OPPO Reno 8 စီးရီးကို မေလ ၂၃ ရက်နေ့မှာ တရုတ်ပြည်တွင်းဈေးကွက်ထဲ ပွဲဦးထွက်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်မဆက်ခင် တစ်ပတ်အလိုမှာ Reno 8 စီးရီးဖုန်းတွေကို OPPO China website, Jingdong Mall နဲ့ Suning လိုမျိုး ချန်နယ်တွေကနေ ကြိုတင်မှာယူနိုင်မှာလည်း ဖြစ်ပါတယ်။

အခုတော့ OPPO Reno 8, Reno 8 Pro နဲ့ Reno 8 Pro+ တွေရဲ့ တရားဝင် Renders တွေလည်း ထွက်ပေါ်လာပါပြီ။ ရုပ်ပုံတွေအရ Reno 8 စီးရီးရဲ့ ကျောဘက်ဒီဇိုင်းတွေက ဆင်တူဖြစ်နေတာကိုလည်း တွေ့မြင်ရပါတယ်။ Reno 8 ရဲ့ မျက်နှာပြင်ဟာ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole ရှိပြီး Chin က တော့ ထူပါတယ်။ Reno 8 Pro ကလည်း တူညီတဲ့ မျက်နှာပြင်ပုံစံဖြစ်ပေမဲ့ Chin က ခပ်ပါးပါးဖြစ်ပါတယ်။ Reno 8 Pro+ ကတော့ မျက်နှာပြင်အပေါ်ဘက် အလယ်တည့်တည့်မှာ Punch-hole နဲ့ ဖြစ်ပါတယ်။

ကျောဘက်ပိုင်းမှာတော့ ကင်မရာအတွက် နေရာချထားမှုနဲ့ဒီဇိုင်းပိုင်းက ဆင်တူဖြစ်နေတာကို တွေ့မြင်ရပါတယ်။ ကင်မရာတွေနဲ့ ကင်မရာအိမ်အရွယ်အစားကြားအကွာအဝေးက Reno 8 ကနေ Reno 8 Pro+ ကြား အဆင့်ဆင့် တိုးလာတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ပုံတွေအရ Reno 8 Pro နဲ့ Reno 8 Pro တို့မှာ MariSilicon X chipset ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Reno 8 နဲ့ Reno 8 Pro တွေကို Slightly Drunk, Clear Sky Blue, Night Tour Black (Google translate အရ)စတဲ့ အရောင်သုံးမျိုးနဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးကို 8GB RAM + 128GB storage နဲ့ 12GB RAM+ 256GB storage နှစ်မျိုးစီ ထုတ်လုပ်ပေးထားတာလည်း တွေ့ရပါတယ်။

OPPO Reno 8 Pro+ ကိုတော့ Xiaoyaoqing, Roaming Grey, Undercurrent စတဲ့ အရောင်တွေနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ 8GB RAM + 128 GB storage, 8GB RAM + 256GB storage, 12 GB RAM + 256GB storage စတဲ့ အတွဲအစပ် သုံးမျိုးနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ Reno 8, 8 Pro နဲ့ 8 Pro+ တို့မှာ Dimensity 1300, Snapdragon 7 Gen 1 နဲ့ Dimensity 8100 chipset အသီးသီး အသုံးပြုထားမယ်လို့လည်း သိရပါတယ်။

Ref: GIZMOCHINA