OPPO Reno3 A ကို အိန္ဒိယမှာ ကြေညာမယ်လို့ ဧပြီလတုန်းက သတင်းထွက်ခဲ့ပြီး အခုတော့ ဂျပန်မှာ ပထမဆုံး ကြေညာလိုက်ပါတယ်။ ၃၉,၈၀၀ ယန်း သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။ အရွယ်အစား အပြည့်အစုံမှာ 160.9 x 74.1 x 8.20mm ဖြစ်ပြီး အလေးချိန်မှာ ၁၇၅ ဂရမ် ဖြစ်ပါတယ်။ ၆.၄၄ လက်မ AMOLED Full HD+ မျက်နှာပြင် ပါလာပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ Screen-to-body Ratio က ၈၉.၉ ရာခိုင်နှုန်းရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မဆိုးပါဘူး။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide-angle , 2MP Depth နဲ့ 2MP Macro ကင်မရာတွေ နဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ပါပါတယ်။ Android 10 အခြေပြု ColorOS 7.1 မောင်းနှင်ထားပြီး 4,025mAh ဘက်ထရီ ပါပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

MicroSD Card Slot, Dual SIM Slot, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, NFC, USB-C နဲ့ 3.5mm Audio Jack ထည့်ထားပြီး IP68 စံနှုန်းရှိတဲ့အတွက် ဖုန်မဝင်အောင် ကာကွယ်ပေးသလို ရေစိုခံပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်ထားပြီး ဂျပန်မှာ ၂၅ ရက်နေ့ ရောင်းမှာပါ။ အနက်နဲ့ အဖြူရောင် ရွေးချယ်နိုင်ပါတယ်။

Ref : gizmochina