OPPO Reno Ace 2 ကို ဧပြီလမှာ ကြေညာမှာ ဖြစ်ပြီး မကြာခင်က အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ TENAA ကနေ ထွက်လာတဲ့အတွက် ဖုန်း ဒီဇိုင်းကို မြင်ခဲ့ရပါတယ်။ အခုတော့ TENAA မှာ Specs အပြည့်အစုံ ထွက်ပေါ်လာပါတယ်။ 2.8GHz Octa-core Processor မောင်းနှင်ထားပြီး Snapdragon 865 SoC ဖြစ်နိုင်ပါတယ်။ Android 10 ပါလာပြီး 8/128GB နဲ့ 12/256GB မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။

Reno Ace 2 မှာ ၆.၅ လက်မ FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်နားက Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာပြီး 48MP , 8MP နဲ့ 2MP ကင်မရာ ၂ လုံး ဖြစ်ပါတယ်။ 8MP ဟာ မြင်ကွင်းကျယ်နဲ့ 2MP ၂ လုံးဟာ Macro နဲ့ Depth တွေ ဖြစ်နိုင်ပါတယ်။ အရင်မျိုးဆက် Ace မှာ 13MP Telephoto ကင်မရာ ထည့်ထားပြီး Ace 2 မှာတော့ အဲဒါကို မသုံးတော့ဘူး ထင်ပါတယ်။

Reno Ace 2 မှာ dual-mode 5G ထောက်ပံ့ထားပြီး အနက်၊ အပြာနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားမှာပါ။ TENAA က စာရင်းအရ 1,955mAh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပြီး အဲဒါဟာ ဘက်ထရီ ၁ လုံးထဲရဲ့ ပမာဏ ဖြစ်နိုင်ပါတယ်။ အဲဒီ ဘက်ထရီ ၂ လုံးပါလာနိုင်တဲ့အတွက် 4,000mAh ပမာဏလောက် ရှိနိုင်ပါတယ်။ အရင်မျိုးဆက်လိုပဲ Reno Ace 2 မှာ 65W Fast Charging နဲ့ 40W Wireless Charging ပါလာနိုင်ပါတယ်။

Ref : gsmarena