Zawgyi

ဒီေန႔မွာေတာ့ Oppo R19 ရဲ႕ ဓာတ္ပုံေတြဟာ Weibo ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံေတြအရ Oppo R19 ရဲ႕ Screen-to-body ratio ဟာ 100% နီးပါးအထိ ျဖစ္လာႏိုင္တာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ Waterdrop Notch Display အစား Display ကို ေဖာက္ထြင္းၿပီး တပ္ဆင္ထားတဲ့ Front-facing Camera ကိုလည္း ေတြ႕ျမင္ႏိုင္ပါတယ္။ Oppo F9, Oppo R17, Vivo V11 တို႔လို Waterdrop Notch Display ေတြနဲ႔ ယွဥ္မယ္ဆိုရင္ အမ်ားႀကီး တိုးတက္ေျပာင္းလဲလာတဲ့ နည္းပညာ တစ္ခုလို႔ ဆိုရမွာပါ။

Oppo R17 Pro မွာတုန္းက In-display Fingerprint Sensor ကိုထည့္သြင္းခဲ့တာေၾကာင့္ Oppo R19 မွာလည္း In-display Fingerprint Sensor ပါဝင္လာႏိုင္ဖြယ္ ရွိပါတယ္။ ဒီဇိုင္းပိုင္းမွာေတာ့ Oppo R17 လိုမ်ိဴး Gradient Color လို႔ေခၚတဲ့ အေရာင္ေျပး ကာလာေလးနဲ႔ ပြဲထြက္လာႏိုင္ၿပီး Dual Camera ကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ထားႏိုင္ပါတယ္။ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ OnePlus 6T ဟာဆိုရင္ Oppo R17 နဲ႔ Oppo R17 Pro တို႔ရဲ႕ ဒီဇိုင္းနဲ႔ ဆင္တူေနတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ အသစ္ထြက္ရွိလာမယ့္ OnePlus 7 မွာလည္း အဆိုပါ ဒီဇိုင္းကို အသုံးျပဳထားႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Oppo နဲ႔ OnePlus တို႔ဟာ မိခင္ကုမၸဏီတစ္ခုတည္းကေန ခြဲထြက္ထားတာေၾကာင့္ ဒီဇိုင္းေတြကို မွ်ေဝသုံးစြဲေနတာ ျဖစ္ႏိုင္တယ္။ Display ကိုေဖာက္ထြင္းၿပီး ထည့္သြင္းတပ္ဆင္ထားမယ့္ Front-facing Camera ပါတဲ့ Oppo R19 ကို ၂၀၁၉ခုႏွစ္ မတ္လထဲမွာ ျမင္ေတြ႕ႏိုင္ေၾကာင္း ကြၽမ္းက်င္ ပညာရွင္မ်ားက သုံးသပ္ထားပါတယ္။

Ref:phonearena

Unicode

Display ကို ဖောက်ထွင်းပြီး တပ်ဆင်ထားမယ့် Front-facing Camera နဲ့ ပွဲထွက်လာနိုင်တဲ့ Oppo R19

ဒီနေ့မှာတော့ Oppo R19 ရဲ့ ဓာတ်ပုံတွေဟာ Weibo ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရ Oppo R19 ရဲ့ Screen-to-body ratio ဟာ 100% နီးပါးအထိ ဖြစ်လာနိုင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် Waterdrop Notch Display အစား Display ကို ဖောက်ထွင်းပြီး တပ်ဆင်ထားတဲ့ Front-facing Camera ကိုလည်း တွေ့မြင်နိုင်ပါတယ်။ Oppo F9, Oppo R17, Vivo V11 တို့လို Waterdrop Notch Display တွေနဲ့ ယှဥ်မယ်ဆိုရင် အများကြီး တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ တစ်ခုလို့ ဆိုရမှာပါ။

Oppo R17 Pro မှာတုန်းက In-display Fingerprint Sensor ကိုထည့်သွင်းခဲ့တာကြောင့် Oppo R19 မှာလည်း In-display Fingerprint Sensor ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ Oppo R17 လိုမျိူး Gradient Color လို့ခေါ်တဲ့ အရောင်ပြေး ကာလာလေးနဲ့ ပွဲထွက်လာနိုင်ပြီး Dual Camera ကို နောက်ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားနိုင်ပါတယ်။ မကြာခင် ထွက်ရှိလာတော့မယ့် OnePlus 6T ဟာဆိုရင် Oppo R17 နဲ့ Oppo R17 Pro တို့ရဲ့ ဒီဇိုင်းနဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အသစ်ထွက်ရှိလာမယ့် OnePlus 7 မှာလည်း အဆိုပါ ဒီဇိုင်းကို အသုံးပြုထားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုထားကြပါတယ်။

Oppo နဲ့ OnePlus တို့ဟာ မိခင်ကုမ္ပဏီတစ်ခုတည်းကနေ ခွဲထွက်ထားတာကြောင့် ဒီဇိုင်းတွေကို မျှဝေသုံးစွဲနေတာ ဖြစ်နိုင်တယ်။ Display ကိုဖောက်ထွင်းပြီး ထည့်သွင်းတပ်ဆင်ထားမယ့် Front-facing Camera ပါတဲ့ Oppo R19 ကို ၂၀၁၉ခုနှစ် မတ်လထဲမှာ မြင်တွေ့နိုင်ကြောင်း ကျွမ်းကျင် ပညာရှင်များက သုံးသပ်ထားပါတယ်။

Ref:phonearena