OPPO က ပြီးခဲ့တဲ့လက MediaTek Dimensity 6300 Chipset , 120Hz OLED Display နဲ့ 50MP Main ကင်မရာ ပါတဲ့ စွမ်းရည်သင့် Reno 12 F 5G ကို ကြေညာခဲ့ပါတယ်။ အခုတော့ Reno 12 F Version အသစ်ကို ကြေညာလိုက်ပြီး Qualcomm Snapdragon 685 Chipset ထည့်သွင်းထားပါတယ်။

Oppo Reno12 F 4G listed with Snapdragon 685 chipset and 8GB RAM

4G Version ဟာ 5G Version နဲ့ တူညီပေမယ့် Amber Orange , Olive Green အပြင် Matte Grey အရောင် အသစ် ပါလာပါတယ်။ Specs အကြောင်းပြောရရင် Reno 12 F 4G မှာ 8GB RAM နဲ့ 256/512GB Storage ထည့်သွင်းထားပါတယ်။

Oppo Reno12 F 4G listed with Snapdragon 685 chipset and 8GB RAM

ကျန်တဲ့ Specs အားလုံးဟာ ဖုန်း ၂ လုံးမှာ တူညီကြပါတယ်။ 6.7” OLED Display တပ်ဆင်ထားပြီး 50MP+8MP+2MP အနောက်ကင်မရာတွေ ပါလာပါတယ်။ 45W SuperVOOC Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး ColorOS 14.0.1 မောင်းနှင်ထားပါတယ်။ AI Recording Summary, AI Summary for text, AI Writer နဲ့ AI Speak ပါတဲ့ OPPO AI Suite ထည့်သွင်းထားပါတယ်။

OPPO က Reno 12 F 4G ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena