[Zawgyi]

တရုတ္ စမတ္ဖုန္း ထုတ္လုပ္သူ OPPO က Bercelona ေဘာလံုးအသင္းကို ေထာက္ပံ့ေပးေနတာ ႏွစ္အနည္းငယ္ရွိေနပါၿပီ။ အရင္က OPPO ဟာ R7 Plus , F1 Plus နဲ႔ R11 မ်ားအတြက္ Barcelona Editions မ်ားကို ေရာင္းခ်ေပးခဲ့ပါတယ္။ အခုလည္း Bercelona Fans ေတြအတြက္ စမတ္ဖုန္း တစ္လံုးကို ထုတ္လုပ္ေရာင္းခ်ေပးလိုက္ပါတယ္။  OPPO Reno 10X Zoom FC Barcelona Edition လို႔ အမည္ေပးထားပါတယ္။

အဲဒီ စမတ္ဖုန္းရဲ႕ အေနာက္ဘက္မွာ ေဘာလံုးအသင္းရဲ႕ လိုဂိုလည္း ပါၿပီး ေရႊေရာင္ ဖန္တီးထားပါတယ္။ အေနာက္ဘက္ဟာ အနီနဲ႔ အျပာ ႏွစ္ေရာင္စပ္ ဒီဇိုင္း ျဖစ္ၿပီး ေဘာလံုးအသင္းရဲ႕ အလံ အေရာင္မ်ား ျဖစ္ပါတယ္။  သူ႔မွာ အထူးထုတ္ Wallpapers မ်ား ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ FC Barcelona-themed UI , Icons , Ringtones မ်ား ထည့္သြင္းထားတာကလည္း Barcelona Fans မ်ား ႏွစ္သက္ၾကမွာ ေသခ်ာပါတယ္။ Case ကလည္း Barcelona-themed ျဖစ္ပါတယ္။ Barcelona Edition မွာ 8GB RAM , 256GB Storage မ်ား ထည့္သြင္းထားၿပီး ၁၀၀၈ ေဒၚလာ တန္ေၾကးရွိပါတယ္။ ၁၅ သိန္းေလာက္ က်သင့္ႏိုင္ပါတယ္။ သူ႔ရဲ႕ အျခား Specs မ်ားက မူလေမာ္ဒယ္နဲ႔ တူညီပါတယ္။

စပိန္၊ ျပင္သစ္၊ နယ္သာလန္နဲ႔ အျခား ဥေရာပ ႏုိင္ငံမ်ားမွာ ဇူလိုင္လ ၂၆ ရက္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။  OPPO နဲ႔ FC Barcelona တို႔ဟာ ၂၀၁၅ ခုႏွစ္ကတည္းက ပူးေပါင္းခဲ့ၾကတာ ျဖစ္ပါတယ္။ ႏွစ္တုိင္းလည္း OPPO ရဲ႕ Barcelona Editions မ်ားဟာ ေရာင္းအား အေကာင္းဆံုး OPPO Phone မ်ား ျဖစ္ခဲ့ပါတယ္။

Ref : gsmarena, fonearena

[Unicode]

OPPO က Reno 10X Zoom ရဲ့ FC Barcelona Edition ကို ကြေညာ

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ OPPO က Bercelona ဘောလုံးအသင်းကို ထောက်ပံ့ပေးနေတာ နှစ်အနည်းငယ်ရှိနေပါပြီ။ အရင်က OPPO ဟာ R7 Plus , F1 Plus နဲ့ R11 များအတွက် Barcelona Editions များကို ရောင်းချပေးခဲ့ပါတယ်။ အခုလည်း Bercelona Fans တွေအတွက် စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်ရောင်းချပေးလိုက်ပါတယ်။ OPPO Reno 10X Zoom FC Barcelona Edition လို့ အမည်ပေးထားပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ အနောက်ဘက်မှာ ဘောလုံးအသင်းရဲ့ လိုဂိုလည်း ပါပြီး ရွှေရောင် ဖန်တီးထားပါတယ်။ အနောက်ဘက်ဟာ အနီနဲ့ အပြာ နှစ်ရောင်စပ် ဒီဇိုင်း ဖြစ်ပြီး ဘောလုံးအသင်းရဲ့ အလံ အရောင်များ ဖြစ်ပါတယ်။ သူ့မှာ အထူးထုတ် Wallpapers များ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် FC Barcelona-themed UI , Icons , Ringtones များ ထည့်သွင်းထားတာကလည်း Barcelona Fans များ နှစ်သက်ကြမှာ သေချာပါတယ်။ Case ကလည်း Barcelona-themed ဖြစ်ပါတယ်။ Barcelona Edition မှာ 8GB RAM , 256GB Storage များ ထည့်သွင်းထားပြီး ၁၀၀၈ ဒေါ်လာ တန်ကြေးရှိပါတယ်။ ၁၅ သိန်းလောက် ကျသင့်နိုင်ပါတယ်။ သူ့ရဲ့ အခြား Specs များက မူလမော်ဒယ်နဲ့ တူညီပါတယ်။

စပိန်၊ ပြင်သစ်၊ နယ်သာလန်နဲ့ အခြား ဥရောပ နိုင်ငံများမှာ ဇူလိုင်လ ၂၆ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ OPPO နဲ့ FC Barcelona တို့ဟာ ၂၀၁၅ ခုနှစ်ကတည်းက ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်တိုင်းလည်း OPPO ရဲ့ Barcelona Editions များဟာ ရောင်းအား အကောင်းဆုံး OPPO Phone များ ဖြစ်ခဲ့ပါတယ်။

Ref : gsmarena, fonearena