[Zawgyi]





Ref : playfuldroid

[Unicode]

တရုတ်မှာ Reno 2 Series ရဲ့ ပထမဆုံး Teaser Video ကို ပြသလိုက်တဲ့ OPPO

OPPO က သြဂုတ်လ ၂၉ ရက်မှာ Reno 2 Series Smartphones တွေကို အိန္ဒိယမှာကြေညာတော့မှာ ဖြစ်ပါတယ်။ တရုတ် ဆက်သွယ်ရေးကော်မရှင်မှာ Reno 2 ရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာတဲ့ အတွက် တရုတ်မှာလည်း မကြာခင်မှာ မိတ်ဆက်နိုင်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ OPPO က တရုတ်မှာ Reno 2 Series ရဲ့ ပထမဆုံး Teaser Video ကို ပြသလိုက်ပါတယ်။ Video မှာ ကြေညာမယ့်နေ့ကို မပြောထားပေမယ့် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

တရုတ်ဆက်သွယ်ရေးကော်မရှင်က သတင်းအချက်အလက်တွေအရ OPPO Reno 2 မှာ ၆.၅ လက်မ AMOLED Display ထည့်သွင်းထားပြီး Notch မပါပါဘူး။ မျက်နှာပြင် အရည်အသွေးက 1080×2340 pixels ဖြစ်ပါတယ်။ Snapdragon 730G Processor နဲ့ 8GB RAM တွေ ပါလာမှာ ဖြစ်ပါတယ်။ 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

OPPO Reno 2 မှာ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 48MP Main , 13MP , 8MP နဲ့ 2MP Cameras တွေ ဖြစ်ပါတယ်။ ငါးမန်းတောင် Pop-up Selfie Camera က 16MP ဖြစ်ပါတယ်။ VOOC 3.0 Flash Charge နည်းပညာ ပါတဲ့ 4,000mAh Battery ထည့်သွင်းထားနိုင်ပါတယ်။ 20x Hybrid Zoom နဲ့ Video Stabilization Features တွေ ပါလာမယ်လို့ ထင်ပါတယ်။

Android 9 Pie အခြေပြု ColorOS 6 ပါလာမှာပါ။ 20W Fast Charger ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အနက်၊ အစိမ်းနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Ref : playfuldroid