[Zawgyi]

OPPO က Reno Ace ရဲ႕ ဓါတ္ပံုနဲ႔ Key Specs ေတြကို မွ်ေ၀လိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းကို ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ မိတ္ဆက္မွာ ျဖစ္ပါတယ္။ ကုမၸဏီက တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ပိုစတာ ၁ ခုကို မွ်ေ၀ထားပါတယ္။ Reno Ace မွာ Notched Display ပါလာမွာ ျဖစ္ၿပီး Refresh Rate က 90Hz ျဖစ္မယ္လို႔ ေဖာ္ျပထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး 48MP Main Camera ပါလာမွာ ျဖစ္ပါတယ္။

အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ မပါတဲ့ အတြက္ မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားႏုိင္ပါတယ္။ ပိုစတာမွာ စမတ္ဖုန္း အေရာင္ ၂ မ်ိဳးကို ျပသထားပါတယ္။ ဖုန္းရဲ႕ ေအာက္ေျခမွာ USB-C Port တပ္ဆင္ထားၿပီး 3.5mm Headphone Jack လည္း ပါပါတယ္။ Qualcomm Snapdragon 855+SoC နဲ႔ 65W Fast Charging ေတြ ပါလာႏိုင္ပါတယ္။ လာမယ့္ ရက္ပိုင္းအတြင္းမွာ OPPO က Reno Ace ရဲ႕ သတင္းေတြကို ပိုၿပီး မွ်ေ၀ႏုိင္ပါတယ္။

ကုမၸဏီက မိနစ္ ၃၀ အတြင္းမွာ အဲဒီ စမတ္ဖုန္းကို အားအျပည့္သြင္းႏုိင္တယ္လို႔ ၀ီဘိုမွာ မၾကာခင္က ေၾကညာထားပါတယ္။ VOOC 3.0 ပါတဲ့ Device ကိုေတာ့ အဲဒီ အခ်ိန္အတြင္းမွာ ၃၉ ရာခုိင္ႏႈန္းပဲ အားသြင္းေပးႏိုင္ပါတယ္။

OPPO Reno 2 Series ေတြကို ေၾကညာထားတာ သိပ္မၾကာေသးပါဘူး။ အဲဒီစမတ္ဖုန္းေတြကို မၾကာခင္ကပဲ တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။ OPPO ရဲ႕ ဒုတိယ ဥကၠဌ Shen Yiren က 90Hz Display ပါတဲ့ OPPO Reno Ace ကို လာမယ့္လမွာ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ မၾကာခင္ကလည္း OPPO ဟာ 90Hz Refresh Rate Display နဲ႔ Fast Charging ပါတဲ့ စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာမယ္ဆိုတဲ့ သတင္းေတြ ထြက္ခဲ့ပါတယ္။

Ref : gsmarena

[Unicode]

OPPO Reno Ace ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေ ထွက်ပေါ်လာ

OPPO က Reno Ace ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပိုစတာ ၁ ခုကို မျှဝေထားပါတယ်။ Reno Ace မှာ Notched Display ပါလာမှာ ဖြစ်ပြီး Refresh Rate က 90Hz ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 48MP Main Camera ပါလာမှာ ဖြစ်ပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မပါတဲ့ အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ ပိုစတာမှာ စမတ်ဖုန်း အရောင် ၂ မျိုးကို ပြသထားပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး 3.5mm Headphone Jack လည်း ပါပါတယ်။ Qualcomm Snapdragon 855+SoC နဲ့ 65W Fast Charging တွေ ပါလာနိုင်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ OPPO က Reno Ace ရဲ့ သတင်းတွေကို ပိုပြီး မျှဝေနိုင်ပါတယ်။

ကုမ္ပဏီက မိနစ် ၃၀ အတွင်းမှာ အဲဒီ စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်တယ်လို့ ဝီဘိုမှာ မကြာခင်က ကြေညာထားပါတယ်။ VOOC 3.0 ပါတဲ့ Device ကိုတော့ အဲဒီ အချိန်အတွင်းမှာ ၃၉ ရာခိုင်နှုန်းပဲ အားသွင်းပေးနိုင်ပါတယ်။

OPPO Reno 2 Series တွေကို ကြေညာထားတာ သိပ်မကြာသေးပါဘူး။ အဲဒီစမတ်ဖုန်းတွေကို မကြာခင်ကပဲ တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ OPPO ရဲ့ ဒုတိယ ဥက္ကဌ Shen Yiren က 90Hz Display ပါတဲ့ OPPO Reno Ace ကို လာမယ့်လမှာ ကြေညာမယ်လို့ ပြောထားပါတယ်။ မကြာခင်ကလည်း OPPO ဟာ 90Hz Refresh Rate Display နဲ့ Fast Charging ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

Ref : gsmarena