ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OPPO Reno Series ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ Reno Ace ရဲ့ မျိုးဆက်သစ် Reno Ace 2 ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းတွေကို TENAA Website မှာ တွေ့ရှိခဲ့ရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကလည်း OPPO Reno Ace 2 လို့ ယူဆရတဲ့ ဓါတ်ပုံတွေပေါက်ကြားခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ OPPO ရဲ့ Vice President ဖြစ်တဲ့ Shen Yiren ကနေ Reno Ace 2 ကို မိတ်ဆက်မယ့်အချိန်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Reno Ace 2 ဖုန်းဟာ လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပါ။

ဒါတင်မဟုတ်သေးဘဲ လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ OPPO Find X2 Series ဖုန်းတွေအတွက်လည်း Video Frame Insertion Technology အသစ်ပါဝင်လာမယ့် Update ကို ထုတ်ပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ပုံမှန် 60Hz ပဲ Support ပြုလုပ်တဲ့ Game တွေမှာပါ High Frame Rate နဲ့ ဆော့ကစားနိုင်တော့မှာပါ။

OPPO Reno Ace 2 ဟာ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ 6.5″ Full HD+ AMOLED Display ကို အသုံးပြုထားပြီး Qualcomm Snapdragon 865 Processor ၊ RAM 8GB သို့မဟုတ် 12GB နဲ့ Storage 128GB သို့မဟုတ် 256GB ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 48MP + 8MP + 2MP + 2MP Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Selfie Camera အနေနဲ့ 16MP Sensor ကို ထည့်သွင်းထားမှာပါ။

ဒီ OPPO Reno Ace 2 ဖုန်းဟာ မနှစ်တုန်းက Reno Ace လိုမျိုးပဲ 65W Super Flash Charging ကို Support ပြုလုပ်လာမှာဖြစ်သလို ပိုမိုမြန်ဆန်တဲ့ Wireless VOOC Flash Charging Feature လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Giz China