[Zawgyi]

OPPO ဟာ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက Reno2 စမတ္ဖုန္း သုံးမ်ိဳးကို ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။ အဲဒါေတြကေတာ့ OPPO Reno2, Reno2 Z နဲ႔ Reno2 F တို႔ပဲ ျဖစ္ၾကပါတယ္။ ဒီ Reno2 သုံးမ်ိဳးစလုံးဟာ ေက်ာဘက္မွာ ကင္မရာ ၄ လုံးစီ တပ္ဆင္ထားၾကတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ TENAA မွာေတြ႕ျမင္ရတဲ့သတင္းအခ်က္အလက္ေၾကာင့္ OPPO ဟာ ေနာက္ထပ္ Flagship သစ္တစ္ခုကို ထပ္ၿပီး မိတ္ဆက္ဖို႔ လႈပ္ရွားေနေၾကာင္း သိလိုက္ရပါတယ္။ Flagship သစ္မဟုတ္ဘူးဆိုရင္ေတာင္ အနည္းဆုံးေတာ့ 5G ေမာ္ဒယ္လို႔ ဆိုႏိုင္ပါတယ္။

မူလ OPPO Reno 5G ဟာ Qualcomm X50 5G modem နဲ႔ 10x zoom တို႔ေပါင္းစပ္ထားပါတယ္။ အခု TENAA မွာေတြ႕ျမင္ရတဲ့ အခ်က္အလက္အရ Reno2 5G ဟာ ေက်ာဘက္မွာ ကင္မရာေလးလုံး တပ္ဆင္ထားပါတယ္။ ဒီအထဲကမွ တတိယေျမာက္အလုံးဟာ Periscope module ျဖစ္တာကို ေတြ႕ရပါတယ္။ TENAA က အခုထိ Specs အျပည့္အစုံကို မေဖာ္ျပေသးတဲ့အတြက္ ကင္မရာေတြအေၾကာင္းကိုေတာ့ ေသခ်ာေျပာလို႔မရေသးပါဘူး။

စတုတၳေျမာက္ကင္မရာအတြက္လည္း ရွင္းလင္းတဲ့ အခ်က္အလက္ေတြ မသိရေသးပါဘူး။ အျခား Reno2 ေမာ္ဒယ္ေတြကိုျပန္ၾကည့္ၿပီး ဆက္စပ္ခန႔္မွန္းၾကည့္မယ္ဆိုရင္ေတာ့ ဒါဟာ Portrait mode ႐ိုက္ကူးမႈအတြက္ Depth sensor ျဖစ္မယ္လို႔ ဆိုရပါလိမ့္မယ္။

5G ေမာ္ဒယ္ဟာ 6.6-inch အ႐ြယ္အစားမ်က္ႏွာျပင္နဲ႔ျဖစ္တာေၾကာင့္ အျခားေမာ္ဒယ္ေတြထက္ (မေျပာပေလာက္ေအာင္) ပိုႀကီးတယ္လို႔ ဆိုရပါမယ္။ ဒါေပမယ့္ Reno 10x zoom/Reno 5G တို႔နဲ႔ေတာ့ အ႐ြယ္အစားတူ ျဖစ္ပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,930 mAh ပမာဏပဲ ျဖစ္ပါတယ္။ က်န္တဲ့အေသးစိတ္အခ်က္အလက္ေတြနဲ႔ ေၾကညာမယ့္ရက္ကိုသိဖို႔ေတာ့ ဆက္လက္ေစာင့္ဆိုင္းရဦးဖြယ္ ရွိပါတယ္။

Ref: GSM Arena

[Unicode]

OPPO Reno2 5G အမျိုးအစားကို TENAA ပေါ်မှာ တွေ့မြင်လာရ

OPPO ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Reno2 စမတ်ဖုန်း သုံးမျိုးကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အဲဒါတွေကတော့ OPPO Reno2, Reno2 Z နဲ့ Reno2 F တို့ပဲ ဖြစ်ကြပါတယ်။ ဒီ Reno2 သုံးမျိုးစလုံးဟာ ကျောဘက်မှာ ကင်မရာ ၄ လုံးစီ တပ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် TENAA မှာတွေ့မြင်ရတဲ့သတင်းအချက်အလက်ကြောင့် OPPO ဟာ နောက်ထပ် Flagship သစ်တစ်ခုကို ထပ်ပြီး မိတ်ဆက်ဖို့ လှုပ်ရှားနေကြောင်း သိလိုက်ရပါတယ်။ Flagship သစ်မဟုတ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ 5G မော်ဒယ်လို့ ဆိုနိုင်ပါတယ်။

မူလ OPPO Reno 5G ဟာ Qualcomm X50 5G modem နဲ့ 10x zoom တို့ပေါင်းစပ်ထားပါတယ်။ အခု TENAA မှာတွေ့မြင်ရတဲ့ အချက်အလက်အရ Reno2 5G ဟာ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။ ဒီအထဲကမှ တတိယမြောက်အလုံးဟာ Periscope module ဖြစ်တာကို တွေ့ရပါတယ်။ TENAA က အခုထိ Specs အပြည့်အစုံကို မဖော်ပြသေးတဲ့အတွက် ကင်မရာတွေအကြောင်းကိုတော့ သေချာပြောလို့မရသေးပါဘူး။

စတုတ္ထမြောက်ကင်မရာအတွက်လည်း ရှင်းလင်းတဲ့ အချက်အလက်တွေ မသိရသေးပါဘူး။ အခြား Reno2 မော်ဒယ်တွေကိုပြန်ကြည့်ပြီး ဆက်စပ်ခန့်မှန်းကြည့်မယ်ဆိုရင်တော့ ဒါဟာ Portrait mode ရိုက်ကူးမှုအတွက် Depth sensor ဖြစ်မယ်လို့ ဆိုရပါလိမ့်မယ်။

5G မော်ဒယ်ဟာ 6.6-inch အရွယ်အစားမျက်နှာပြင်နဲ့ဖြစ်တာကြောင့် အခြားမော်ဒယ်တွေထက် (မပြောပလောက်အောင်) ပိုကြီးတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် Reno 10x zoom/Reno 5G တို့နဲ့တော့ အရွယ်အစားတူ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 3,930 mAh ပမာဏပဲ ဖြစ်ပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေနဲ့ ကြေညာမယ့်ရက်ကိုသိဖို့တော့ ဆက်လက်စောင့်ဆိုင်းရဦးဖွယ် ရှိပါတယ်။

Ref: GSM Arena