[Zawgyi]
[Unicode]
တူရကီမြို့၏ အလှတရားများအား OPPO Reno 10× Zoom “Further Your Vision” ဖြင့် ပုံဖော်ထားခြင်း
နိုင်ငံတစ်ခု၏ မျက်စိပသာဒဖြစ်သော ရှုခင်းများ၊ အနုပညာအစိတ်အပိုင်းများ၊ မီးပုံးပျံများ၊ မြို့ပြရှုခင်းများနှင့် စိတ်ဝင်စားစရာကောင်းသော အထိမ်းအမှတ် အဆောက်အအုံများသည် ထူးချွန်ပြောင်မြောက်သည့် အရောင်များဖြင့် လှပစွာဆင်ယင်ထားသော ပန်းချီကား တစ်ခုအလား အနုစိတ်လက်ရာများကို စီချယ်ထားသကဲ့သို့ ထင်ဟပ်နေပါသည်။ OPPO မှ နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုများဖြစ်သော 10× Hybrid Zoom ပါဝင်လာသည့် Reno 10x Zoom စမတ်ဖုန်းသည် ခရီးစဉ်တစ်လျောက်လုံး ကျွနု်ပ်၏ခရီးသွားဖော်အဖြစ် အချိန်ကြာလာသည်နှင့် အမျှအဖိုးမဖြတ်နိုင်သော ဓာတ်ပုံများကို ရိုက်ကူးရန်အတွက် လိုက်ပါလာခဲ့ပါသည်။
ထပ်ပြီးစောင့်မနေတော့ဘဲ အောက်ကပုံရိပ်များကိုသာ ကြည့်လိုက်ပါတော့။ ကျွန်တော်ရောက်ရှိခဲ့သော အသက်ရှုမှားလောက်စရာ ကောင်းသည့် တူရကီ နိုင်ငံရောက် အတွေ့အကြုံများကို ထိုနိုင်ငံကို သင်တို့ကိုယ်တိုင် ရောက်ရှိသွားသကဲ့သို့ ခေါ်ဆောင်သွားပါတော့မည်။
တူရကီမြို့တွင် Cotton castle ဟု လူသိများသော နေရာတွင် OPPO Reno 10× Zoom စမတ်ဖုန်း ဖြင့် ရိုက်ကူးခဲ့သည့် အသေးစိတ်ကျသော အနုပညာရှင်များ၏ စိတ်ကူးဆန်ဆန် Canvas လက်ရာများ
10× hybrid zoom နှင့် ဖမ်းယူရိုက်ကူးခဲ့သည့် အံ့သြမှင်သက်ဖွယ်ကောင်းသော ပုံရိပ်များကို အထက်တွင် ဖော်ပြထားသော 1× ပုံနှင့် 10× ပုံများကို ယှဉ်ကြည့်လိုက်ပါတော့
စမတ်ဖုန်းတွင် ထည့်သွင်းပေးထားသော ညီမျှသော ဓာတ်ပုံကာလာ၊ အရောင်အနေအထားများကြောင့် ပုံဖော်လာသော မြို့ပြဒေသလမ်းများ၏ စုံလင်လှသော အရောင်အသွေးများ
စတိုင်ကျ ပြေပြစ်ပြီး အသေးစိတ်ကျသော ဧည့်ခန်းများ၏ အလှတရားများကို ပေါ်လွင်အောင် ဖန်တီးထားခြင်း
ရုပ်ရှင်ဇာတ်ကားကြီးများထဲက အတိုင်း ခမ်းနားကြီးကျယ်သော တောင်တန်းများကြားမှ တန်ဖိုးမဖြတ်နိုင်သော နေဝင်ဆည်းဆာ အလှတရား
စိတ်ကူးယဉ် ဆန်သော စာအုပ်များမှ အတိုင်း ဂန္တဝင်အလှမြောက်သော လှိုဏ်ခေါင်းများ
ညအလင်းရောင်မှာ တံတားမီးများ၊ လမ်းမီးများ၊ ကားမီးသီးများကြောင့် ထိန်လင်းတောက်ပ ရောင်ပြန်ဟပ် နေသော တောင်တန်းများနှင့် ကျေးရွာ အလှတရားများ
Turkey မြို့၏ ထွန်းလင်းတောက်ပပြီး အဖိုးမဖြတ်နိုင်သော အလှတရားများအား Further Your Vision ဆိုသော ခေါင်းစဉ်နှင့် ထွက်ရှိလာသည့် OPPO RENO 10× Zoom စမတ်ဖုန်းဖြင့် အသက်သွင်းပုံဖော် ထားခြင်းဖြစ်ပါသည်။