[Zawgyi]

Oppo Reno စမတ္ဖုန္းဟာ သတင္းေတြထြက္ေပၚေနတာ လနဲ႔ခ်ီလာၿပီျဖစ္ၿပီး သာလြန္တဲ့ Zoom ခ်ဲ႕ႏုိင္စြမ္းနဲ႔ ထူးျခားတဲ့ ဆယ္ဖီကင္မရာတုိ႔ကို အသားေပးထားတယ္။ ဧၿပီ ၂၄ ရက္ေန႔မွာ တစ္ကမာၻလုံးသို႔ မိတ္ဆက္လာမယ့္ အဆုိပါဖုန္းကို ထုတ္လုပ္သူေတြက တရုတ္ျပည္ေစ်းကြက္အတြင္းမွာ အရင္ မိတ္ဆက္ခ်လိုက္ပါတယ္။

ကုမၸဏီဟာ Reno ဖုန္းမ်ဳိးကြဲႏွစ္ခုကို ကမ္းလွမ္းျပသလာခဲ့ၿပီး ပုံမွန္ Oppo Reno ဖုန္းနဲ႔ Reno 10x Zoom Edition တုိ႔ပါပဲ။ ဖုန္းႏွစ္ခုစလုံးမွာ 48MP f/1.7 အဓိက ကင္မရာေတြ ပါဝင္ေပမယ့္ က်န္တဲ့ ကင္မရာေတြမွာ ကြဲလြဲမႈ စတင္ပါတယ္။

Oppo Reno ရဲ႕ ပုံမွန္ေမာ္ဒယ္ဟာ 5MP ဒုတိယကင္မရာထည့္သြင္းလာၿပီး Depth Sensor အတြက္ ျဖစ္ႏုိင္ပါတယ္။ 10x Zoom Edition ကေတာ့ 13MP Periscope Zoom ကင္မရာနဲ႔ 8MP Ultra-wide ျမင္ကြင္းက်ယ္ Sensor တုိ႔ကို ေပါင္းစပ္ထားပါတယ္။ 10x Zoom Edition ဆုိေပမယ့္ Periscope ကင္မရာက 5x Optical Zoom ထိပဲ ခ်ဲ႕ႏုိင္ၿပီး 10x ရဖို႔အတြက္ ဟုိက္ဘရစ္ေရာစပ္ၿပီး ထုတ္လုပ္ေပးမယ့္ ပုံစံပါ။

သတင္းေတြထြက္ခဲ့တဲ့အတိုင္းပဲ Oppo Reno မွာ ငါးမန္းေတာင္ပံလို တေစာင္းေလးထြက္လာတဲ့ Pop-up ဆယ္ဖီကင္မရာစနစ္ အသုံးျပဳလာၿပီး ႏွစ္မ်ဳိးလုံးမွာ 16MP f/2.0 ဆယ္ဖီပါပါတယ္။ အခုဒီဇုိင္းေၾကာင့္ အျခား Pop-up ကင္မရာေတြ၊ Punch-hole ဒီဇုိင္းေတြနဲ႔ ကြဲျပားထူးျခားေနတယ္။

Oppo Reno 10x Zoom Edition ဟာ အျခား Spec ေတြအရလည္း အထင္ႀကီးစရာျဖစ္ၿပီး Snapdragon 855 ခ်စ္ပ္ဆက္၊ 4,065 mAh ဘကၳရီႀကီး၊ 6.6” လက္မအရြယ္ Full HD+ OLED Display တစ္ခုတုိ႔ ပါဝင္တယ္။ မူရင္းေမာ္ဒယ္ကေတာ့ Snapdragon 710 ခ်စ္ပ္ဆက္၊ 3,765 mAh ဘကၳရီနဲ႔ 6.4” လက္မအရြယ္ Full HD+ OLED Screen တုိ႔ပါဝင္ပါတယ္။ ႏွစ္မ်ဳိးလုံးမွာ In-display Fingerprint အသုံးျပဳလာၿပီး Oppo Reno ရဲ႕ ပုံမွန္ေမာ္ဒယ္မွာ 3.5mm Jack ပါဝင္ေပမယ့္ 10x Zoom Edition မွာေတာ့ မေတြ႕ရပါဘူး။

Oppo Reno ဖုန္းဟာ အေျခခံ 6 / 128 GB မန္မုိရီေမာ္ဒယ္အတြက္ ယြမ္ေငြ ၂,၉၉၉ (ျမန္မာေငြ ေျခာက္သိန္းခုနစ္ေသာင္းဝန္းက်င္) က်သင့္ကာ အျမင့္ဆုံး 8 / 256 GB ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၃,၅၉၉ (ျမန္မာက်ပ္ေငြ ရွစ္သိန္းေက်ာ္) သတ္မွတ္ထားတယ္။

10x Zoom Edition ကေတာ့ အေျခခံေမာ္ဒယ္ 6 / 128 GB ဗားရွင္းအတြက္ ယြမ္ ၃,၉၉၉ (ျမန္မာေငြ ကုိးသိန္း) က်သင့္ကာ အျမင့္ဆုံး 8 / 256 GB အတြက္ ယြမ္ ၄,၇၉၉ (ျမန္မာေငြ ဆယ္သိန္းရွစ္ေသာင္းခန္႔) သတ္မွတ္ထားပါတယ္။

Ref – Android Authority

[Unicode]

Oppo Reno စမတ်ဖုန်းဟာ သတင်းတွေထွက်ပေါ်နေတာ လနဲ့ချီလာပြီဖြစ်ပြီး သာလွန်တဲ့ Zoom ချဲ့နိုင်စွမ်းနဲ့ ထူးခြားတဲ့ ဆယ်ဖီကင်မရာတို့ကို အသားပေးထားတယ်။ ဧပြီ ၂၄ ရက်နေ့မှာ တစ်ကမ္ဘာလုံးသို့ မိတ်ဆက်လာမယ့် အဆိုပါဖုန်းကို ထုတ်လုပ်သူတွေက တရုတ်ပြည်ဈေးကွက်အတွင်းမှာ အရင် မိတ်ဆက်ချလိုက်ပါတယ်။

ကုမ္ပဏီဟာ Reno ဖုန်းမျိုးကွဲနှစ်ခုကို ကမ်းလှမ်းပြသလာခဲ့ပြီး ပုံမှန် Oppo Reno ဖုန်းနဲ့ Reno 10x Zoom Edition တို့ပါပဲ။ ဖုန်းနှစ်ခုစလုံးမှာ 48MP f/1.7 အဓိက ကင်မရာတွေ ပါဝင်ပေမယ့် ကျန်တဲ့ ကင်မရာတွေမှာ ကွဲလွဲမှု စတင်ပါတယ်။

Oppo Reno ရဲ့ ပုံမှန်မော်ဒယ်ဟာ 5MP ဒုတိယကင်မရာထည့်သွင်းလာပြီး Depth Sensor အတွက် ဖြစ်နိုင်ပါတယ်။ 10x Zoom Edition ကတော့ 13MP Periscope Zoom ကင်မရာနဲ့ 8MP Ultra-wide မြင်ကွင်းကျယ် Sensor တို့ကို ပေါင်းစပ်ထားပါတယ်။ 10x Zoom Edition ဆိုပေမယ့် Periscope ကင်မရာက 5x Optical Zoom ထိပဲ ချဲ့နိုင်ပြီး 10x ရဖို့အတွက် ဟိုက်ဘရစ်ရောစပ်ပြီး ထုတ်လုပ်ပေးမယ့် ပုံစံပါ။

သတင်းတွေထွက်ခဲ့တဲ့အတိုင်းပဲ Oppo Reno မှာ ငါးမန်းတောင်ပံလို တစောင်းလေးထွက်လာတဲ့ Pop-up ဆယ်ဖီကင်မရာစနစ် အသုံးပြုလာပြီး နှစ်မျိုးလုံးမှာ 16MP f/2.0 ဆယ်ဖီပါပါတယ်။ အခုဒီဇိုင်းကြောင့် အခြား Pop-up ကင်မရာတွေ၊ Punch-hole ဒီဇိုင်းတွေနဲ့ ကွဲပြားထူးခြားနေတယ်။

Oppo Reno 10x Zoom Edition ဟာ အခြား Spec တွေအရလည်း အထင်ကြီးစရာဖြစ်ပြီး Snapdragon 855 ချစ်ပ်ဆက်၊ 4,065 mAh ဘက္ထရီကြီး၊ 6.6” လက်မအရွယ် Full HD+ OLED Display တစ်ခုတို့ ပါဝင်တယ်။ မူရင်းမော်ဒယ်ကတော့ Snapdragon 710 ချစ်ပ်ဆက်၊ 3,765 mAh ဘက္ထရီနဲ့ 6.4” လက်မအရွယ် Full HD+ OLED Screen တို့ပါဝင်ပါတယ်။ နှစ်မျိုးလုံးမှာ In-display Fingerprint အသုံးပြုလာပြီး Oppo Reno ရဲ့ ပုံမှန်မော်ဒယ်မှာ 3.5mm Jack ပါဝင်ပေမယ့် 10x Zoom Edition မှာတော့ မတွေ့ရပါဘူး။

Oppo Reno ဖုန်းဟာ အခြေခံ 6 / 128 GB မန်မိုရီမော်ဒယ်အတွက် ယွမ်ငွေ ၂,၉၉၉ (မြန်မာငွေ ခြောက်သိန်းခုနစ်သောင်းဝန်းကျင်) ကျသင့်ကာ အမြင့်ဆုံး 8 / 256 GB မော်ဒယ်က တရုတ်ယွမ်ငွေ ၃,၅၉၉ (မြန်မာကျပ်ငွေ ရှစ်သိန်းကျော်) သတ်မှတ်ထားတယ်။

10x Zoom Edition ကတော့ အခြေခံမော်ဒယ် 6 / 128 GB ဗားရှင်းအတွက် ယွမ် ၃,၉၉၉ (မြန်မာငွေ ကိုးသိန်း) ကျသင့်ကာ အမြင့်ဆုံး 8 / 256 GB အတွက် ယွမ် ၄,၇၉၉ (မြန်မာငွေ ဆယ်သိန်းရှစ်သောင်းခန့်) သတ်မှတ်ထားပါတယ်။

Ref – Android Authority