Zawgyi

Oppo ကုမၸဏီဟာ သူတုိ႔ရဲ႕ Reno ထုတ္ကုန္လုိင္းကို ဆက္တုိက္အားျဖည့္ေနၿပီး အခုတစ္ခါ အလွည့္က်တာေတာ့ Oppo Reno S လို႔ ဆုိပါတယ္။ Oppo Reno S ဟာ Reno Ace မွာလုိပဲ 65W Super VOOC 2.0 အားသြင္းနည္းပညာ အသစ္ကို အသုံးျပဳလာမွာျဖစ္ပါတယ္။

ဒါေပမယ့္ ေနာက္ဘက္က အဓိက ကင္မရာကိုေတာ့ 48MP ကေန 64MP အထိ တုိးျမွင့္ထားပါတယ္။ က်န္တဲ့ ကင္မရာေတြအေၾကာင္းကိုေတာ့ မသိရေသးပါဘူး။ Ace မွာေတာ့ 13MP Telephoto, 8MP Ultrawide ကင္မရာတုိ႔နဲ႔ တြဲဖက္ထားခဲ့ၿပီး ေရွ႕ဘက္မွာ 16MP Selfie ကင္မရာပါပါတယ္။

Oppo Reno S ဟာ ေစ်းႏႈန္းအေနနဲ႔ အိႏၵိယရူပီး ၄၀,၀၀၀ (ျမန္မာေငြ ရွစ္သိန္းေျခာက္ေသာင္းခန္႔) က်သင့္ႏုိင္ၿပီး ဒီဇင္ဘာလ ပထမဆုံးအပတ္မွာထြက္လာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီပမာဏဟာ အိႏၵိယေစ်းကြက္ထဲမွာဆုိရင္ Reno 10x Zoom ရဲ႕ 6/128GB ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းျဖစ္ပါတယ္။

ေနာက္ထပ္နီးစပ္တာက 64MP ကင္မရာကို အဓိကသုံးလာတဲ့ Oppo K5 ပါ။ သူကေတာ့ Mid-range ဖုန္းသာျဖစ္ၿပီး Snapdragon 730 ခ်စ္ပ္ဆက္နဲ႔ 30W VOOC 4.0 တုိ႔ကို အသုံးျပဳထားပါတယ္။ Reno S မွာေတာ့ Flagship ဖုန္းတစ္လုံးျဖစ္တာနဲ႔အညီ Snapdragon 855+ ကို အသုံးျပဳလာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Oppo ကုမ္ပဏီဟာ သူတို့ရဲ့ Reno ထုတ်ကုန်လိုင်းကို ဆက်တိုက်အားဖြည့်နေပြီး အခုတစ်ခါ အလှည့်ကျတာတော့ Oppo Reno S လို့ ဆိုပါတယ်။ Oppo Reno S ဟာ Reno Ace မှာလိုပဲ 65W Super VOOC 2.0 အားသွင်းနည်းပညာ အသစ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဘက်က အဓိက ကင်မရာကိုတော့ 48MP ကနေ 64MP အထိ တိုးမြှင့်ထားပါတယ်။ ကျန်တဲ့ ကင်မရာတွေအကြောင်းကိုတော့ မသိရသေးပါဘူး။ Ace မှာတော့ 13MP Telephoto, 8MP Ultrawide ကင်မရာတို့နဲ့ တွဲဖက်ထားခဲ့ပြီး ရှေ့ဘက်မှာ 16MP Selfie ကင်မရာပါပါတယ်။

Oppo Reno S ဟာ ဈေးနှုန်းအနေနဲ့ အိန္ဒိယရူပီး ၄၀,၀၀၀ (မြန်မာငွေ ရှစ်သိန်းခြောက်သောင်းခန့်) ကျသင့်နိုင်ပြီး ဒီဇင်ဘာလ ပထမဆုံးအပတ်မှာထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။ ဒီပမာဏဟာ အိန္ဒိယဈေးကွက်ထဲမှာဆိုရင် Reno 10x Zoom ရဲ့ 6/128GB မော်ဒယ်ရဲ့ ဈေးနှုန်းဖြစ်ပါတယ်။

နောက်ထပ်နီးစပ်တာက 64MP ကင်မရာကို အဓိကသုံးလာတဲ့ Oppo K5 ပါ။ သူကတော့ Mid-range ဖုန်းသာဖြစ်ပြီး Snapdragon 730 ချစ်ပ်ဆက်နဲ့ 30W VOOC 4.0 တို့ကို အသုံးပြုထားပါတယ်။ Reno S မှာတော့ Flagship ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ Snapdragon 855+ ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena