မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒီဇင်ဘာလ (၁၇) ရက်။ ။ OPPO ၏ ကမ္ဘာ့လူကြိုက်အများဆုံး စီးရီး တစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိသော R စီးရီးမှ အသစ်တဖန် ထွက်ရှိလာသည့် OPPO R 17 Pro တွင် စတိုင်ကျကျ ကျစ်လျစ်လှပသည့် ဒီဇိုင်းကာလာနှင့်အတူ OPPO ၏ နောက်ဆုံးပေါ်နည်းပညာ ဖြစ်သော ၁၀ မိနစ်အတွင်း ၄၀% အားပြည့်စေမည့် SuperVOOC အမြန်အားသွင်းစနစ်လည်း ပါဝင်ထည့်သွင်းထားသည်။

ကြီးမားသည့် 50Watt ပါဝင်သော OPPO R17 Pro ၏ SuperVOOC အမြန်အားသွင်းစနစ် သည် 5V5A VOOC လျှပ်စီးဗို့ အားရှိ 1850mAh ဘက်ထရီနှစ်ခု အား ပူးတွဲတပ်ဆင်ကာ တစ်ပြိုင်နက်တည်း အားဖြည့်သွင်းပေးနိုင်သောကြောင့် အားသွင်းနှုန်းကို သိသာထင်ရှားစွာ မြန်ဆန်သွက်လက်စေရုံသာမက 3700mAh ဘက်ထရီနှင့် ထပ်တူညီမျှသော လုပ်ဆောင်ချက် များကို ပေးအပ်သွားမှာ ဖြစ်သည်။ နာမည်ကြီး TÜV ကုမ္ပဏီ၏ အသိအမှတ်ပြုခြင်းကို ရရှိထားသော SuperVOOC အမြန်အားသွင်းစနစ်သည် စမတ်ဖုန်းအား ၁၀ မိနစ်အတွင်း ၄၀% အားဖြည့်ပေးနိုင်ပြီး ၃၅ မိနစ် ခန့်အတွင်း ၁၀၀% အထိ အားပြည့်စေမှာ ဖြစ်ပါသည်။ အားသွင်းရာတွင်လည်း သီးသန့် ထုတ်လုပ်ထားသည့် Chipset 5 ခုကို ထည့်သွင်းပေးထားသောကြောင့် ဗို့အားနှင့် အပူရှိန်တို့ကို သင့်တင့်မျှတစွာ ထိန်းချုပ်ပေးပြီး ပိုမိုလုံခြုံစေသော ဗို့အားနည်း အားသွင်းခြင်းဖြင့် ဘက်ထရီကို အပူလွန်ကဲခြင်းဒဏ် မှ သိသိသာသာ ကာကွယ်ပေးထားသည်။ ထို့အပြင် Charging Scan Chip လည်း ထောက်ပံ့ထားသောကြောင့် အားသွင်းကြိုးနှင့် SuperVOOC ဘက်ထရီတို့၏ ကိုက်ညီမှုအား AI Scan ပေးခြင်းဖြင့် အားသွင်းချိန်တွင် ဘက်ထရီလုံခြုံရေးကို တိကျစွာ စီစစ်ပေးထားသည်။ ဘက်ထရီအား အကုန် မြန်စေသည့် PUBG ဂိမ်းနှင့် Anera of Valor ဂိမ်းများကို အားသွင်းနေစဉ်ပင် လုံခြုံစိတ်ချစွာ ဆော့ကစားနိုင်ပြီး ဘက်ထရီ၏ အဆင့်မြင့်စွမ်းဆောင်ချက်များကြောင့် စမတ်ဖုန်းကို heat တက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

ပမာဏကြီးမားပြီး စွမ်းဆောင်ရည် ပိုမြင့်မားသော 8GB RAM နှင့်အတူ Qualcomm Snapdragon 710 တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော R17 Pro စမတ်ဖုန်းသည် ရာနှုန်းပြည့် သွက်လက်မြန်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် ပုံမှန်ဖုန်း အသုံးပြုသူများအား အားရကျေနပ်မှုကို အပြည့်အဝ ခံစားစေနိုင်သလို ဂိမ်းကစားသူများ အများအပြား တွေ့ကြုံခံစားရသော ထစ်ငေါ့ခြင်း၊ ဖုန်းဟန်းခြင်း ဒုက္ခတို့မှ ကင်းဝေးစေပြီး အချောမွေ့ဆုံး နှင့် အကောင်းဆုံးသော ဂိမ်းကစားခြင်း အတွေ့အကြုံကိုလည်း ပေးအပ်သွားနိုင်မှာဖြစ်ပါသည်။

3D မြူပုံစံ အရောင်ပြေးကိုယ်ထည် ဒီဇိုင်း၊ ထူးခြားသွက်လက်သည့် In-Display Fingerprint, Color OS 5.2, Smart Bar တို့နှင့်အတူ အသွင်မတူ ဆန်းကြယ်သော ခံစားချက်အထိအတွေ့များ ယူဆောင်လာပေးမည့် OPPO R17 Pro ကို (၈၉၉,၉၀၀) ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ရောင်းချနေပြီဖြစ်သည်။