OPPO က Reno 12 နဲ့ 12 Pro ကို ကြေညာလိုက်ပြီး လေးဘက်လေးတန် ကွေးညွှတ်တဲ့ Display ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။

OPPO Reno 12 နဲ့ 12 Pro မှာ 6.7” OLED 1080x2412p Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Gorilla Glass နဲ့ ကာကွယ်ထားပြီး IP65 စံနှုန်း ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 80W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး OPPO က 1,000 Charge Cycle ပြီးနောက်မှာ Battery Capacity ဟာ ၉၅ ရာခိုင်နှုန်းကျန်တယ်လို့ ပြောပါတယ်။

ကင်မရာ အပိုင်းမှာ ဖုန်း ၂ လုံးဟာ ကွာခြားပါတယ်။ Pro မှာ 50MP Main (IMX890, 1/1.56”) , 50MP 2x Telephoto နဲ့ 8MP Ultrawide ကင်မရာတွေ ပါပါတယ်။ ရိုးရိုး မော်ဒယ်မှာ 50MP Main (LYT600, 1/1.95”), 50MP 2x Telephoto နဲ့ 8MP Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ ဆဲလ်ဖီး ကင်မရာက 50MP ကင်မရာ ပါ။

ရိုးရိုးမော်ဒယ်မှာ Dimensity 8250 ပါလာပြီး Pro မှာ Dimensity 9200+ Chipset ထည့်သွင်းထားပါတယ်။ ၂၀၂၄ ခုနှစ်ဟာ AI နှစ် ဖြစ်တဲ့အတွက် OPPO က ကင်မရာ App မှာ AI Feature တွေ ထည့်သွင်းထားပါတယ်။ ဓါတ်ပုံရိုက်တဲ့အချိန်မှာ မျက်တောင်ခတ်မိတာကို ပြင်ဆင်နိုင်ပြီး ဓါတ်ပုံထဲမှာ လမ်းဖြတ်လျှောက်နေတဲ့ လူတွေကို ဖယ်ရှားနိုင်ပါတယ်။

Reno 12 အတွက် Millennium Silver, Soft Peach , Ebony Black နဲ့ Reno 12 Pro အတွက်  Silver Fantasy Purple, Champagne Gold , Ebony Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena