Oppo Reno Ace စမတ်ဖုန်းဟာ Super VOOC 2.0 အားသွင်းစနစ်ကြောင့် 65W အားသွင်းအမြန်နှုန်းထိ ရောက်ရှိနိုင်ခဲ့တဲ့ ပထမဆုံးစမတ်ဖုန်းပါ။ ယနေ့မှာတော့ ကုမ္ပဏီရဲ့ Vice President ဖြစ်သူ Brian Shen က ဒီဖုန်းရဲ့ ဆက်ခံသူမျိုးဆက်သစ်ဟာ ဧပြီလအတွင်းရောက်လာဖို့ အတည်ပြုလိုက်ပါပြီ။

မော်ဒယ်နံပါတ် PDHM00 နဲ့ လျှို့ဝှက်စွာပေါ်ထွက်ခဲ့တဲ့ ဟန်းဆက်ဟာ Oppo Reno Ace 2 အမည်နဲ့ထွက်လာမှာ ဖြစ်ပြီး 65W အားသွင်းစနစ်ပါလာမယ်လို့ 3C ပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ 5G ချိတ်ဆက်နိုင်စွမ်းလည်း ပါလာမှာပါ။

3C ဝက်ဆိုက်မှာတော့ မော်ဒယ်နံပါတ် VCA7GACH နဲ့ 10V*6.5A Charger တစ်ခုကို မြင်တွေ့ခဲ့ရပြီး ပထမ Oppo Reno Ace နဲ့အတူ ထွက်ခဲ့တဲ့ အားသွင်းကြိုးပါပဲ။ ဒါ့ကြောင့် 4,000 mAh ဘက္ထရီဟာ ဆယ်မိနစ်အတွင်း 49% ထိ ပြည့်မှာဖြစ်ကာ 100% ဆိုရင် ၂၈ မိနစ်ခန့်သာ ကြာမှာပါ။

စိတ်မကောင်းစရာတစ်ခုက ပထမဖုန်းဟာ တရုတ်ဈေးကွက်ထဲက အပြင်ကိုမထွက်လာခဲ့ဘဲ နိုင်ငံတကာပရိသတ်တွေဟာ 65W အားသွင်းစနစ်ကိုမြင်ရဖို့ Find X2 စီးရီးထွက်လာတဲ့ထိ စောင့်ဆိုင်းခဲ့ရပါတယ်။

Reno Ace 2 စမတ်ဖုန်းသစ်မှာ နောက်ဆုံးပေါ် Snapdragon ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ယူဆရပြီး LPDDR5 RAM မန်မိုရီနဲ့ UFS 3.0 Storage နည်းပညာတို့ ပါဝင်လာမှာပါ။ ဒီတစ်ခါတော့ နိုင်ငံတကာဈေးကွက်ကိုလည်း ခြေဆန့်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena