[Zawgyi]

OPPO က တရုတ္မွာ Reno 2 ကို ဒီလ ၁၀ ရက္ေန႔က ေၾကညာခဲ့ပါတယ္။ အခုေတာ့ ယြမ္ ၂,၉၉၉ နဲ႔ ေရာင္းခ်ေပးလိုက္ၿပီး ျမန္မာေငြ ၆၄၀,၀၀၀ ေလာက္ရွိပါတယ္။ OPPO Reno 2 မွာ ၆.၅ လက္မ AMOLED Display ထည့္သြင္းထားၿပီး Notch မပါပါဘူး။ Full HD+ Resolution ျဖစ္ပါတယ္။ Screen-to-body Ratio က ၉၃.၁ ရာခုိင္ႏႈန္းပါ။ Octa-core Snapdragon 730G ေမာင္းႏွင္ထားၿပီး 8GB RAM ပါပါတယ္။

Storage က 128GB ျဖစ္ၿပီး Android 9 Pie အေျချပဳ ColorOS 6.0.1 ေမာင္းႏွင္ထားပါတယ္။ microSD Card စိုက္ႏုိင္ၿပီး ဂိမ္းကစားရင္ လန္းေစမယ့္ Game Boost 2.0 ပါလာပါတယ္။ အေနာက္ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး 48MP,13MP Telephoto , 8MP Ultrawide နဲ႔ 2MP Depth Sensor ေတြ ထည့္သြင္းထားပါတယ္။ အေနာက္ကင္မရာေတြက 20x Digital Zoom , 5x Hybrid Zoom နဲ႔ 3x Optical Zoom ေတြကို ေထာက္ပံ့ပါတယ္။ 16MP ငါးမန္းေတာင္ ဆဲလ္ဖီး ကင္မရာ တပ္ဆင္ထားပါတယ္။

OPPO Reno 2 မွာ VOOC 3.0 Fast Charging ပါတဲ့ 4,000mAh Battery ထည့္သြင္းထားပါတယ္။ Dual 4G VoLTE, Wi-Fi 802.11ac, Bluetooth, GPS, NFC, USB-C နဲ႔ 3.5mm Audio Jack ေတြ ပါပါတယ္။ အိႏၵိယမွာေတာ့ ရူပီး ၃၆,၉၉၀ နဲ႔ ေရာင္းေပးေနၿပီး ျမန္မာေငြ ၈၀၀,၀၀၀ ေလာက္ရွိပါတယ္။ အိႏၵိယမွာ ေရာင္းေနတဲ့ ေမာ္ဒယ္မွာ 8GB RAM နဲ႔ 256GB Storage ေတြ ပါပါတယ္။ Heart of the Sea 9 (Blue), Deep Sea Night Black နဲ႔ Mist Pink အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

OPPO Reno 2 မိတ္ဆက္ပြဲမွာ ကုမၸဏီက ေအာက္တိုဘာလမွာ စြမ္းရည္ျမင့္ OPPO Reno Ace ကို ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။ Reno Ace မွာ Snapdragon 855+ နဲ႔ 90Hz Display ပါလာႏုိင္ပါတယ္။ Fast Charging နည္းပညာကလည္း ပိုလန္းလာမွာပါ။

Ref : gizmochina

[Unicode]

OPPO Reno 2 ကို တရုတ်မှာ ရောင်းပေးလိုက်ပြီ

OPPO က တရုတ်မှာ Reno 2 ကို ဒီလ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ အခုတော့ ယွမ် ၂,၉၉၉ နဲ့ ရောင်းချပေးလိုက်ပြီး မြန်မာငွေ ၆၄၀,၀၀၀ လောက်ရှိပါတယ်။ OPPO Reno 2 မှာ ၆.၅ လက်မ AMOLED Display ထည့်သွင်းထားပြီး Notch မပါပါဘူး။ Full HD+ Resolution ဖြစ်ပါတယ်။ Screen-to-body Ratio က ၉၃.၁ ရာခိုင်နှုန်းပါ။ Octa-core Snapdragon 730G မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။

Storage က 128GB ဖြစ်ပြီး Android 9 Pie အခြေပြု ColorOS 6.0.1 မောင်းနှင်ထားပါတယ်။ microSD Card စိုက်နိုင်ပြီး ဂိမ်းကစားရင် လန်းစေမယ့် Game Boost 2.0 ပါလာပါတယ်။ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 48MP,13MP Telephoto , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာတွေက 20x Digital Zoom , 5x Hybrid Zoom နဲ့ 3x Optical Zoom တွေကို ထောက်ပံ့ပါတယ်။ 16MP ငါးမန်းတောင် ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

OPPO Reno 2 မှာ VOOC 3.0 Fast Charging ပါတဲ့ 4,000mAh Battery ထည့်သွင်းထားပါတယ်။ Dual 4G VoLTE, Wi-Fi 802.11ac, Bluetooth, GPS, NFC, USB-C နဲ့ 3.5mm Audio Jack တွေ ပါပါတယ်။ အိန္ဒိယမှာတော့ ရူပီး ၃၆,၉၉၀ နဲ့ ရောင်းပေးနေပြီး မြန်မာငွေ ၈၀၀,၀၀၀ လောက်ရှိပါတယ်။ အိန္ဒိယမှာ ရောင်းနေတဲ့ မော်ဒယ်မှာ 8GB RAM နဲ့ 256GB Storage တွေ ပါပါတယ်။ Heart of the Sea 9 (Blue), Deep Sea Night Black နဲ့ Mist Pink အရောင်တွေ ထုတ်လုပ်ထားပါတယ်။

OPPO Reno 2 မိတ်ဆက်ပွဲမှာ ကုမ္ပဏီက အောက်တိုဘာလမှာ စွမ်းရည်မြင့် OPPO Reno Ace ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ Reno Ace မှာ Snapdragon 855+ နဲ့ 90Hz Display ပါလာနိုင်ပါတယ်။ Fast Charging နည်းပညာကလည်း ပိုလန်းလာမှာပါ။

Ref : gizmochina