[Zawgyi]

OPPO ရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းအသစ္ျဖစ္တဲ့ OPPO Reno ကို ဧျပီလ (၁၉)ရက္ေန႔ဆိုရင္ တရုတ္ႏိုင္ငံမွာေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ Ram 6/256 GB ဗားရွင္း (ျမန္မာေငြ ၇သိန္း ၅ေသာင္းခန္႔) နဲ႔ ပိုမ်ားတဲ့ 8/256GB ဗားရွင္း ( ျမန္မာေငြ ၈သိန္းေက်ာ္ခန္႔)ေတြကို OPPO ရဲ႕ တရားဝင္ Website မွာ ၾကိဳတင္မွာယူႏိုင္ျပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း အနိမ့္ဆံုးဗားရွင္းျဖစ္တဲ့ RAM 6/128 အမ်ိဳးအစားကိုေတာ့ ေဖာ္ျပထားျခင္းမရွိေသးေပးမယ့္လည္း ခန္႔မွန္းေျခ ျမန္မာေငြက်ပ္ ၆သိန္း ၈ေသာင္းဝန္းက်င္ေလာက္ရွိမယ္လို႔ ယူဆပါတယ္။ (၁၉)ရက္ေနမွာေတာ့ တရုတ္ႏိုင္ငံမွာ ပထမဆံုး တရားဝင္ေရာင္းခ်ေတာ့မွာျဖစ္လို႔ ဒီေစ်းေတြအတိုင္းပဲ ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဥေရာပမွာေရာင္းခ်မယ့္ရက္ကိုေတာ့ ခုခ်ိန္ထိ OPPO ကထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။ထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ ဒီ စမတ္ဖုန္းအသစ္ Reno ကို လာမယ့္ ဧျပီလ (၂၄)ရက္ေန႔ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ျမိဳ႕မွာ စတင္ေရာင္းခ်မယ္လို႔ ၾကားေနရပါတယ္။ေစ်းႏွဳန္းအေနနဲ႔ကေတာ့ အနိမ့္ဆံုးဗားရွင္းအတြက္ ယူရို (၅၀၀) (ျမန္မာေငြ ၈သိန္းခြဲဝန္းက်င္)ခန္႔ ရွိမယ္လို႔ခန္႔မွန္းထားၾကပါတယ္။

ဒါ့အျ့ပင္ ဒီဖုန္းမွာ ျမင္ကြင္း ၁၀ဆထိ ဆြဲႏိုင္မယ့္ OPPO Reno 10x zoom ဆိုတဲ့ ဗားရွင္းတစ္မ်ိဳးလည္းလာဖို႔ ရွိေနျပီး သူ႔ရဲ႕တိက်တဲ့အခ်က္အလက္ေတြကိုေတာ့ OPPO ကထုတ္ျပန္ထားခ်င္းမရွိေသးပါဘူး။သူ႔ရဲ႕ေစ်းကိုေတာ့ ျမန္မာေငြ ၁၃သိန္းေက်ာ္ရွိမယ္လို႔ ခန္႔မွန္းထားၾကျပီး ေမလအလယ္ေလာက္ဆို တရုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။တစ္ကမၻာလံုးကိုျဖန္႔ခ်ိမယ့္ ရက္နဲ႔ အေသးစိတ္ကိုေတာ့ မၾကာခင္ ဇူးရစ္ျမိဳ႕မွာျပဳလုပ္မယ့္ပြဲမွာ ထုတ္ေဖာ္ေျပာျပလို႔လည္း ေမွ်ာ္လင့္ရပါတယ္။ဒါ့အျပင္ OPPO Reno ရဲ႕ 5G ဗားရွင္းကို ပြဲမွာျမင္ေတြ႔ရဖြယ္ရွိေနတာေၾကာင့္ ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ရဦးမွာျဖစ္ပါတယ္။

Source : Gsmarena

[Unicode]

OPPO ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO Reno ကို ဧပြီလ (၁၉)ရက်နေ့ဆိုရင် တရုတ်နိုင်ငံမှာရောင်းချတော့မှာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Ram 6/256 GB ဗားရှင်း (မြန်မာငွေ ၇သိန်း ၅သောင်းခန့်) နဲ့ ပိုများတဲ့ 8/256GB ဗားရှင်း ( မြန်မာငွေ ၈သိန်းကျော်ခန့်)တွေကို OPPO ရဲ့ တရားဝင် Website မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနိမ့်ဆုံးဗားရှင်းဖြစ်တဲ့ RAM 6/128 အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမရှိသေးပေးမယ့်လည်း ခန့်မှန်းခြေ မြန်မာငွေကျပ် ၆သိန်း ၈သောင်းဝန်းကျင်လောက်ရှိမယ်လို့ ယူဆပါတယ်။ (၁၉)ရက်နေမှာတော့ တရုတ်နိုင်ငံမှာ ပထမဆုံး တရားဝင်ရောင်းချတော့မှာဖြစ်လို့ ဒီဈေးတွေအတိုင်းပဲ ထွက်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဥရောပမှာရောင်းချမယ့်ရက်ကိုတော့ ခုချိန်ထိ OPPO ကထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဒီ စမတ်ဖုန်းအသစ် Reno ကို လာမယ့် ဧပြီလ (၂၄)ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ စတင်ရောင်းချမယ်လို့ ကြားနေရပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ အနိမ့်ဆုံးဗားရှင်းအတွက် ယူရို (၅၀၀) (မြန်မာငွေ ၈သိန်းခွဲဝန်းကျင်)ခန့် ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။

ဒါ့အြ့ပင် ဒီဖုန်းမှာ မြင်ကွင်း ၁၀ဆထိ ဆွဲနိုင်မယ့် OPPO Reno 10x zoom ဆိုတဲ့ ဗားရှင်းတစ်မျိုးလည်းလာဖို့ ရှိနေပြီး သူ့ရဲ့တိကျတဲ့အချက်အလက်တွေကိုတော့ OPPO ကထုတ်ပြန်ထားချင်းမရှိသေးပါဘူး။သူ့ရဲ့ဈေးကိုတော့ မြန်မာငွေ ၁၃သိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားကြပြီး မေလအလယ်လောက်ဆို တရုတ်နိုင်ငံမှာ စတင်ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။တစ်ကမ္ဘာလုံးကိုဖြန့်ချိမယ့် ရက်နဲ့ အသေးစိတ်ကိုတော့ မကြာခင် ဇူးရစ်မြို့မှာပြုလုပ်မယ့်ပွဲမှာ ထုတ်ဖော်ပြောပြလို့လည်း မျှော်လင့်ရပါတယ်။ဒါ့အပြင် OPPO Reno ရဲ့ 5G ဗားရှင်းကို ပွဲမှာမြင်တွေ့ရဖွယ်ရှိနေတာကြောင့် ရင်ခုန်စွာနဲ့ စောင့်မျှော်ရဦးမှာဖြစ်ပါတယ်။

Source : Gsmarena