OPPO Reno Ace 2 ကို လာမယ့် ဧပြီလထဲမှာ မိတ်ဆက်မယ်လို့ ယုံကြည်ရပါတယ်။ Reno Ace 2 ရဲ့ Specs တွေကိုလည်း TENAA မှာ မြင်တွေ့ခဲ့ရပြီးဖြစ်သလို၊ ကျောဘက်ကင်မရာလေးလုံး တပ်ဆင်ထားကြောင်း သက်သေပြနိုင်တဲ့ ဓါတ်ပုံလည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီတော့ OPPO Reno Ace 2 နဲ့ ပတ်သက်ပြီး သိစရာ သိပ်များများမကျန်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ အခုတော့ နောက်ထပ် ရုပ်ပုံတစ်ခု ထပ်ပြီးပေါက်ကြားထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ပကတိပြင်ပဓာတ်ပုံမဟုတ်ပေမယ့် ကနဦးထွက်ခဲ့တဲ့ ကျောဘက်ကင်မရာတပ်ဆင်ပုံကို အတည်ပြုနိုင်တဲ့ ပုံလို့ပဲဆိုရမှာပါ။

ကျောဘက်ကင်မရာတွေဟာ စက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ အင်္ဂလိပ်အက္ခရာ “X” ပုံသဏ္ဍာန် နေရာချတပ်ဆင်ထားတာဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာတော့ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကို နေရာချထားတာ မြင်တွေ့ရမှာပါ။ ကျောဘက်နဲ့ ဘေးဘက်တွေမှာ လက်ဗွေဖတ်စနစ်အတွက် နေရာမတွေ့တာကြောင့် UD Fingerprint ပဲ ဖြစ်မယ်လို့ မှတ်ယူနိုင်ပါတယ်။

TENAA အရတော့ OPPO Reno Ace 2 ဟာ Snapdragon 865 Chipset အသုံးပြုထားပြီး 12GB of RAM နဲ့ တွဲဖက်ထားကြောင်း သိရပါတယ်။ OLED မျက်နှာပြင်ကတော့ 6.5-inch အရွယ်အစားဖြစ်ပြီး 4,000mAh ဘက်ထရီတပ်ဆင်ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။ 40W ကြိုးမဲ့ အမြန်အားသွင်းစနစ်နဲ့ 65W အားသွင်းစနစ်တွေ ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena