[Zawgyi]

MediaTek ကေတာ့ သူ႔ရဲ႕ အသစ္ဆံုး အေကာင္းဆံုး Upper-Midrange Chipset ကို ထုတ္ဖုိ႔ ျပင္ေနပါျပီ။ ထြက္လာခ်ိန္မွာေတာ့ Helio P80 ဆိုတ့ဲနာမည္နဲ႔ ထြက္လာမွာျဖစ္ျပီး အရင္တစ္ပတ္က ထြက္ခဲ့တဲ့ Benchmark မွာ ေဖာ္ျပခဲ့တဲ့အတုိင္း AI Performance ေတြ ပိုေကာင္းလာေတာ့မယ့္ပံုပါပဲ။

လာမယ့္ ၂၀၁၉ မွာထြက္မယ့္ Flagship ဖုန္းေတြမွာ သံုးလာမယ့္ Snapdragon 8150 ကို အမီလိုက္လာႏုိင္ေခ် ရိွမရိွကေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။ ဒါဆို ဒီ Helio P80 ကို ပထမဆံုးသံုးလာမယ့္ ဖုန္းက ဘယ္ဖုန္းျဖစ္ႏုိင္မလဲ?

ဒီေန႔မွာ ေဖာ္ျပလိုက္တဲ့သတင္းေတြအရေတာ့ ပထမဆံုးသံုးလာႏုိင္တဲ့ ဖုန္းက Oppo R19 ျဖစ္ႏုိင္ပါတယ္။ R17 ရဲ႕ ေနာက္ထြက္လာမယ့္ ဖုန္းျဖစ္ျပီး R17 တုန္းက Snapdragon 670 ကို သံုးခဲ့တာပါ။ Oppo အေနနဲ႔ကေတာ့ MediaTek ရဲ႕ Chipset ေတြကိုသံုးတာ သိပ္မထူးဆန္းပါဘူး။ အျမဲတမ္းသံုးေနက်ပါပဲ။

R15 တုန္းက Helio P60 ကိုသံုးခဲ့ေပမယ့္ R17 က်မွ Snapdragon ေျပာင္းသြားရတာက Oppo အေနနဲ႔ Performance ကို စိတ္တုိင္းမက်ခဲ့လို႔ ျဖစ္ပါလိမ့္မယ္။ အခုေတာ့ MTK အေနနဲ႔ Oppo ရဲ႕ ေမွ်ာ္လင့္ခ်က္ျပန္ရယူဖို႔ P80 ေတြကို အေကာင္းဆံုးထုတ္လုပ္ထားပံုရပါတယ္။

P80 ဟာလည္း TSMC ရဲ႕ 12nm Process ေပၚမွာ အေျခခံထားျပီး ARM cores ေတြသံုးထားတဲ့ Octa-Core CPU ပါပဲ။ GPU ကေတာ့ P60/P70 ေတြနဲ႔ ယွဥ္လိုက္ရင္ေတာ့ ပိုျမင့္သြားမွာပါ။ ၂၀၁၉ ပထမႏွစ္ဝက္ေလာက္မွာ မိတ္ဆက္လာႏုိင္တယ္ဆိုေတာ့ Oppo R19 ေတြမွာပဲ အရင္ဆံုး ျမင္ရႏုိင္ေခ်မ်ားေနပါတယ္။

Ref: GsmArena

[Unicode]

MediaTek ကတော့ သူ့ရဲ့ အသစ်ဆုံး အကောင်းဆုံး Upper-Midrange Chipset ကို ထုတ်ဖို့ ပြင်နေပါပြီ။ ထွက်လာချိန်မှာတော့ Helio P80 ဆိုတဲ့နာမည်နဲ့ ထွက်လာမှာဖြစ်ပြီး အရင်တစ်ပတ်က ထွက်ခဲ့တဲ့ Benchmark မှာ ဖော်ပြခဲ့တဲ့အတိုင်း AI Performance တွေ ပိုကောင်းလာတော့မယ့်ပုံပါပဲ။

လာမယ့် ၂၀၁၉ မှာထွက်မယ့် Flagship ဖုန်းတွေမှာ သုံးလာမယ့် Snapdragon 8150 ကို အမီလိုက်လာနိုင်ချေ ရှိမရှိကတော့ စောင့်ကြည့်ရပါဦးမယ်။ ဒါဆို ဒီ Helio P80 ကို ပထမဆုံးသုံးလာမယ့် ဖုန်းက ဘယ်ဖုန်းဖြစ်နိုင်မလဲ?

ဒီနေ့မှာ ဖော်ပြလိုက်တဲ့သတင်းတွေအရတော့ ပထမဆုံးသုံးလာနိုင်တဲ့ ဖုန်းက Oppo R19 ဖြစ်နိုင်ပါတယ်။ R17 ရဲ့ နောက်ထွက်လာမယ့် ဖုန်းဖြစ်ပြီး R17 တုန်းက Snapdragon 670 ကို သုံးခဲ့တာပါ။ Oppo အနေနဲ့ကတော့ MediaTek ရဲ့ Chipset တွေကိုသုံးတာ သိပ်မထူးဆန်းပါဘူး။ အမြဲတမ်းသုံးနေကျပါပဲ။

R15 တုန်းက Helio P60 ကိုသုံးခဲ့ပေမယ့် R17 ကျမှ Snapdragon ပြောင်းသွားရတာက Oppo အနေနဲ့ Performance ကို စိတ်တိုင်းမကျခဲ့လို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ MTK အနေနဲ့ Oppo ရဲ့ မျှော်လင့်ချက်ပြန်ရယူဖို့ P80 တွေကို အကောင်းဆုံးထုတ်လုပ်ထားပုံရပါတယ်။

P80 ဟာလည်း TSMC ရဲ့ 12nm Process ပေါ်မှာ အခြေခံထားပြီး ARM cores တွေသုံးထားတဲ့ Octa-Core CPU ပါပဲ။ GPU ကတော့ P60/P70 တွေနဲ့ ယှဉ်လိုက်ရင်တော့ ပိုမြင့်သွားမှာပါ။ ၂၀၁၉ ပထမနှစ်ဝက်လောက်မှာ မိတ်ဆက်လာနိုင်တယ်ဆိုတော့ Oppo R19 တွေမှာပဲ အရင်ဆုံး မြင်ရနိုင်ချေများနေပါတယ်။

Ref: GsmArena