[Zawgyi]

OPPO Reno Z နဲ႔ပတ္သက္တဲ့ ေပါက္ၾကားမႈေတြက သိပ္ၿပီး အမ်ားႀကီးမျဖစ္ခဲ့ပါဘူး။ ေမလ ဒုတိယပတ္တုန္းက Render နဲ႔ ေဈးႏႈန္းေပါက္ၾကားခဲ့တာကလြဲရင္ OPPO Reno Z အေၾကာင္း မီဒီယာေတြမွာလည္း သိပ္ၿပီး မ်ားမ်ားစားစား ေျပာဆိုၾကျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ OPPO ကေတာ့ Reno လိုင္းထဲက စတုတၳေျမာက္ အဖြဲ႕ဝင္ကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

Reno Z ဟာ အသုံးျပဳထားတဲ့ အစိတ္အပိုင္းေတြက အျမင့္စားႀကီးေတြမဟုတ္ေပမယ့္ ေဈးႏႈန္းအားျဖင့္ ဝယ္ေပ်ာ္ၿပီး ေခတ္နဲ႔ေလ်ာ္ညီတဲ့ စြမ္းေဆာင္ရည္ကို ျပန္လည္ရရွိႏိုင္တဲ့ စမတ္ဖုန္းတစ္လုံးလို႔ဆိုရမွာပါ။ 6.4-inch AMOLED မ်က္ႏွာျပင္ဟာ FHD+ resolution နဲ႔ျဖစ္ၿပီး Waterdrop Notch ေလးတစ္ခုလည္း ပါဝင္ပါေသးတယ္။

Reno Z ရဲ႕ မ်က္ႏွာျပင္ဟာ HDR 10 ကို ေထာက္ပံ့ေပးႏိုင္ၿပီး Fingerprint Scanner ကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။ Notch ထဲက Selfie ကင္မရာကေတာ့ 32MP ျဖစ္သလို ေက်ာဘက္မွာလည္း Sony IMX586 sensor နဲ႔ 48MP ကင္မရာကို 5MP depth sensor ကင္မရာ တစ္လုံးနဲ႔ တြဲဖက္ေပးထားပါေသးတယ္။

OPPO Reno Z မွာ အသုံးျပဳထားတာကေတာ့ MediaTek Helio P90 chipset ျဖစ္ပါတယ္။ 6GB of RAM နဲ႔ 256GB Storage ကိုလည္း တြဲဖက္ေပးထားသလို 8GB of RAM နဲ႔ ပမာဏတစ္ဝက္ေလွ်ာ့ခ်ထားတဲ့ 128GB Storage အမ်ိဳးအစားကိုလည္း ရႏိုင္ပါေသးတယ္။ ေမာင္းႏွင္ထားတာကေတာ့ Android 9 Pie အေျခခံ ColorOS 6 ပဲ ျဖစ္ပါတယ္။

Reno Z ရဲ႕ ဘက္ထရီပမာဏကေတာ့ 4,035mAh ျဖစ္ၿပီး 20W VOOC 3.0 အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ အသံပိုင္းဆိုင္ရာအတြက္ NFC နဲ႔ Dolby Atoms ကို ေထာက္ပံ့ေပးထားတာေၾကာင့္ ရွင္းလင္းၾကည္လင္ၿပီး နားဝင္ေကာင္းတဲ့ အသံပိုင္းဆိုင္ရာကို ၾကားရမွာ ျဖစ္ပါတယ္။

Oppo Reno Z ကို Night Black, Star Purple, Bead White နဲ႔ Coral Orange ဆိုၿပီး အေရာင္ ေလးမ်ိဳးနဲ႔ ထုတ္လုပ္ေရာင္းခ်တာ ျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ CNY 2,499 ($362) ျမန္မာေငြ ၅သိန္း ၅ေသာင္းခြဲဝန္းက်င္ က်သင့္မွာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံတြင္း တရားဝင္ေရာင္းခ်မယ့္ရက္ကေတာ့ လာမယ့္ ဇြန္လ ၆ ရက္ေန႔အျဖစ္ သတ္မွတ္ထားေၾကာင္းလည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Helio P90, Waterdrop Notch တွေနဲ့ ပွဲထွက်လာတဲ့ OPPO Reno Z

OPPO Reno Z နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေက သိပ်ပြီး အများကြီးမဖြစ်ခဲ့ပါဘူး။ မေလ ဒုတိယပတ်တုန်းက Render နဲ့ ဈေးနှုန်းပေါက်ကြားခဲ့တာကလွဲရင် OPPO Reno Z အကြောင်း မီဒီယာတွေမှာလည်း သိပ်ပြီး များများစားစား ပြောဆိုကြခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် OPPO ကတော့ Reno လိုင်းထဲက စတုတ္ထမြောက် အဖွဲ့ဝင်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Reno Z ဟာ အသုံးပြုထားတဲ့ အစိတ်အပိုင်းတွေက အမြင့်စားကြီးတွေမဟုတ်ပေမယ့် ဈေးနှုန်းအားဖြင့် ဝယ်ပျော်ပြီး ခေတ်နဲ့လျော်ညီတဲ့ စွမ်းဆောင်ရည်ကို ပြန်လည်ရရှိနိုင်တဲ့ စမတ်ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ 6.4-inch AMOLED မျက်နှာပြင်ဟာ FHD+ resolution နဲ့ဖြစ်ပြီး Waterdrop Notch လေးတစ်ခုလည်း ပါဝင်ပါသေးတယ်။

Reno Z ရဲ့ မျက်နှာပြင်ဟာ HDR 10 ကို ထောက်ပံ့ပေးနိုင်ပြီး Fingerprint Scanner ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Notch ထဲက Selfie ကင်မရာကတော့ 32MP ဖြစ်သလို ကျောဘက်မှာလည်း Sony IMX586 sensor နဲ့ 48MP ကင်မရာကို 5MP depth sensor ကင်မရာ တစ်လုံးနဲ့ တွဲဖက်ပေးထားပါသေးတယ်။

OPPO Reno Z မှာ အသုံးပြုထားတာကတော့ MediaTek Helio P90 chipset ဖြစ်ပါတယ်။ 6GB of RAM နဲ့ 256GB Storage ကိုလည်း တွဲဖက်ပေးထားသလို 8GB of RAM နဲ့ ပမာဏတစ်ဝက်လျှော့ချထားတဲ့ 128GB Storage အမျိုးအစားကိုလည်း ရနိုင်ပါသေးတယ်။ မောင်းနှင်ထားတာကတော့ Android 9 Pie အခြေခံ ColorOS 6 ပဲ ဖြစ်ပါတယ်။

Reno Z ရဲ့ ဘက်ထရီပမာဏကတော့ 4,035mAh ဖြစ်ပြီး 20W VOOC 3.0 အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ အသံပိုင်းဆိုင်ရာအတွက် NFC နဲ့ Dolby Atoms ကို ထောက်ပံ့ပေးထားတာကြောင့် ရှင်းလင်းကြည်လင်ပြီး နားဝင်ကောင်းတဲ့ အသံပိုင်းဆိုင်ရာကို ကြားရမှာ ဖြစ်ပါတယ်။

Oppo Reno Z ကို Night Black, Star Purple, Bead White နဲ့ Coral Orange ဆိုပြီး အရောင် လေးမျိုးနဲ့ ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ CNY 2,499 ($362) မြန်မာငွေ ၅သိန်း ၅သောင်းခွဲဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း တရားဝင်ရောင်းချမယ့်ရက်ကတော့ လာမယ့် ဇွန်လ ၆ ရက်နေ့အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

Ref: GSMArena