာင္ အံ့အားသင့္ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Oppo ကေတာ့ အေျပာင္းအလဲေတြ လုပ္ခဲ့တာ ေသခ်ာပါတယ္။

Ref: gsmarena

 

[Unicode]

ဂျပန်နိုင်ငံဟာ နည်းပညာအလန်းစားတွေကို အမြဲတမ်းဦးဆောင်ရရှိနေတတ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ နောက်မှာကျန်ခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ In-display fingerprint ပါဝင်တဲ့ Smartphone ကို ဦးဆုံး အသုံးပြုရတဲ့နိုင်ငံမဟုတ်ခဲ့လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် တရုတ်စမတ်ဖုန်းကုမ္ပဏီကတော့ သူတို့ရဲ့ R17 Neo ကို ဂျပန်နိုင်ငံမှာ ဖြန့်ချိနေပါပြီ။

စိတ်ဝင်စားစရာ R17 Neo ဟာ Oppo K1, R15X တို့လိုပဲ Oppo R17 ပေါ် အခြေခံထားတာပါ။ ဒါကြောင့် 6.4-inches AMOLED display ပေါ်မှာ Teardrop notch ရှိနေမယ်၊ 1080p+ resolution ရှိနေပါမယ်။ သူ့ရဲ့ Fingerprint reader တည်ဆောက်ထားပုံကတော့ အနည်းငယ် စိတ်ဝင်စားစရာကောင်းပါတယ်။ ကျောဘက်ကိုလည်း သစ်လွင်တဲ့ ရောင်ပြေးနှစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။

အတွင်းပိုင်း စွမ်းဆောင်ရည်အတွက် ပြောင်းလဲမှု ပြုလုပ်ထားပုံကတော့ အသင့်အတင့်ပဲ ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ Oppo R17 Neo ကို Snapdragon 660 chipset(S670 ကနေ ကျသွားတာပါ) , 4GB of RAM(6-8GB တို့အစား လျှော့လိုက်တာပါ) တို့နဲ့ တည်ဆောက်ပေးထားလို့ပါပဲ။ သိုလှောင်မှု ပမာဏကတော့ 128GB ဖြစ်ပါတယ်။ လိုအပ်ရင် MicroSD လည်း စိုက်လို့ရပါသေးတယ်။

ကင်မရာပိုင်းမှာလည်း အပြောင်းအလဲတွေ ပြုလုပ်ထားပါသေးတယ်။ အနောက်ကင်မရာနှစ်လုံးထဲက အဓိက ကင်မရာမှာတော့ 16MP Sensor ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် Depth Sensor ကတော့ (5MP အစား) 2MP ဖြစ်သွားပါတယ်။ ကြီးကြီးမားမားကြီး ပြောင်းလဲသွားတာမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ဒီဇိုင်းပိုင်းကတော့ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ Selfie Camera ကတော့ 25MP အဖြစ် မပြောင်းမလဲ ရှိနေပါသေးတယ်။

Oppo အနေနဲ့ ဘာကြောင့် ဒီလိုမျိုးအပြောင်းအလဲတွေ ပြုလုပ်ခဲ့ရသလဲဆိုတာကို မေးခွန်းထုတ်စရာပါပဲ။ ဒါပေမယ့် Neo အနေနဲ့ကတော့ အလေးချိန် လျော့သွားပါတယ်။ Vanilla R17 က 182g ရှိပေမယ့် Neo ကတော့ 156g ဖြစ်သွားပါတယ်။ ဒါပေမယ့် ဘက်ထရီပိုင်းမှာတော့ ပိုတိုးလာပါတယ်။ 3,600mAh ဖြစ်သွားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပြောင်းလဲသွားတဲ့ အချက်အလက်တွေက အမှန်တွေလားလို့တောင် အံ့အားသင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Oppo ကတော့ အပြောင်းအလဲတွေ လုပ်ခဲ့တာ သေချာပါတယ်။

Ref: gsmarena