[Zawgyi]

OPPO ဟာ ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ပြဲက်င္းပၿပီး Reno2 ကို မိတ္ဆက္ ျဖန႔္ခ်ိေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္တုန္းက Reno2 အေၾကာင္းကို ပိုၿပီးသိခဲ့ရသလို OPPO က ဒီတစ္ေခါက္ မိတ္ဆက္ျဖန႔္ခ်ိမွာ Reno2 တစ္မ်ိဳးတည္းမဟုတ္တာကိုလည္း သိလာၾကရပါတယ္။

ၿပီးခဲ့တဲ့ရက္က Reno A အေၾကာင္းေပါက္ၾကားမႈ ျဖစ္လာခဲ့ပါေသးတယ္။ တစ္ဆက္တည္းမွာပဲ Reno 2Z ရဲ႕ ပကတိျပင္ပဓါတ္ပုံ ေပါက္ၾကားထြက္ေပၚလာတာကို ေတြ႕လိုက္ရပါတယ္။ နာမည္ကိုၾကည့္ျခင္းအားျဖင့္ ဒီဟန္းဆက္ဟာ လြန္ခဲ့တဲ့ ဇြန္လတုန္းက ေဈးကြက္ကို ျဖန႔္ခ်ိခဲ့တဲ့ Reno Z ကို ဆက္ခံမယ့္ အမ်ိဳးအစားလို႔ ယူဆရပါတယ္။

Reno Z နဲ႔ မတူတာကေတာ့ Reno 2Z ဟာ မ်က္ႏွာျပင္မွာ Notch တို႔ Punch-hole တို႔မပါဝင္ဘဲ အျပည့္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေပၚဘက္အလယ္တည့္တည့္ကေန Pop-up Selfie ကင္မရာ ထြက္ေပၚလာမွာ ေၾကာင့္ပဲ ျဖစ္ပါတယ္။ ေက်ာဘက္မွာလည္း ကင္မရာ ေလးလုံးကို အထက္ေအာက္ တန္းစီၿပီးတပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။

Reno 2Z ဟာ ေအာက္ေျခမွာ 3.5mm headphone ေပါက္ပါဝင္ၿပီး USB-C ေပါက္နဲ႔ စပီကာေပါက္ေတြကိုလည္း ေတြ႕ျမင္ရပါေသးတယ္။ မ်က္ႏွာျပင္ကေတာ့ 6.3-inch FHD+ AMOLED လို႔ သိရပါတယ္။ In-display fingerprint ျဖစ္ၿပီး Heilo P90 SoC ကို 8GB of RAM နဲ႔ တြဲဖက္ေပးထားတယ္လို႔ သိရပါတယ္။ သိုေလွာင္မႈကေတာ့ 256GB ျဖစ္ပါတယ္။

အေနာက္ကင္မရာေလးလုံးအနက္က အဓိကကင္မရာဟာ 48MP ျဖစ္ၿပီး 8MP 119-degree field-of-view နဲ႔ ultra-wide, Portait အတြက္ 2MP တို႔လည္း ပါဝင္မယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ 4,000 mAh ျဖစ္ၿပီး VOOC 3.0 အျမန္အားသြင္းစနစ္လည္း တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။ ေဈးႏႈန္းကေတာ့ INR 25,000 ( ျမန္မာေငြ ၅သိန္း ၃ေသာင္း ဝန္းက်င္) က်သင့္ႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

OPPO Reno 2Z ရဲ့ပကတိပြင်ပဓါတ်ပုံ ပေါ်ထွက်လာပြီ

OPPO ဟာ သြဂုတ်လ ၂၈ ရက်နေ့မှာ ပွဲကျင်းပပြီး Reno2 ကို မိတ်ဆက် ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Reno2 အကြောင်းကို ပိုပြီးသိခဲ့ရသလို OPPO က ဒီတစ်ခေါက် မိတ်ဆက်ဖြန့်ချိမှာ Reno2 တစ်မျိုးတည်းမဟုတ်တာကိုလည်း သိလာကြရပါတယ်။

ပြီးခဲ့တဲ့ရက်က Reno A အကြောင်းပေါက်ကြားမှု ဖြစ်လာခဲ့ပါသေးတယ်။ တစ်ဆက်တည်းမှာပဲ Reno 2Z ရဲ့ ပကတိပြင်ပဓါတ်ပုံ ပေါက်ကြားထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ နာမည်ကိုကြည့်ခြင်းအားဖြင့် ဒီဟန်းဆက်ဟာ လွန်ခဲ့တဲ့ ဇွန်လတုန်းက ဈေးကွက်ကို ဖြန့်ချိခဲ့တဲ့ Reno Z ကို ဆက်ခံမယ့် အမျိုးအစားလို့ ယူဆရပါတယ်။

Reno Z နဲ့ မတူတာကတော့ Reno 2Z ဟာ မျက်နှာပြင်မှာ Notch တို့ Punch-hole တို့မပါဝင်ဘဲ အပြည့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်ဘက်အလယ်တည့်တည့်ကနေ Pop-up Selfie ကင်မရာ ထွက်ပေါ်လာမှာ ကြောင့်ပဲ ဖြစ်ပါတယ်။ ကျောဘက်မှာလည်း ကင်မရာ လေးလုံးကို အထက်အောက် တန်းစီပြီးတပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။

Reno 2Z ဟာ အောက်ခြေမှာ 3.5mm headphone ပေါက်ပါဝင်ပြီး USB-C ပေါက်နဲ့ စပီကာပေါက်တွေကိုလည်း တွေ့မြင်ရပါသေးတယ်။ မျက်နှာပြင်ကတော့ 6.3-inch FHD+ AMOLED လို့ သိရပါတယ်။ In-display fingerprint ဖြစ်ပြီး Heilo P90 SoC ကို 8GB of RAM နဲ့ တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။ သိုလှောင်မှုကတော့ 256GB ဖြစ်ပါတယ်။

အနောက်ကင်မရာလေးလုံးအနက်က အဓိကကင်မရာဟာ 48MP ဖြစ်ပြီး 8MP 119-degree field-of-view နဲ့ ultra-wide, Portait အတွက် 2MP တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,000 mAh ဖြစ်ပြီး VOOC 3.0 အမြန်အားသွင်းစနစ်လည်း တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ INR 25,000 ( မြန်မာငွေ ၅သိန်း ၃သောင်း ဝန်းကျင်) ကျသင့်နိုင်ပါတယ်။

Ref: GSM Arena