[Zawgyi]

ျမန္မာႏိုင္ငံတြင္မၾကာခင္ မိတ္ဆက္ေပးေတာ့မယ့္ OPPO Reno Series ဟာစတိုင္က်တဲ့ အျမင္နဲ႔ ဆန္းသစ္တဲ့ ဒီဇိုင္းေတြကို ေပါင္းစပ္ကာ တီထြင္ဖန္တီးထုတ္လုပ္ထားတဲ့ ဖုန္းေတြလို႔ ေျပာလို႔ရပါတယ္။ OPPO Reno Series အတြက္ OPPO Reno နဲ႔ OPPO Reno 10x Zoom ဆိုၿပီး ႏွစ္မ်ိဳး မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

OPPO Reno 10x zoom မွာ ၁၀ဆထိခ်ဲ႕ႏိုင္တဲ့ 10x Hybrid zoom နဲ႔ 60x Digital zoom တို႔အျပင္ F/1.7 aperture နဲ႔ 48MP Sony IMX 586 main camera, 8MP 120° Wide-Angle camera တို႔လည္းပါဝင္လာပါတယ္။ Reno 10x zoom ဟာ စမတ္ဖုန္းေလာကမွာ ပထမဆံုး periscope telephoto lens ပါဝင္တဲ့ စမတ္ဖုန္း ျဖစ္ၿပီး telephoto lens၊ 120° ultra wide angle lens နဲ႔ 48MP main camera lens ဆိုၿပီး focal-length capability ျပည့္၀တဲ့ lens သံုးခုပါ၀င္ပါတယ္။ ဒီ lens သုံးခုပူးေပါင္းၿပီး 10x Hybrid Zoom ေအာင္ျမင္ရန္ အတူတကြ လုပ္ေဆာင္ေပးပါတယ္။ 10x Hybrid Zoom ရဲ႕ နည္းပညာက focal length 16mm မွ 160mm အတြင္းတြင္ အလုပ္လုပ္ေသာေၾကာင့္ အေဝးမွာရွိေနတဲ့ အရာေတြကိုေတာင္ ေကာင္းမြန္စြာ ႐ိုက္ကူးေပးႏိုင္ပါတယ္။ 0.6x မွ 1x အထိေရာက္ရွိရန္ Ultra wide angle lens မွ လုပ္ေဆာင္ေပးၿပီး 1x မွ 5x အထိေရာက္ရွိရန္ Primary Lens ကကူညီလုပ္ေဆာင္ေပးပါတယ္။ ထို႔ေနာက္ 5x မွ 60x ထိေရာက္ရွိရန္ Telephoto Lens ကလုပ္ေဆာင္ေပးပါတယ္။ 0.6x, 1x ႏွင့္ 5x zoom ဆြဲရာတြင္ optical zoom ရရွိမွာျဖစ္ၿပီး 60x ထိ zoom ခ်ဲ႕ရာတြင္ digital zoom ရရွိမွာ ျဖစ္ပါတယ္။

Reno 10x Zoom မွာ အသုံးျပဳသူမ်ားအတြက္ ပိုမိုေကာင္းမြန္တဲ့ ေတြ႕အႀကဳံေတြ ရရွိႏိုင္ဖို႔ optical image stabilization (OIS) စနစ္ပါဝင္လာၿပီး main camera နဲ႔ telephoto lens ေတြကို ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြရရွိဖို႔ အကူအညီေပးပါတယ္။ ဒါ့အျပင္ OIS စနစ္ေၾကာင့္ အံ့ၾသေလာက္စရာပုံမ်ားကို လည္း႐ိုက္ကူးႏိုင္မွာျဖစ္ပါတယ္။

အေရွ႕ဘက္ ကင္မရာတြင္ Supercar Door Design ကို inspiration ယူထားတဲ့ ကမာၻ႔ပထမဆုံး Pivot Rising Camera ပါဝင္လာပါတယ္။ အေရွ႕ဘက္ကင္မရာထြက္ေပၚလာတဲ့ ပုံစံမွာ supercar တစ္စီး ရဲ႕ တံခါးပြင့္လာသလို ခံစားခ်က္မ်ိဳး ရရွိမွာျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာနဲ႔ ဓာတ္ပုံ႐ိုက္တာအတြက္လဲ OPPO Artisitic Portrait mode ေထာက္ပံ့ေပးထားပါတယ္။ အလင္းေရာင္ အားနည္းတဲ့အခ်ိန္ေတြမွာ အေရွ႕မွာပါတဲ့ Soft light ဟာ brightness ကို အလိုအေလ်ာက္ထည့္ေပးၿပီး ပိုၾကည္ၿပီး ပိုသဘာဝက်တဲ့ skin tone ကိုေပးစြမ္းႏိုင္မွာ ျဖစ္ပါတယ္။

OPPO မွ မၾကာခင္မိတ္ဆက္ေပးေတာ့မယ့္ Reno Series မွာ OPPO Reno နဲ႔ Reno 10x Zoom ႏွစ္မ်ိဳးပါဝင္မွာ ျဖစ္ပါတယ္။ OPPO Reno တြင္ ကမာၻ႔ပထမဆုံး Pivot Rising Camera၊ အေႏွာက္အယွက္အတားအဆီးမရွိဘဲ မ်က္ႏွာျပင္ျပည့္ ၾကည့္ရႈခံစားရေစမယ့္ Panoramic Screen နဲ႔ မိနစ္၈၀အတြင္း 0 to 100% အားအျပည့္သြင္းႏိုင္မည့္ VOOC 3.0 အျမန္အားသြင္းစနစ္လည္းပါဝင္လာမွာျဖစ္ပါတယ္။ OPPO Reno 10x Zoom တြင္ lens ၃ခုအတူတကြလုပ္ေဆာင္ၿပီး ၁၀ဆအထိ ခ်ဲ႕ႏိုင္မယ့္ 10x Hybrid Zoom၊ 120° Ultra wide angle နဲ႔ စြမ္းေဆာင္ရည္ျမင့္မားတဲ့ Snapdragon 855 လည္းပါဝင္လာမွာ ျဖစ္ၿပီး OPPO Reno series ကို OPPO Myanmar မွ ဇြန္လ ၁၃ရက္ေန႔တြင္ Radio Bar မွာ မိတ္ဆက္ပြဲအခမ္းအနား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိထားပါတယ္။

[Unicode]

OPPO Reno 10x Zoom ရဲ့ 10x Hybrid Zoom ဘယ်လိုအလုပ်လုပ်လဲ ?

မြန်မာနိုင်ငံတွင်မကြာခင် မိတ်ဆက်ပေးတော့မယ့် OPPO Reno Series ဟာစတိုင်ကျတဲ့ အမြင်နဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို ပေါင်းစပ်ကာ တီထွင်ဖန်တီးထုတ်လုပ်ထားတဲ့ ဖုန်းတွေလို့ ပြောလို့ရပါတယ်။ OPPO Reno Series အတွက် OPPO Reno နဲ့ OPPO Reno 10x Zoom ဆိုပြီး နှစ်မျိုး မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

OPPO Reno 10x zoom မှာ ၁၀ဆထိချဲ့နိုင်တဲ့ 10x Hybrid zoom နဲ့ 60x Digital zoom တို့အပြင် F/1.7 aperture နဲ့ 48MP Sony IMX 586 main camera, 8MP 120° Wide-Angle camera တို့လည်းပါဝင်လာပါတယ်။Reno 10x zoom ဟာ စမတ်ဖုန်းလောကမှာ ပထမဆုံး periscope telephoto lens ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပြီး telephoto lens၊ 120° ultra wide angle lens နဲ့ 48MP main camera lens ဆိုပြီး focal-length capability ပြည့်ဝတဲ့ lens သုံးခုပါဝင်ပါတယ်။ ဒီ lens သုံးခုပူးပေါင်းပြီး 10x Hybrid Zoom အောင်မြင်ရန် အတူတကွ လုပ်ဆောင်ပေးပါတယ်။ 10x Hybrid Zoom ရဲ့ နည်းပညာက focal length 16mm မှ 160mm အတွင်းတွင် အလုပ်လုပ်သောကြောင့် အဝေးမှာရှိနေတဲ့ အရာတွေကိုတောင် ကောင်းမွန်စွာ ရိုက်ကူးပေးနိုင်ပါတယ်။ 0.6x မှ 1x အထိရောက်ရှိရန် Ultra wide angle lens မှ လုပ်ဆောင်ပေးပြီး 1x မှ 5x အထိရောက်ရှိရန် Primary Lens ကကူညီလုပ်ဆောင်ပေးပါတယ်။ ထို့နောက် 5x မှ 60x ထိရောက်ရှိရန် Telephoto Lens ကလုပ်ဆောင်ပေးပါတယ်။ 0.6x, 1x နှင့် 5x zoom ဆွဲရာတွင် optical zoom ရရှိမှာဖြစ်ပြီး 60x ထိ zoom ချဲ့ရာတွင် digital zoom ရရှိမှာ ဖြစ်ပါတယ်။

Reno 10x Zoom မှာ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်တဲ့ တွေ့အကြုံတွေ ရရှိနိုင်ဖို့ optical image stabilization (OIS) စနစ်ပါဝင်လာပြီး main camera နဲ့ telephoto lens တွေကို ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေရရှိဖို့ အကူအညီပေးပါတယ်။ ဒါ့အပြင် OIS စနစ်ကြောင့် အံ့သြလောက်စရာပုံများကို လည်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

အရှေ့ဘက် ကင်မရာတွင် Supercar Door Design ကို inspiration ယူထားတဲ့ ကမ္ဘာ့ပထမဆုံး Pivot Rising Camera ပါဝင်လာပါတယ်။ အရှေ့ဘက်ကင်မရာထွက်ပေါ်လာတဲ့ ပုံစံမှာ supercar တစ်စီး ရဲ့ တံခါးပွင့်လာသလို ခံစားချက်မျိုး ရရှိမှာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာနဲ့ ဓာတ်ပုံရိုက်တာအတွက်လဲ OPPO Artisitic Portrait mode ထောက်ပံ့ပေးထားပါတယ်။ အလင်းရောင် အားနည်းတဲ့အချိန်တွေမှာ အရှေ့မှာပါတဲ့ Soft light ဟာ brightness ကို အလိုအလျောက်ထည့်ပေးပြီး ပိုကြည်ပြီး ပိုသဘာဝကျတဲ့ skin tone ကိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

OPPO မှ မကြာခင်မိတ်ဆက်ပေးတော့မယ့် Reno Series မှာ OPPO Reno နဲ့ Reno 10x Zoom နှစ်မျိုးပါဝင်မှာ ဖြစ်ပါတယ်။ OPPO Reno တွင် ကမ္ဘာ့ပထမဆုံး Pivot Rising Camera၊ အနှောက်အယှက်အတားအဆီးမရှိဘဲ မျက်နှာပြင်ပြည့် ကြည့်ရှုခံစားရစေမယ့် Panoramic Screen နဲ့ မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ်လည်းပါဝင်လာမှာဖြစ်ပါတယ်။ OPPO Reno 10x Zoom တွင် lens ၃ခုအတူတကွလုပ်ဆောင်ပြီး ၁၀ဆအထိ ချဲ့နိုင်မယ့် 10x Hybrid Zoom၊ 120° Ultra wide angle နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Snapdragon 855 လည်းပါဝင်လာမှာ ဖြစ်ပြီး OPPO Reno series ကို OPPO Myanmar မှ ဇွန်လ ၁၃ရက်နေ့တွင် Radio Bar မှာ မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိထားပါတယ်။