[Zawgyi]

OPPO ရဲ႕ Reno Ace နဲ႔ ပတ္သက္တဲ့ အဓိက အခ်က္အလက္ေတြကေတာ့ ေပါက္ၾကားမႈနဲ႔အတူ ထြက္ေပၚလာခဲ့ၿပီး ျဖစ္ပါတယ္။ တရားဝင္ေၾကညာမွာက လာမယ့္ ေအာက္တိုဘာလအတြင္းမွာဆိုေပမယ့္ အခုေတာ့ ကုမၸဏီကပဲ တရားဝင္ ႐ုပ္ပုံအခ်ိဳ႕ကို ထုတ္ျပန္လိုက္တာ ေတြ႕ရပါတယ္။

OPPO ရဲ႕ Flagship ဖုန္းသစ္ဟာ 90Hz မ်က္ႏွာျပင္၊ 4,000 mAh ဘက္ထရီ၊ Super-fast charging ေထာက္ပံ့မႈေတြနဲ႔အတူ လူငယ္ႀကိဳက္အျဖစ္ ထြက္လာမွာ ျဖစ္ပါတယ္။ ေက်ာဘက္မွာ 48MP အဓိက ကင္မရာအပါအဝင္ ကင္မရာေလးလုံးတပ္ဆင္ေပးထားၿပီး Qualcomm Snapdragon 855+ SoC ကို အသုံးျပဳထားတာလည္း ျဖစ္ပါတယ္။

အေရွ႕ဘက္မွာေတာ့ Waterdrop Notch နဲ႔ျဖစ္ၿပီး Selfie ကင္မရာကေတာ့ တစ္လုံးတည္း ပါဝင္မွာပါ။ In-Display Fingerprint ျဖစ္ႏိုင္ၿပီး USB-C နဲ႔ 3.5mm Audio Jack လည္း ပါဝင္တာကို ေတြ႕ရပါတယ္။ ကနဦး သတင္းေတြအရ အေရာင္ႏွစ္မ်ိဳးနဲ႔ ထြက္လာႏိုင္တယ္ဆိုတာကိုလည္း အခုေတာ့ အတည္ျပဳႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

JD.com မွာတင္ထားတဲ့ တရားဝင္ ပုံရိပ္ေတြအရ OPPO Reno Ace ဟာ Blue နဲ႔ Green ဆိုၿပီး အေရာင္ႏွစ္မ်ိဳး ထြက္လာမွာကေတာ့ ေသခ်ာသြားပါၿပီ။ Reno Ace ဟာ ကမာၻ႔ပထမဆုံး 65W အျမန္အားသြင္းစနစ္ ေထာက္ပံ့ႏိုင္တဲ့ ဖုန္းလည္း ျဖစ္လာမွာပါ။ အားလုံးသိၿပီးတဲ့အတိုင္းပဲ 4,000 mAh ဘက္ထရီကို မိနစ္ ၃၀ နဲ႔ အားအျပည့္သြင္းႏိုင္ပါလိမ့္မယ္။

Ref: GSM Arena

[Unicode]

OPPO Reno Ace ဟာ Blue နဲ့ Green အရောင်နှစ်မျိုး ထွက်လာမယ်လို့ အတည်ပြုနိုင်ပြီ

OPPO ရဲ့ Reno Ace နဲ့ ပတ်သက်တဲ့ အဓိက အချက်အလက်တွေကတော့ ပေါက်ကြားမှုနဲ့အတူ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ တရားဝင်ကြေညာမှာက လာမယ့် အောက်တိုဘာလအတွင်းမှာဆိုပေမယ့် အခုတော့ ကုမ္ပဏီကပဲ တရားဝင် ရုပ်ပုံအချို့ကို ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။

OPPO ရဲ့ Flagship ဖုန်းသစ်ဟာ 90Hz မျက်နှာပြင်၊ 4,000 mAh ဘက်ထရီ၊ Super-fast charging ထောက်ပံ့မှုတွေနဲ့အတူ လူငယ်ကြိုက်အဖြစ် ထွက်လာမှာ ဖြစ်ပါတယ်။ ကျောဘက်မှာ 48MP အဓိက ကင်မရာအပါအဝင် ကင်မရာလေးလုံးတပ်ဆင်ပေးထားပြီး Qualcomm Snapdragon 855+ SoC ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

အရှေ့ဘက်မှာတော့ Waterdrop Notch နဲ့ဖြစ်ပြီး Selfie ကင်မရာကတော့ တစ်လုံးတည်း ပါဝင်မှာပါ။ In-Display Fingerprint ဖြစ်နိုင်ပြီး USB-C နဲ့ 3.5mm Audio Jack လည်း ပါဝင်တာကို တွေ့ရပါတယ်။ ကနဦး သတင်းတွေအရ အရောင်နှစ်မျိုးနဲ့ ထွက်လာနိုင်တယ်ဆိုတာကိုလည်း အခုတော့ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

JD.com မှာတင်ထားတဲ့ တရားဝင် ပုံရိပ်တွေအရ OPPO Reno Ace ဟာ Blue နဲ့ Green ဆိုပြီး အရောင်နှစ်မျိုး ထွက်လာမှာကတော့ သေချာသွားပါပြီ။ Reno Ace ဟာ ကမ္ဘာ့ပထမဆုံး 65W အမြန်အားသွင်းစနစ် ထောက်ပံ့နိုင်တဲ့ ဖုန်းလည်း ဖြစ်လာမှာပါ။ အားလုံးသိပြီးတဲ့အတိုင်းပဲ 4,000 mAh ဘက်ထရီကို မိနစ် ၃၀ နဲ့ အားအပြည့်သွင်းနိုင်ပါလိမ့်မယ်။

Ref: GSM Arena