OPPO ကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက Reno Ace စမတ်ဖုန်းကို Qualcomm Snapdragon 855+ Processor ၊ 65W Fast Charging တွေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း မကြာခင်မှာ Reno Ace2 စမတ်ဖုန်းကိုထပ်ပြီး မိတ်ဆက်လာတော့မယ်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ဒီ OPPO Reno Ace2 လို့ ယူဆရတဲ့စမတ်ဖုန်းဓါတ်ပုံထွက်ပေါ်လာခဲ့ပြီးတော့ ရုတ်တရက်ကြည့်ရင် OnePlus 7T နဲ့ ဆင်တူတဲ့ Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။ အရောင်အနေနဲ့လည်း အပြာရောင်ကိုပဲ အသုံးပြုထားတာပါ။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ပါဝင်တာကိုတွေ့ရှိရပြီးတော့ ဘယ်လောက် Megapixel Sensor တွေကိုအသုံးပြုထားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖုန်းရဲ့ ဘယ်ဘက်မှာတော့ Volume Keys တွေနဲ့ SIM Slot ပါဝင်တာကိုတွေ့ရပြီး ဖုန်းရဲ့ အောက်ဖက်မှာ USB-C နဲ့ Speaker တွေကိုတွေ့ရပါတယ်။

လက်ရှိအချိန်မှာ OPPO Reno Ace2 နဲ့ ပတ်သက်တဲ့သတင်းတွေ ပေါက်ကြားခြင်းမရှိသေးပေမယ့်ဖြစ်နိုင်တာကတော့ Qualcomm Snapdragon 865 Processor နဲ့ 65W Fast Charging ကတော့ ပါဝင်လာဖို့ သေချာသလောက်ရှိနေပါတယ်။

Ref – GSM Arena