တရုတ်နိုင်ငံဈေးကွက်ဟာ လက်ရှိကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဈေးကွက်တစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာတော့ Counterpoint Research ကနေ မနှစ်တုန်းက ရောင်းအားအကောင်းဆုံးသော စမတ်ဖုန်းတွေကို ဖော်ပြခဲ့ပါတယ်။

အခုတရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးသော စမတ်ဖုန်း List ထဲမှာ ပထမနေရာကို OPPO R9s က ရရှိသွားပြီးတော့ ဒုတိယနေရာမှာတော့ Apple iPhone 7 Plus က ရယူထားတာပဲဖြစ်ပါတယ်။ ကျန်တဲ့စမတ်ဖုန်းတွေကတော့ တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေဖြစ်တဲ့ OPPO ၊ Vivo နဲ့ Honor ဖုန်းတွေက ရယူထားတာဖြစ်ပါတယ်။

OPPO က အခုလိုမျိုး အောင်မြင်မှုရရှိလာတာဟာ အဆိုပါ OPPO စမတ်ဖုန်းတွေက ဈေးနှုန်းအနေနဲ့ အလွန်မြင့်မားနေတာမျိုးမဟုတ်ပဲ ဒေါ်လာ ၂၀၀ နဲ့ ၄၅၀ ကြားဝန်းကျင်စမတ်ဖုန်းတွေကိုပဲ အများအပြားထုတ်လုပ်ရောင်းချတာဖြစ်မယ်လို့ ယူဆရတယ်လို့ သိရပါတယ်။

Apple အနေနဲ့ မနှစ်တုန်းက iPhone 7 Plus နဲ့ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းနေရာကို မရယူနိုင်ခဲ့တာက Apple iPhone 8 နဲ့ iPhone X တွေရဲ့ ထွက်ရှိလာမှုကြောင့်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။