OPPO က နိုင်ငံတကာမှာ Reno 12 Series စမတ်ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေမှာ AI Features များစွာ ထည့်သွင်းထားပြီး ဒီဇိုင်းကို အသားပေး ဖန်တီးထားပါတယ်။

Oppo Reno 12 global

Reno 12 Pro မှာ 6.7” OLED FHD+ (2412×1080) Curved Infinite View Display တပ်ဆင်ထားပြီး Screen to body ratio က ၉၃.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 120Hz Refresh Rate , 1200 Nits Peak Brightness နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Gorilla Glass Victus 2 နဲ့ကာကွယ်ထားပါတယ်။

Oppo Reno 12 Pro global

MediaTek Dimensity 7300 Chip မောင်းနှင်ထားပြီး 12GB LPDDR4X RAM နဲ့ 512GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main , 8MP Ultrawide , 50MP 2x Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 50MP ဖြစ်ပါတယ်။ Reno 12 Pro မှာ 80W SuperVOOC Charging ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

အပေါ်မှာ ပြောထားသလိုပဲ AI Features များစွာ ထည့်သွင်းထားပါတယ်။ ဓါတ်ပုံတွေထဲက မလိုလားတဲ့ အရာတွေကို ဖျက်နိုင်တဲ့ AI Eraser 2.0 ၊ ဓါတ်ပုံတွေရဲ့ အရည်အသွေးကို HD အထိ တိုးမြှင့်ပေးတဲ့ AI Clear Face တို့ပါပါတယ်။ AI Best Face က Group Photo မှာ မျက်လုံးမှိတ်နေတာကို အလိုအလျှောက် ပြင်ဆင်ပေးနိုင်ပြီး AI Studio က ဆံပင် စတိုင်ပြောင်းတာ၊ Background ထည့်တာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

Ref : gizmochina